ဟိုမိုဒေးယက်စ် - အနာဂါတ်၏ သမိုင်းအကျဉ်း


ဟိုမိုဒေးယက်စ် - အနာဂတ်၏ သမိုင်းအကျဉ်း (Hebrew: ההיסטוריה של המחר) သည် ဂျေရုစလင်မြို့ ဟီဘရူးတက္ကသိုလ် ပါမောက္ခ ၊ အစ္စရေးစာရေးဆရာ Yuval Noah Harari ကရေးသားထားသော စာအုပ်ဖြစ်သည်။ ပထမဆုံး ဟီဘရူးဘာသာဖြင့် Dvir ပုံနှိပ်တိုက်မှ ၂၀၁၅ တွင် ထုတ်ဝေပြီး အင်္ဂလိပ်ဘာသာဗားရှင်းကို ၂၀၁၆ စက်တင်ဘာတွင် ယူကေ၌လည်းကောင်း ၊ ၂၀၁၇ ဖေဖော်ဝါရီတွင် ယူအက်စ်၌လည်းကောင်း ရိုက်နှိပ်သည်။

Homo Deus: A Brief History of Tomorrow
စာရေးသူYuval Noah Harari
နိုင်ငံIsrael
ဘာသာစကားအင်္ဂလိပ်
ဟီဘရူး (original)
ပြင်သစ် (September 2017)
တရုတ်
ဂျာမန်
ဒတ်ချ်
ဒေးနစ်ရှ်
ပေါ်တူဂီးစ်
ပေါလစ်ရှ်-ပိုလန်ဘာသာစကား
ထုတ်ဝေသူHarvill Secker
ISBN978-191-070-187-4


ဤစာအုပ်မတိုင်မီ ထွက်ရှိထားသည့် ဟိုမိုဆေးပီးယန်း (လူသားသမိုင်းအကျဉ်း) ကဲ့သို့ပင် သမိုင်းစစ်တမ်းများနှင့် စပ်လျဉ်းသော ကိုယ့်ကျင့်တရားဆိုင်ရာကိစ္စရပ်များနှင့်တကွ ဖြစ်ရပ်များ၊ လူသား အတွေ့အကြုံ တခုချင်းစီကို ဖော်ပြခြင်းအားဖြင့်. Harari က သမိုင်းကြောင်းကို ပြန်ပြောင်းပြောပြခြင်းဖြစ်သည်။ သို့သော် ဟိုမိုဒေးယက်စ်စာအုပ်က လူသားများ (ဟိုမိုဆေးပီးယန်းစ်) အနေဖြင့် ၎င်းတို့ဖြစ်တည်လာမှုတလျောက် ရယူလာနိုင်သည့် စွမ်းဆောင်နိုင်မှုများ နှင့် ကမ္ဘာမြေပေါ်၌ ကြီးစိုးလွှမ်းမိုးနိုင်ဆုံးမျိုးစိတ်အဖြစ် ဆင့်ကဲ တိုးတက်လာမှု အကြောင်းအား ပို၍ကိုင်တွယ်ရေးသားထားသည်။ လူသားမျိုးနွယ်၏ လက်ရှိ စွမ်းဆာင်နိုင်မှုများ ၊ အောင်မြင်မှုများကိုလည်းကောင်း အနာဂတ်ပုံရိပ်လွှာကို ဤစာအုပ်က ဖော်ပြထားသည်။ လူသားတို့၏ အတွေ့အကြုံများ ၊ ပုဂ္ဂလဝါဒ ၊ လူ့ခံစားချက်များနှင့် အသိစိတ် စသည့် တွေးခေါ်ဆင်ခြင်မှုဆိုင်ရာ အရေးကိစ္စ များစွာကို ဆွေးနွေးထားသည်။