မိတ်ဆက်
ဝီကီပီးဒီးယား လမ်းညွှန်

အမည်ညွှန်းများ
စာမျက်နှာ အမျိုးအစားများ

စာမျက်နှာများ ရှာဖွေခြင်း
သင်လိုတာကို ရှာဖွေနိုင်ဖို့

အသုံးဝင်သော လင့်ခ်များ
တည်းဖြတ်သူများအတွက် အသုံးဝင် စာမျက်နှာများ

အကျဉ်းချုပ်
သင်ဘာတွေ တတ်ကျွမ်းသွားသလဲ ကြည့်ရအောင်



ပြန်ညွှန်းများ

ဝီကီပီးဒီးယားရှိ အချို့သော စာမျက်နှာများမှာ ပြန်ညွှန်းများ ဖြစ်ကြပြီး ယင်းတို့တွင် ကိုယ်ပိုင်အကြောင်းအရာများ မရှိကြပေ။ သို့သော် ယင်းတို့သည် သင့်အား အခြား စာမျက်နှာဆီသို့ ပို့ဆောင်ပေးမည် ဖြစ်သည်။ ဥပမာ ယူကေသည် ယူနိုက်တက်ကင်းဒမ်းနိုင်ငံသို့ ပြန်ညွှန်းထားသည်။ ထို့ကြောင့် ရှာဖွေအကွက်ထဲတွင် ယူကေ ရိုက်ထည့်ပါက ယင်းသည် သင့်အား ယူနိုက်တက်ကင်းဒမ်းနိုင်ငံ ဆောင်းပါးသို့ တိုက်ရိုက် ရောက်ရှိစေမည် ဖြစ်သည် (ဆောင်းပါး ခေါင်းစဉ်၏ အောက်တွင် "ယူကေ မှ ပြန်ညွှန်းထားသည်" ဟူသော စာတန်းကို တွေ့မြင်ရမည် ဖြစ်သည်)။


စာမျက်နှာတစ်ခုအား ပြန်ညွှန်းရန်အတွက် မျက်မြင်တည်းဖြတ် (VisualEditor)   မီနူးကို သုံးကာ  Page settings နှိပ်ပြီး အလိုရှိရာ စာမျက်နှာကို ရွေးချယ်နိုင်သည်။ သို့မဟုတ် Wiki Markup ကုဒ် #REDIRECT [[Destination]] ကို ရိုက်ထည့်နိုင်သည်။ သို့သော်လည်း အမည်ညွှန်းတစ်ခုမှ အခြားတစ်ခုသို့ ပြန်ညွှန်းဖန်တီးခြင်းအား အားမပေးပါ


အတိုကောက်များ

ဝီကီပီးဒမန်းများသည် ရံဖန်ရံခါ ဝီကီပီးဒီးယား စာမျက်နှာများအား အတိုကောက်အမည်များဖြင့် ညွှန်းဆိုလေ့ရှိသည်။ ဝီကီပီးဒီးယား အမည်ညွှန်း ရှေ့ဆက်စာလုံး WP: ဖြင့် အတိုကောက်အသုံးပြုသည်။ ယင်း အတိုကောက် စာမျက်နှာများသည် ရည်ရွယ်ရာစာမျက်နှာသို့ ပြန်ညွှန်းများ ဖြစ်ကြသည်။


ဥပမာအားဖြင့် Wikipedia:ဆွေးနွေးချက်စာမျက်နှာ လမ်းညွှန်ချက်များ ကို အတိုကောက် WP:TALK အနေဖြင့် ရေးသား ချိတ်ဆက်နိုင်ပြီး ရှာဖွေအကွက်တွင်လည်း ရိုက်ကာ ရှာဖွေနိုင်သည်။ စာမျက်နှာတစ်ခု၏ အတိုကောက်များအား ထိုစာမျက်နှာ၏ ညာဖက်အပေါ်နားတွင် ဖော်ပြထားလေ့ရှိသည်။