ဟျောန်ဘင်

တောင်ကိုရီးယားသရုပ်ဆောင်
(ဟွန်ဘင်း မှ ပြန်ညွှန်းထားသည်)

ဟျောန်ဘင်(ကိုရီးယား: 현빈)၊ မွေးနာမည်ဂင်ထယ်ဖျောင်း(ကိုရီးယား: 김태평); ၁၉၈၂ စက်တင်ဘာ ၂၅ ~ )သည် တောင်ကိုရီးယားသရုပ်ဆောင်တစ်ဦးဖြစ်သည်။ သူသည် My Name is Kim Sam-soon (2005), Worlds Within (2008), Secret Garden (2010–2011), Memories of the Alhambra (2018–2019) အစရှိသော ရုပ်သံဇာတ်လမ်းတွဲများနှင့် Confidential Assignment , The Swindlers (2017)[၁] စသောရုပ်ရှင်များတွင် ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်လူသိများခဲ့သည်။

ဟျောန်ဘင်
Hyun Bin
Hyun Bin in 2019
မွေးဖွား (1982-09-25) စက်တင်ဘာ ၂၅၊ ၁၉၈၂ (အသက် ၄၁)
ဆိုးလ်မြို့, တောင်ကိုရီးယား
မိခင်ကျောင်းChung-Ang University
အလုပ်အကိုင်သရုပ်ဆောငင်
တက်ကြွလှုပ်ရှားနှစ်များ2003–present
ကိုယ်စားလှယ်VAST Entertainment Relationship with Son Ye Jin
ဟျောန်ဘင်
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်
ဟန်ဂျာ
RRအက္ခရာဖလှယ်ခြင်း:Hyeon-bin
MRအက္ခရာဖလှယ်ခြင်း:Hyŏnbin

ကိုယ်ရေးအချက်အလက် ပြင်ဆင်ရန်

  • အရပ် - 184 cm (6 ft)
  • နာမည်ပြောင် - Binnie
  • သွေးအုပ်စု - B
  • ရာသီခွင် - Libra
  • Instagram/Twitter - မရှိ (သူ၏ agency instagram @vast.ent)

asianwiki မှ ဘာသာပြန်ဆို

အနုပညာခရီး ပြင်ဆင်ရန်

2004-2009: အနုပညာခရီးအစ ပြင်ဆင်ရန်

 
ဟွန်ဘင်း 2014 Bucheon International Fantastic Film Festivalမှ Producers’ Choice Award ဆုကိုလက်ခံရယူနေစဉ်

ဟွန်ဘင်းသည် 2003 ခုနှစ်တွင် Bodyguard[၂] ရုပ်သံဇာတ်လမ်းတွဲအတွက်သရုပ်ဆောင်အဖြစ်ပွဲထွက်ခဲ့သည်။ ထို့နောက် သူသည်ဟာသရုပ်သံဇာတ်လမ်းတွဲ Nonstop 4 နှင့် အချစ်ဒရာမာဇာတ်လမ်းတွဲ Ireland[၃] တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုနှစ်အတွင်းမှာပင် သူ၏ရုပ်ရှင်ဇာတ်ကားပွဲဦးထွက်အနေနဲ့ လူငယ်အားကစားရုပ်ရှင် Spin Kick[၄] တွင်ပါဝင်ခဲ့သည်။ 2005 တွင် Kim Sun-a[၅] နှင့်အတူ My Lovely Sam Soon အချစ်ဟာသဇာတ်လမ်းတွဲတွင် တွဲဖက်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်သော အနုပညာကြယ်ပွင့်တစ်ဦးအဖြစ်ရပ်တည်နိုင်ခဲ့သည်။ Sam-soon ရုပ်သံဇာတ်လမ်းတွဲသည် ပျမ်းမျှကြည့်ရှုမှု (rating) 30% နှင့် နောက်ဆုံးပိုင်းအတွက် 50.5%[၆] ထိရရှိအောင်မြင်ခဲ့သည်။ ထိုရုပ်သံဇာတ်လမ်းတွဲဖြင့် ဟွန်ဘင်းသည် Top Excellence Award ကို MBC Drama Awards တွင်ဆွတ်ခူးနိုင်ခဲ့သည်။

