မိတ်ဆက်
ဝီကီပီးဒီးယားသို့ ပုံများထည့်ခြင်း

ပုံတင်ခြင်း
ဝီကီမီဒီယာ ကွန်မွန်းစ်

ပုံများ ထည့်သွင်းခြင်း
စကားလုံးတစ်ထောင်ထက် အဖိုးတန်

အသေးစိတ်ကို တည်းဖြတ်ခြင်း
ဘာကို ကြည့်နေတာလဲ

ပြခန်း
ပုံအများကြီးအတွက်

အနှစ်ချုပ်
သင်ဘာတွေ တတ်ကျွမ်းသွားသလဲ ကြည့်ရအောင်



ယေဘုယျအနေနဲ့ ပုံတွေကို ဆောင်းပါးစာထဲမှာ သက်ဆိုင်ရာ စာသားအနားမှာ ဆီလျော်တဲ့ ပုံတစ်ပုံချင်းစီ ထည့်လေ့ရှိပါတယ်။ အချို့အခြေအနေတွေမှာတော့ ပုံတွေ အများကြီးကို တစ်စုတစ်ဝေးတည်း ပုံပြခန်း အနေနဲ့ ထည့်ခြင်းက ဆီလျော်ပြီး တစ်ပုံထဲထက်စာရင် ပုံအများကြီးနဲ့ ပုံဖော်ပြသတာက ပိုမိုကောင်းမွန်နိုင်ပါတယ်။


သင့်အနေဖြင့် ရှိပြီးသား ပုံပြခန်းအိုင်ကွန်ကို ရွေးချယ်ကလစ်နှိပ်လိုက်ပြီး ပြင်ဆင်မှုများ ပြုလုပ်နိုင်ပါသေးတယ်။ ပုံပြခန်းအသစ် ထပ်ထည့်မယ်ဆိုရင်တော့ ထည့်သွင်းရန်  မီနူးကိုနှိပ်ပြီး "ပြခန်း" ကို ရွေးချယ်နိုင်ပါတယ်။


ပုံပြခန်းကို ပြင်ဆင်တဲ့နေရာမှာ ခလုတ်နှစ်ခုရှိပြီး တစ်ခုက ပုံတွေ၊ ပုံစာတွေ ထည့်တာနဲ့ တစ်ခုက ပြသမှုပုံစံ ရွေးချယ်တာ ဖြစ်ပါတယ်။


ပုံတွေရဲ့ အစီအစဉ်ကို ဘယ်ဖက်ခြမ်းမှာ ရွေးချယ်စီစဉ်နိုင်ပြီး စာရင်းအောက်ဆုံးက "ပုံအသစ်ထည့်ရန်" ခလုတ်ကို နှိပ်ပြီး ပုံတွေ ထပ်ထည့်နိုင်ပါတယ်။


ရွေးပိုင်ခွင့် ခလုတ်ကတော့ ပုံအရွယ်အစားနဲ့ ပုံစံချခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ များသောအားဖြင့် ပုံသေပြသမှုပုံစံကို ထားရှိပါတယ်။