ဟိုက်ပါ ဧရာမကြယ် (Hypergiant) ဆိုသည်မှာ အင်မတန်ရှားပါးသော ဧရာမ ကြယ်အမျိုးအစားတခုဖြစ်ပြီး ယင်းကြယ်တို့၏ ဒြပ်ထု၊ အရွယ်အစား၊ တောက်ပမှုတို့သည် အလွန်ကြီးမားကြသည်။ သို့သော် နက္ခတ္တဗေဒဆိုင်ရာ ပုံနှိပ်စာအုပ်များတွင်မူ ဟိုက်ပါ ဧရာမကြယ်ဟူသော အသုံးနှုန်းကို သုံးလေ့သုံးထ သိပ်မရှိဘဲ ယင်းကြယ်တို့၏ရောင်စဉ် ခွဲခြားသတ်မှတ်ချက်များအရ ဟိုက်ပါ ဧရာမကြယ်ဝါ (Yellow hypergiant)၊ ဆူပါ ဧရာမကြယ်နီ (Red supergiant)၊ ဟိုက်ပါ ဧရာမကြယ်ပြာ အစရှိသည်ဖြင့် သုံးနှုန်းကြလေ့ရှိသည်။ ယင်းကြယ်တို့၏ ကြယ်ဖွဲ့စည်းပုံ၊ ဆင်းကဲ့ပြောင်းလဲမှုဖြစ်စဉ်၊ ဆူပါနိုဗာပေါက်ကွဲမှုများကို လေ့လာရန်အတွက် နက္ခတ္တဗေဒပညာရှင်များက စိတ်ဝင်စားကြလေ့ရှိသည်။

ကိုးကား ပြင်ဆင်ရန်