ဟွန်ဘင်းသည် Sam-soon ရုပ်သံဇာတ်လမ်းတွဲ အောင်မြင်ပြီးနောက်တွင် A Millionaire's First Love ရုပ်ရှင်ဇာတ်ကား (internet ဝတ္တုစာရေးဆရာ Guiyeoni[၇]ရေးသားသော) တွင် ခေါင်းဆောင်မင်းသားအနေဖြင့် ပထမဆုံးပါဝင်သရုပ်ဆောင်ခွင့်ရခဲ့သည်။ ထိုဇာတ်ကားသည် လူငယ်ပရိသတ်များကြားတွင် အောင်မြင်မှုရခဲ့သည်။[၈]

သို့သော် သူ၏နောက်ထပ်ရုပ်သံဇာတ်လမ်းတွဲ The Snow Queen သည် အောင်မြင်မှုမရရှိခဲ့ပေ။[၉][၁၀]သူသည် 2008 တွင် Noh Hee-kyung[၁၁]ရေးသားသော ရုပ်သံဇာတ်လမ်းတွဲ အစရှိသော မတူကွဲပြားသည့် ဇာတ်ကောင်စရိုက်များတွင် ရွေးချယ်သရုပ်ဆောင်ခဲ့သည်။ သူပါဝင်သရုပ်ဆောင်ထားသော အချစ်ရုပ်ရှင်ဇာတ်ကား I Am Happy (2008) သည် 2008 Busan International Film Festival[၁၂][၁၃] ၏အပိတ်ရုပ်ရှင်ကားဖြစ်ခဲ့သည်။ 2009 တွင် Friend, Our Legend ရုပ်သံဇာတ်လမ်းတွဲတွင် sociopath အဖြစ်သရုပ်ဆောင်ခဲ့ရာ ရုပ်သံဝေဖန်သူများထံမှ ချီးကျူးမှုကိုပင် ရရှိခဲ့သည်။ သူသည်ထိုဇာတ်ကောင်နေရာတွင်သရုပ်ဆောင်ရန်အတွက် Kwak Kyung-taekမူရင်း ရုပ်ရှင်ကား ကို အခေါက်ပေါင်း 20, 30 ကြည့်ရှုလေ့လာခဲ့သည်ဟုသိရသည်။[၁၄][၁၅][၁၆][၁၇][၁၈][၁၉][၂၀]

2010-2013: ပြည်ပအောင်မြင်မှု ပြင်ဆင်ရန်

ဟွန်ဘင်းသည် 2010 တွင် Kim Eun-sook [၂၁][၂၂]ရေးသားသော Secret Garden အချစ်စိတ်ကူးယဉ်ရုပ်သံဇာတ်လမ်းတွဲတွင် မင်းသမီး Ha Ji-won နှင့်အတူတွဲဖက်သရုပ်ဆောင်ကာ တဖန်ပြန် နာမည်ကျော်ကြားမှု ရရှိခဲ့ပြန်သည်။ ထိုဇာတ်လမ်းတွဲသည် ကြည့်ရှုနှုန်း rating 30% ရှိခဲ့ပြီး ဇာတ်ကောင်များ၏ fashion, catchphrases, ဇာတ်ဝင်သီချင်းစသည်တို့ဖြင့် ပရိသတ်ကိုဖမ်းစားနိုင်ခဲ့သည်။ ထိုဇာတ်လမ်းတွဲတွင် သူ၏ ပြောင်မြောက်သော သရုပ်ဆောင်မှုကြောင့် ဟွန်ဘင်းသည် 2010 SBS Drama Awards, 47th Baeksang Arts Awards တို့ကိုဆွတ်ခူးနိုင်ခဲ့သည်။ သူသည် ထိုဇာတ်လမ်း၏ဇာတ်ဝင်တေး That Man ကိုလည်း သီဆိုခဲ့ပြီး ကိုရီးယားတေးသီချင်း portal ရှစ်ခုတွင် နံပါတ်တစ်နေရာရရှိပိုင်ဆိုင်ခဲ့သည်။

