ဟန်မင်းဆက် (ဘီစီ ၂၀၆ - အေဒီ ၂၂၀) သည် တရုတ်သမိုင်းတွင် ပထမဦးဆုံးသော ချင်မင်းဆက် ပျက်သုဉ်းပြီးနောက် ပေါ်ပေါက် ကြီးစိုးခဲ့သည့် မင်းဆက်ဖြစ်သည်။ နှစ်ပေါင်း ၄၀၀ ကျော် ကြာမြင့်သည့် ဟန်မင်းဆက်ကို သာမန်လူတန်းစားဖြစ်သည့် လျိုပန်း(劉邦) က တည်ထောင်ခဲ့ကာ တရုတ်သမိုင်းတွင် အထွန်းကားဆုံး မင်းဆက်တစ်ဆက်အဖြစ် နောင်လာ နောက်သားများက မှတ်တမ်းတင်ခဲ့ကြသည်။ ခေါင်းပေါင်းဝါအရေးတော်ပုံ(Yellow Turban Rebellion)မှအစပြုကာ ပျက်သုဉ်းခဲ့သည်။ ယနေ့ထိတိုင် တရုတ်လူမျိုးကို ဟန်လူမျိုး၊ တရုတ်စာလုံးကို ဟန်စာလုံးဟု ပြောစမတ်ပြုလျက်ရှိသည်။

ဟန်မင်းဆက်
漢朝
Han၏ တည်နေရာ
လက်ရှိအခြေအနေအင်ပါယာ
မြို့တော်ချန်အန်း
(206 BCE–9 CE, 190–195 CE)

လျိုယန်း
(25–190 CE, 196 CE)

ကျူးချန်း
(196–220 CE)
ကိုးကွယ်မှုတာအိုဘာသာကွန်ဖြူးရှပ်ဝါဒရိုးရာကိုးကွယ်မှု
အစိုးရဧကရာဇ်စနစ်
ငွေကြေးဝူကျူး (五銖) ဒင်္ဂါး