အကူအညီ:မျက်မြင်တည်းဖြတ်ဖြင့် တည်းဖြတ်ခြင်း မိတ်ဆက်/၃

တည်းဖြတ်မုဒ် ဖွင့်ခြင်း
တည်းဖြတ်မုဒ် ဘယ်လိုစဖွင့်မလဲ

ကိရိယာဘား အခြေခံများ
အလိုရှိရာသုံးဖို့ ကိရိယာများ

လင့်ခ်များနှင့် ဝီကီလင့်ခ်များ
စာမျက်နှာအချင်းချင်း ချိတ်ဆက်ဖို့

ဆောင်းပါးသစ်များ ဖန်တီးခြင်း
စာမျက်နှာတစ်ခု တည်ဆောက်ခြင်း

အနှစ်ချုပ်
သင်ဘာတွေ သိသွားပြီလဲ



Screenshot of the VisualEditor toolbar


လင့်ခ်များ (အထူးသဖြင့် ဝီကီလင့်ခ်များ) ဟာ ဝီကီပီးဒီးယားရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဝီကီလင့်ခ်တွေက စွယ်စုံကျမ်းပေါ်က စာမျက်နှာတွေကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ချည်နှောင်ထားပေးပါတယ်။


ယေဘုယျအနေနဲ့ ဝီကီလင့်ခ်တွေကို အကြောင်းအရာရဲ့ အရေးပါတဲ့ ပထမဆုံး ဖော်ပြတဲ့အခါမှာပဲ ချိတ်ဆက်သင့်ပါတယ်။ လင့်ခ်တွေကိုတော့ မီနူးခလုတ်ကနေ ဒါမှမဟုတ် ကီးဘုတ်အတိုကောက်ခလုတ် Ctrl+K နဲ့ ထည့်သွင်းနိုင်ပါတယ်။


လင့်ခ်ချိတ်ဆက်တာကို အသုံးပြုလိုက်ရင် ဝီကီပီးဒီးယားထဲက ဆီလျော်တဲ့ လင့်ခ်တွေကို ရှာဖွေပြသပေးပါတယ်။ ↵ Enter ကိုနှိပ်လိုက်ခြင်း ဒါမှမဟုတ် "ပြီးပြီ" ခလုတ်ကို နှိပ်လိုက်ရင်တော့ မျက်မြင်တည်းဖြတ်စာမျက်နှာမှာ လင့်ခ်ချိတ်ဆက်ထားတာကို မြင်ရပါလိမ့်မယ်။


(အခြားဝဘ်ဆိုဒ်များသို့) ပြင်ပလင့်ခ်များကိုတော့ "ပြင်ပဆိုဒ်" ခလုတ်ကနေ အကွက်ထဲမှာ URL တစ်ခုကို ရိုက်ထည့်ပြီး ချိတ်ဆက်နိုင်ပါတယ်။ ဆောင်းပါးထဲမှာတော့ စာမျက်နှာ အောက်ဆုံးမှာရှိတဲ့ ပြင်ပလင့်ခ်များ ဆိုတဲ့ အပိုင်းအောက်မှာပဲ ပြင်ပလင့်ခ်တွေကို ထားသင့်ပါတယ်။


စာမျက်နှာပေါ်က ရှိနှင့်ပြီး လင့်ခ်ကို ပြင်ဆင်ချင်တာ ဒါမှမဟုတ် ဖယ်ရှားချင်တာဆိုရင် အဲဒီလင့်ခ်ပေါ်မှာ နှိပ်လိုက်ရုံပါပဲ။