2011 တွင် ဒါရိုက်တာ Lee Yoon-kiCome Rain, Come Shine နှင့် ဒါရိုက်တာ Kim Tae-yongLate Autumn ရုပ်ရှင်ဇာတ်ကားနှစ်ကားတွင်သရုပ်ဆောင်ခဲ့သည်။ Late Autumn ဇာတ်ကားတွင် ဟွန်ဘင်းသည် တရုတ်မင်းသမီး Tang Wei နှင့် တွဲဖက်သရုပ်ဆောင်ခဲ့ရာ တရုတ်နိုင်ငံတွင်ထုတ်လွှင့်ခဲ့သော ကိုရီးယားရုပ်ရှင်များထဲမှ ဝင်ငွေအများဆုံးအဖြစ် US$ 9.5 million ဖြင့် ရပ်တည်ခဲ့သည်။ သူ၏သရုပ်ဆောင်မှုအတွက် The Hollywood Reporter မှ ချီးကျူးမှုကိုလဲရရှိခဲ့သည်။

ဟွန်ဘင်းသည် 61 ကြိမ်မြောက် Berlin International Film Festival ပွဲသို့တက်ရောက်ခဲ့သည်။ ထိုသို့တက်ရောက်ရခြင်းကို သူ၏အပျော်ရွှင်ရဆုံးသောအောင်မြင်မှု ဟုပြောကြားခဲ့သည်။

သူ၏ယခင် ကိုယ်စားလှယ် AM Entertainment နှင့် SM Entertainment ပေါင်းစည်းပြီးနောက် November 2012 တွင် ဟွန်ဘင်းနှင့်မင်းသမီး Shin Min-ah တို့သည် သီးသန့်ကိုယ်ပိုင် agency O & Entertainment ကိုတည်ထောင်ခဲ့သည်။ ဟွန်ဘင်းသည် 2013 ကို ကြော်ငြာများရိုက်ကူးခြင်း နှင့် အာရှတစ်ခွင် ပရိသတ်တွေ့ဆုံပွဲ (fan meeting) များပြုလုပ်ခြင်းဖြင့် ဖြတ်သန်းခဲ့သည်။

2014–2016: စစ်မှုထမ်းပြီးကာလ ပြင်ဆင်ရန်

ဟွန်ဘင်းသည် စစ်မှုထမ်းဆောင်ပြီးနောက် သရုပ်ဆောင်လောကသို့ The Fatal Encounter ရုပ်ရှင်ကားဖြင့်ပြန်လည်ဝင်ရောက်ခဲ့သည်။ ထိုဇာတ်ကားသည် သူ၏ပထမဆုံး နန်းတွင်းသမိုင်း ဇာတ်ကားဖြစ်ပြီး Jeongjo ဘုရင်ဇာတ်ကောင်အဖြစ် ခေါင်းဆောင်မင်းသား နေရာမှ ပါဝင်ခဲ့သည်။ ထိုဇာတ်ကားသည် April 2014 တွင် ထုတ်လွှင့်ခဲ့ပြီး ကြည့်ရှုသူ သုံးသန်းကျော်ရရှိခဲ့သည်။ သို့သော် ထိုဇာတ်ရုပ်အတွက် သူ၏သရုပ်ဆောင်မှုအပိုင်းအပေါ် ဝေဖန်မှုများရှိခဲ့ပြီး ထိုဇာတ်ကားသည်လည်း negative review များသာအများစုရရှိခဲ့ရသည်။

ထို့နောက်တွင် သူသည် 2015 အချစ်ရုပ်သံဇာတ်လမ်းတွဲ Hyde, Jekyll, Me တွင်မင်းသမီး Han Ji-min နှင့်တွဲဖက် သရုပ်ဆောင်ခဲ့သည်။ သို့သော် ထိုဇာတ်လမ်းတွဲသည်လည်း ထင်ထားသလောက် အောင်မြင်မှုမရဘဲ ကြည့်ရှုနှုန်း (rating) နည်းခဲ့ရသည်။

