ဆွေးနွေးချက် စာမျက်နှာများ
စကားစမြည် စတင်ခြင်း

အသွင်အပြင်
ဆွေးနွေးချက်များအား လွယ်လွယ်ကူကူ ဖြစ်စေရန်

နမူနာများ
နောက်ထပ် အသွင်အပြင် နမူနာများ

အကျဉ်းချုပ်
သင်ဘာတွေ တတ်ကျွမ်းသွားသလဲ ကြည့်ရအောင်




ဝီကီပီးဒီးယားတွင် ပါဝင်တည်းဖြတ်သူများ အားလုံးတွင် သူတို့၏ ကိုယ်ပိုင် အသုံးပြုသူ ဆွေးနွေးချက် စာမျက်နှာ ရှိကြသည်။ ထိုစာမျက်နှာတွင် မည်သူမဆို သင့်အတွက် စာတိုချန်ထားခဲ့နိုင်သည်။ သင့်အား မေးမြန်းခြင်း သို့မဟုတ် အကြံပြုခြင်းများကို ပြုလုပ်နိုင်သည်။ ထို့အပြင် အကူအညီ စာလွှာများ ချန်ထားခဲ့နိုင်သည့် အလိုအလျောက် အသုံးပြုသူ 'ဘော့' များလည်း ရှိသည်။


မှတ်ပုံတင်ထားသော အသုံးပြုသူသည် စာတိုတစ်ခု လက်ခံရရှိပါက သူတို့၏ ဖန်သားပြင် အပေါ်ညာဖက်တွင် အသိပေးချက်တစ်ခုကို ရရှိမည် ဖြစ်သည်။

Screenshot of talk page notification for logged-in user


စာသင်ကျောင်း၊ သို့မဟုတ် အိမ်တွင်းကွန်ယက် စသည့် မျှဝေအသုံးပြုသည့် အင်တာနက်အသုံးပြု မှတ်ပုံမတင်ထားသည့် အသုံးပြုသူများအနေဖြင့် မျှဝေသုံးစွဲသည့် ဆွေးနွေးချက် စာမျက်နှာ ရရှိမည် ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးမှ မှတ်ပုံမတင်ထားသည့် အသုံးပြုသူအား စာတိုပေးပို့ခဲ့ပါက အသုံးပြုသူ ကြည့်ရှုနေသည့် စာမျက်နှာ အပေါ်နားတွင် အသိပေးချက်ကို ရရှိမည် ဖြစ်သည်။


စာပြန်ကြားရန်အတွက် သင့်ကိုယ်ပိုင် အသုံးပြုသူ ဆွေးနွေးချက် စာမျက်နှာရှိ စာတို၏ အောက်တွင် သုံးသပ်ပြန်ကြားချက် ရေးသားနိုင်သည်။ (စာတိုချန်ခဲ့သူအား အသိပေးရန်အတွက် {{ping|သူတို့၏ အသုံးပြုသူအမည်}} ဖြင့် စတင်ရေးသားနိုင်သည်။) သို့မဟုတ် သင်ပြန်ကြားမည့်သူ၏ ဆွေးနွေးချက် စာမျက်နှာသို့ သွားရောက် ရေးသားနိုင်သည်။


ယေဘုယျအားဖြင့် တည်းဖြတ်သူတစ်ဦး၏ အသုံးပြုသူ ဆွေးနွေးချက် စာမျက်နှာကို သူတို့၏ စာတိုနောက်ဆုံးတွင်ရှိသော လက်မှတ်တွင် ပါရှိသည့် "ဆွေးနွေး" ကိုနှိပ်ကာ သွားရောက်နိုင်သည်။ လက်မှတ်ရှိ သူတို့၏ အမည်ကို နှိပ်ပြီး "ဆွေးနွေးချက်"ကို နှိပ်ကာ အသုံးပြုသူ ဆွေးနွေးချက် စာမျက်နှာကိုလည်း ဝင်ရောက်နိုင်သည်။