မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဒါတွတ်ဟူစိန်ဗင်းအုန်းကို ၁၉၂⁠၂ခုနှစ်ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် မလေးရှားပြည် ဂျိုဟိုးဘာရူးအရပ်၌ ဖွားမြင်၍ ယူနိုက်တက်မလေးအမျိုးသားအသင်းကြီး(ယူအမ်အင်အို)၏ နာယကနှင့် တည်ထောင်သူ ဖခင် ဒါတွတ်အုန်းဘင်းဂျအာဖား၏ သားကြီးဩရသဖြစ်သည်။ ကောလိပ်ပညာကို ဇာတိအရပ်ရှိ အင်္ဂလန်ကောလိပ် တွင် ဆည်းပူးပြီး နောက် ၁၉၄၀ ပြည့်နှစ်တွင် တပ်မတော်သို့ ဗိုလ်လောင်းအဖြစ် ဝင်ရောက်အမှုထမ်းသည်။ ထိုမှ ၁၉၄၁-ခု နှစ် စောစောပိုင်း၌ အိန္ဒိယပြည် ဒါရာဒွန်ရှိ စစ်အကယ်ဒမီသို့ သွားရောက်သင်ကြားရသည်။ ထိုအတွင်း မလေးရှားပြည်မှာ ဂျပန်တို့လက်သို့ ရောက်သွားသော်လည်း အုန်းက စစ်ပညာသင်တန်းပြီးအောင်ဆက်လက် ဆည်းပူးသဖြင့် ၁၉၄၂-ခုနှစ်တွင် အိန္ဒိယတပ်မတော်၌ ဗိုလ်တစ်ဦးဖြစ်လာကာ အီဂျစ်၊ ဆီးရီးယား၊ ပယ်လက်စတိုင်းပါးရှား(အီရန်)၊ အီရတ်နှင့် အိန္ဒိယပြည်များ တွင် တပ်နှင့်တွဲ၍ စစ်မှုထမ်းခဲ့သည်။

နိုင်ငံရပ်ခြား၌ စစ်မှုထမ်းခြင်း အမှုများပြီးဆုံးသောအခါ မစ္စတာ အုန်းသည် အိန္ဒိယနိုင်ငံ ပြန်လာ၍နယူးဒေလီရှိ အိန္ဒိယစစ်ဌာန ချုပ်တွင် ပြန်လည်ရောက်ရှိကာ မြို့ပြရေးရာ (မလေးရှား) ဌာန ခွဲ၌ တာဝန်ဝတ္တ ရား ဆောင်ရွက်ရသည်။ ထို့နောက် သူသည် ရာဝါပင်ဒီမြို့ရှိ မလေးရှားရဲစုဆောင်းရေးနှင့် လေ့ကျင့်ရေး ဌာနတွင် သင်တန်းဆရာတစ်ဦးဖြစ်လာပြီးလျှင် မလေးရှားပြည်သို့ ဗြိတိသျှလွတ်မြောက်ရေး တပ်ဖွဲ့များနှင့်အတူ ပြန်ရောက် ခဲ့သည်။

မလေးရှားပြည်၌ ဟူစိန်အုန်းကို ဗြိတိသျှ စစ်အုပ်ချုပ်ရေး ဌာန၌ ထားလျက် ဂျိုဟိုဘာရူး ရဲအဖွဲ့ရုံး တွင် ရဲတပ်အုပ်ဗိုလ် ခန့်ထားသည်။ ထို့နောက် ဂျိုးဟိုနယ်ဆီဂါမတ်တွင် အကူ အုပ်ချုပ်ရေးအရာရှိ ဖြစ်လာသည်။

ထို့နောက်တွင် မစ္စတာအုန်းသည် မလေးအုပ်ချုပ်ရေး ဝန်ထမ်း ဌာနတွင် ကွာလာဆီ လောင်ဂေါနှင့်ကလန်ခရိုင်ရုံးများ၌ အမှု ထမ်းရွက်ခဲ့ရသည်။ မကြာမီ ဟူစိန်အုန်းသည် အလုပ်ထွက်၍ နိုင်ငံရေးစတင် လုပ်ကိုင်သည်။ ယူအမ်အင်အိုအဖွဲ့ချုပ်၏ လူငယ်ခေါင်းဆောင်နှင့် အတွင်းရေးမှူးအဖြစ်အပြင် ပြည် ထောင်စုဥပဒေ ပြုကောင်စီ ဂျိုဟိုပြည်နယ်ကောင်စီနှင့် ဂျိုဟိုပြည်နယ် အလုပ်အမှုဆောင် ကောင်စီတို့တွင်လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။

မလေးရားတွင် ဗြိတိသျှတို့က တရုတ်ကွန်မြူနစ်သူပုန်ထ မှုကို အကြောင်းပြု၍ အရေးပေါ်အခြေအ နေကြေညာချက် ထုတ်ပြန်ထားရချိန်၌ ဟူစိန်အုန်းသည် ဂျိုဟိုပြည်နယ် ကန်ပို အစောင့်တပ်တွင် အရာရှိချုပ် ဖြစ်ရပြန်သည်။ ယင်းသို့ ဖြစ်နေ စဉ်အတွင်း၌ တပ်သားပေါင်း တစ်သောင်းကျော်ကို စုဆောင်း လေ့ကျင့်ပေးခဲ့ ၏။ ထိုနောက် အင်္ဂလန်ပြည် လင်ကွန်း တက္ကသိုလ်၌ ဥပဒေပညာကို သွားရောက်သင်ယူပြီးလျှင် ဝတ်လုံအ ဖြစ်ဖြင့် မိမိနိုင်ငံသို့ ပြန်လာ၍ ကွာလာလမ်ပူမြို့၌ ဝတ်လုံလိုက်နေလေသည်။

ဟူစိန်အုန်းသည် ၁၉၆၈ ခုနှစ်တွင် ယူအမ်အင်အို အသင်းသို့ ဝင်လိုက်သည်။ ဂျိုဟိုဘာရူးတီမော မဲဆန္ဒနယ်မှ အောက်လွှတ် တော်အမတ် အရွေးခံခဲ့ရ၏။ ထိုမှဝန်ကြီးချုပ်ရာမန် နုတ်ထွက်၍ တွန်အဗ္ဗဒူရာဇတ် ဝန်ကြီးချုပ်ဖြစ်လာစဉ် ၁၉၇၀ ပြည့်နှစ် စက် တင်ဘာလ ၂၃ ရက်တွင် ဟူစိန်အုန်းသည် ပညာရေးဝန်ကြီး ခန့်အပ်ခံရသည်။ ထို့နောက်တစ်ဖန် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဆောင်ရွက်ရသည်။

၁၉၇၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ဝန်ကြီးချုပ်ရာဇတ် သည် ရုတ်တရက် ကွယ်လွန်ရာ ဟူစိန်အုန်းသည် ဝန်ကြီးချုပ် ဖြစ်လာပြီး ကာကွယ်ရေးဝန်ကြီးဌာနကို တွဲဖက်ကိုင်ရလေသည်။