January 2016 တွင် သူ၏ကိုယ်ပိုင်အေဂျင်စီ VAST Entertainment ကိုတည်ထောင်ခဲ့သည်။

2017–ယနေ့ထိ- အောင်မြင်မှုများပြန်လည်သိမ်းပိုက်ခြင်း ပြင်ဆင်ရန်

ဟွန်ဘင်းသည် 2017 အက်ရှင်သည်းထိတ်ရင်ဖိုရုပ်ရှင်ဇာတ်ကား Confidential Assignment တွင် မြောက်ကိုရီးယားနိုင်ငံသား သစ္စာဖောက်များပါဝင်သည့် ရာဇဝတ်အဖွဲ့အစည်းအား ဖမ်းဆီးရန် တောင်ကိုရီးယားနိုင်ငံသို့ တိတ်တဆိတ်စေလွှတ်ခံရသော မြောက်ကိုရီးယားနိုင်ငံသားစုံထောက်အဖြစ် သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်ကားသည် အောင်မြင်ခဲ့ပြီး ဟွန်ဘင်း၏ အက်ရှင်နှင့်ဟာသနှော သရုပ်ဆောင်မှုအပေါ်လဲ ကောင်းမွန်သောသုံးသပ်ချက်များ ရရှိခဲ့သည်။ ထို့နောက်တွင် နောက်ထပ်အက်ရှင်ဇာတ်ကား The Swindlers တွင် Yo Ji-Tae နှင့်တွဲဖက်၍သရုပ်ဆောင်ခဲ့သည်။ ထိုရုပ်ရှင်ကားသည်လဲ ဟွန်ဘင်းအတွက် ပေါက်မြောက်အောင်မြင်ခဲ့သော ဇာတ်ကားဖြစ်ခဲ့ပြန်သည်။

2018 တွင် သူသည် ရာဇဝတ်သည်းထိပ်ရင်ဖိုရုပ်ရှင်ကား The Negotiation တွင် မင်းသမီး Son Ye-jin နှင့်တွဲဖက်ကာ villain နေရာမှ ပထမဆုံးအနေဖြင့် သရုပ်ဆောင်ခဲ့သည်။ သူ၏ကိုယ်ပိုင်အေဂျင်စီ VAST Entertainment မှပူးတွဲထုတ်လုပ်ခဲ့သော နာမည်ကြီး zombie ရုပ်ရှင် Rampant တွင်လဲ နာမည်ကျော်မင်းသား Jang Dong-gun နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့ပြန်သည်။ ထိုနှစ်အတွင်းမှာပင် စိတ်ကူးယဉ်သည်းထိပ်ရင်ဖိုဒရာမာဇာတ်လမ်းတွဲ Memories of the Alhambra တွင် မင်းသမီး Park Shin-hye နှင့်တွဲဖက်သရုပ်ဆောင်ကာ ရုပ်သံဇာတ်လမ်းတွဲလောကသို့ပြန်လည်ဝင်ရောက်ခဲ့ ပြန်သည်။ ထိုဇာတ်လမ်းတွဲသည် ကိုရီးယားအခပေးရုပ်သံသမိုင်းတွင် rating အမြင့်ဆုံးဒရာမာတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။ သူ၏သရုပ်ဆောင်မှုအပိုင်းနှင့်ပတ်သက်၍လည်း ချီးကျူးမှုများ ရရှိခဲ့သည်။

2019 တွင် ဟွန်ဘင်းသည် အချစ်ဒရာမာရုပ်သံဇာတ်လမ်းတွဲသစ် Emergency Love Landing (Crash Landing of Love) တွင် မင်းသမီး Son Ye-jin နှင့်တွဲဖက်ကာ မြောက်ကိုရီးယားအရာရှိတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။

လူမှုရေးလှုပ်ရှားမှုများ ပြင်ဆင်ရန်

ဟွန်ဘင်းသည် စစ်မှုမထမ်းမနေရတာဝန်အတွက် Marines တပ်ဖွဲ့တွင်စတင်ထမ်းဆောင်ပြီး 6 လအကြာတွင် "Seoul Reclamation Anniversary Marine Marathon Competition" ဟုခေါ်သော Marine တပ်ဖွဲ့ မာရသွန်ပြိုင်ပွဲတွင် ဝင်ရောက်ဆင်နွှဲခဲ့သည်။ သူသည် ထိုပွဲတွင် 6.25 km အကွာအဝေးကို အကြီးတန်း စံပြတပ်သား 400 နှင့်အတူပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ထိုပွဲသည် 6.25 ကိုရီးယားစစ်ပွဲအတွင်း Marine တပ်ဖွဲ့မှ ဆိုးလ်မြို့တော်ကို ပြန်လည်တိုက်ယူနိုင်ခဲ့ခြင်း အထိမ်းအမှတ်အဖြစ်ကျင်းပသော သမိုင်းဝင်အခမ်းအနားပွဲတစ်ရပ်လဲဖြစ်သည်။

October 29, 2013 တွင် သူသည် ဘဏ္ဍာရေးဝန်ဆောင်မှုကော်မတီ (Financial Services Committee) မှကျင်းပသော အကြိမ် 50 မြောက် Savings Day အခမ်းအနားတွင် 17 နှစ်အတွင်း 35 billion won (အမေရိကန်ဒေါ်လာ 3.3 သန်းနီးပါး) စုဆောင်းနိုင်ခဲ့ခြင်းကြောင့် သမ္မတချီးမြင့်ဆု (thePresident's award) ကို ရရှိခဲ့သည်။

February 2016 တွင် ဟွန်ဘင်းသည် တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုတားဆီးရေး လှုပ်ရှားမှု တစ်ခုတွင်ပါဝင်ခဲ့သည်။ ထိုလှုပ်ရှားမှုအတွက် "Vision" အမည်ရှိ အနားယူပြီးဖြစ်သော ရှာဖွေကယ်ဆယ်ရေးခွေးလေး နှင့် ဟွန်ဘင်းတို့၏ တွဲဖက်ပုံရိပ်များ ကို သူ၏ အေဂျင်စီ VAST Entertainment မှဖော်ပြပေးခဲ့သည်။

ပုဂ္ဂိုလ်ရေးဘဝ ပြင်ဆင်ရန်

ဟွန်ဘင်းသည် ဆိုးလ်မြို့တွင် မွေးဖွားကြီးပြင်းခဲ့သည်။ သူ့တွင်အစ်ကိုအကြီးတစ်ယောက်ရှိသည်။ ငယ်စဉ်က စုံထောက်တစ်ဦးဖြစ်ရန် ဆန္ဒရှိခဲ့သည်။ ငယ်ဘဝထဲကပင် ရုပ်ရည်ချောမောသည်ဟုလည်း အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။

အထက်တန်းကျောင်းသားဘဝတွင် ကျောင်းပြဇာတ်တွင်ပါဝင်ဖျော်ဖြေရင်း သရုပ်ဆောင်အလုပ်ကို ဝါသနာထက်သန်မှန်း သိရှိခဲ့သည်။ အစပိုင်းတွင် သူ၏မိဘများက သရုပ်ဆောင်အလုပ်လုပ်လိုခြင်းကို ကန့်ကွက်ခဲ့၍ မိဘများကို နှစ်နှစ်နီးပါး နားချခဲ့ရသည်။ ထို့နောက်တွင် သရုပ်ဆောင်ပညာအတွက် အကောင်းဆုံး Chung-Ang တက္ကသိုလ်သို့ ဝင်ခွင့်ရရှိပါက သရုပ်ဆောင်လုပ်ခွင့်ပြုမည်ဟု မိဘများက သဘောတူခဲ့သည်။ ထိုတက္ကသိုလ်သို့ ဝင်ခွင့်ရရှိခဲ့သောကြောင့် မိဘများလဲ ခွင့်ပြုခဲ့ရပေသည်။ [၂၃]

2004 တွင် Chung-Ang တက္ကသိုလ် မှ Theatre Studies ဘာသာအထူးပြုဖြင့် ကျောင်းပြီးခဲ့သည်။ 2009 တွင် ထိုတက္ကသိုလ်မှာပင် ဘွဲ့လွန်ပညာ ဆက်လက်ဆည်းပူးခဲ့သည်။

စစ်မှုတာဝန်ထမ်းဆောင်ခြင်း ပြင်ဆင်ရန်

March 7, 2011 တွင် ဟွန်ဘင်းသည် 21 လကြာ စစ်မှုမထမ်းမနေရတာဝန်အတွက် အခက်ခဲဆုံးသော တပ်ခွဲဟုအများက သတ်မှတ်ထားသော Marine Corps တွင် တာဝန်ထမ်းဆောင်မှုပြုခဲ့သည်။ December 6, 2012 တွင် တာဝန်ထမ်းဆောင်မှုပြီးဆုံးခဲ့ပြီး စံပြတပ်သားတစ်ဦးအဖြစ် ချီးမြှောက်ဂုဏ်ပြုခံခဲ့ရသည်။[၂၄]


Filmography ပြင်ဆင်ရန်

ရုပ်ရှင်ဇာတ်ကားများ ပြင်ဆင်ရန်

Year Title Role
2004 Spin Kick Lee Min-gyu
2005 Daddy Long Legs Hyung-joon
2006 A Millionaire's First Love Kang Jae-kyung
2009 I Am Happy Jo Man-soo
2011 Come Rain, Come Shine He
2011 Late Autumn Hoon
2014 The Fatal Encounter King Jeongjo
2017 Confidential Assignment Im Cheol-ryung
2017 The Swindlers Hwang Ji-sung
2018 Rampant Lee Chung
2018 The Negotiation Min Tae-goo


ရုပ်သံဇာတ်လမ်းတွဲများ ပြင်ဆင်ရန်

Year Title Role Network
2003 Bodyguard stalker KBS2
2004 Nonstop 4 Hyun Bin MBC
Ireland Kang Gook
2005 My Lovely Sam Soon Hyun Jin-heon
Nonstop 5 cameo
2006 The Snow Queen Han Tae-woong/Han Deuk-gu KBS2
2008 Worlds Within Jung Ji-oh
2009 Friend, Our Legend Han Dong-soo MBC
2010 Secret Garden Kim Joo-won SBS
2015 Hyde Jekyll, Me Gu Seo-jin/Robin
2018–2019 Memories of the Alhambra Yoo Jin-woo tvN
2019 Emergency Love Landing Lee Jeong-hyeok


ရုပ်သံအစီအစဉ်များ ပြင်ဆင်ရန်

Year Title Role Network
2010 Tears of Africa Narrator MBC
2012 Tears of the Earth - from the North Pole to the South Pole


တေးဂီတဗီဒီယိုများတွင်ပါဝင်မှုများ ပြင်ဆင်ရန်

Year Song Title Artist
2003 "내탓이죠" Herb
2005 "Memory" Kim Bum-soo
2005 "One" TVXQ
2006 "Hey U" Lemon Tree
2018 "Reply" Kim Dong-ryool

တေးသီချင်းများ ပြင်ဆင်ရန်

Year Title Notes
2010 "Dream in My Heart"
2011 "Can't Have You" Friend, Our Legend OST
"That Man" Secret Garden OST

သံတမန်ရေးရာကိုယ်စားပြုဆောင်ရွက်မှုများ ပြင်ဆင်ရန်

Year Event
2011 PR ambassador of Hyundai Motors' "Hyundai Grandeur"
2013 PR ambassador of Kia Motors' "The New K5"
2014 Promotional ambassador of Incheon Asian Games
2016 Promotional ambassador of Gwangju Biennale

ရရှိခဲ့သောဆုများ နှင့် ဆုလျာထားခံရစာရင်းများ ပြင်ဆင်ရန်


Year Award Category Nominated work Result Ref.
2004 MBC Entertainment Awards Special Award, TV Actor category Nonstop 4 Won
MBC Drama Awards Best New Actor Ireland Won
2005 41st Baeksang Arts Awards Best New Actor (TV) Nominated
MBC Drama Awards Top Excellence Award, Actor My Name Is Kim Sam-soon Won
Popularity Award Won
Best Couple Award with Kim Sun-a Won
2006 42nd Baeksang Arts Awards Most Popular Actor (Film) A Millionaire's First Love Won
KBS Drama Awards Excellence Award, Actor The Snow Queen Nominated
Popularity Award Won
Netizen Award Won
Best Couple Award with Sung Yu-ri Won
2007 43rd Baeksang Arts Awards Best Actor (TV) Nominated
2008 KBS Drama Awards Excellence Award, Actor in a Miniseries Worlds Within Nominated
2009 MBC Drama Awards Excellence Award, Actor Friend, Our Legend Nominated
2010 SBS Drama Awards Top Excellence Award, Actor in a Drama Special Secret Garden Won
Top 10 Stars Won
Netizen Popularity Award Won
Best Couple Award with Ha Ji-won Won
2011 47th Baeksang Arts Awards Grand Prize (Daesang) for TV Won
Best Actor (TV) Nominated
6th Seoul International Drama Awards Outstanding Korean Actor Nominated
2014 18th Puchon International Fantastic Film Festival Producer's Choice Award N/A Won
2015 SBS Drama Awards Top Excellence Award, Actor in a Drama Special Hyde, Jekyll, Me Nominated
2017 6th Korea Film Actors Association Awards Top Star Award Confidential Assignment, The Swindlers Won
2019 55th Baeksang Arts Awards Best Actor (TV) Memories of the Alhambra Nominated

External links ပြင်ဆင်ရန်


References ပြင်ဆင်ရန်

  1. "[INTERVIEW] From rom-com heartthrob to action hero". The Korea Times. 4 November 2018.
  2. "Hyun Bin's dark (embarrassing) history? He shot a TV series only wearing a swimsuit in 2003". Star News. 24 February 2012.
  3. 10LINE: Actor Hyun Bin. 10Asia. 2 December 2009.
  4. ""Don't Underestimate Third-Rate": Overturning Life with a "Spin Kick"". The Donga Ilbo. 21 July 2004.
  5. "Actor Hyun Bin Becomes Top Hallyu Star in Japan". KBS Global. 2 March 2006. Retrieved 23 December 2014.
  6. Samsoon last episode hangs on hope Archived2012-07-17 at Archive.today. Korea JoongAng Daily. 22 July 2005.
  7. "TV Heartthrob Hyun Bin Makes Move to the Big Screen". The Chosun Ilbo. 16 February 2006. Retrieved 23 December 2014.
  8. "Kim Tae-gyun's Movies Have Teen Appeal". The Dong-A Ilbo. 9 February 2006.
  9. Chun, Su-jin (28 November 2006). "New drama's concept has passed its time". Korea JoongAng Daily. Retrieved 2013-08-07.
  10. "Korean Idol Actor Hyun Bin to Visit Japan". KBS World. 4 December 2007.
  11. "Song Hye-go, Hyun Bin Star in New KBS Drama Series". KBS Global. 28 October 2008. Retrieved 2011-11-11.
  12. "Hyun Bin's Happy is unhappy". 10Asia. 16 November 2009.
  13. "Hyun Bin: 'There is No Right Answer for Happiness'". KBS Global. 17 November 2009.
  14. "Blockbuster Friend to Be Reproduced as TV Series". The Korea Times. 4 July 2008.
  15. "Movie-Based Dramas to Fill TV Screens". The Korea Times. 8 July 2008. http://www.koreatimes.co.kr/www/news/art/2010/10/201_27229.html
  16. Friends, Lawyers to Hit Small Screen. The Korea Times. 23 June 2009. http://www.koreatimes.co.kr/www/news/art/2012/04/201_47291.html
  17. "Legal wars and blood brothers hit TV". The Korea Herald. 24 June 2009. http://www.koreaherald.com/view.php?ud=20090624000092
  18. Interview: Hyun Bin - Part 1. 10Asia. 24 November 2009. http://www.asiae.co.kr/news/view.htm?sec=ent5&idxno=2009112408543448116
  19. Interview: Hyun Bin - Part 2. 10Asia. 24 November 2009. http://www.asiae.co.kr/news/view.htm?sec=ent5&idxno=2009112417555763946
  20. Interview: Hyun Bin - Part 3. 10Asia. 24 November 2009. http://www.asiae.co.kr/news/view.htm?sec=ent5&idxno=2009112422454280864
  21. Secret Garden Hyun Bin, Ha Ji-won speak on switching bodies - Part 1. 10Asia. 9 December 2010.
  22. Secret Garden Hyun Bin, Ha Ji-won speak on switching bodies - Part 2. 10Asia. 9 December 2010.
  23. http://asianwiki.com/Hyun-Bin
  24. Heartthrob Hyun Bin Volunteers for Marines. The Chosun Ilbo. 13 January 2011.