အက်ဇ်တက်ဒဏ္ဍာရီ (အင်္ဂလိပ်: Aztec mythology) (အသံထွက် : အဲဇ်တက်ခ်) သည် မက္ကဆီကိုအလယ်ပိုင်းရှိ အက်ဇ်တက်ယဉ်ကျေးမှု၏ စုစည်းထားသော ဒဏ္ဍာရီများဖြစ်သည်။[၁] အက်ဇ်တက်လူမျိုးများသည် နာဝါတယ်လ် စကားပြောအုပ်စုများဖြစ်၍ မက္ကဆီကိုအလယ်ပိုင်းတွင်နေထိုင်ကာ ၎င်းတို့၏ ဒဏ္ဍာရီများသည် အလယ်ပိုင်းဒေသရှိ အမေရိကယဉ်ကျေးမှုများ၏ ဒဏ္ဍာရီနှင့် ခပ်ဆင်ဆင်တူညီကြသည်။ ရာဇဝင်များအရ အက်ဇ်တက်လူမျိုးများဖြစ်လာမည့် အုပ်စုများစွာသည် မြောက်အရပ်မှ တက်ခ်ဇ်ကိုကိုရေအိုင် တဝိုက်ရှိ အနာဝါတောင်ကြားဒေသ (မက္ကဆီကိုတောင်ကြား) သို့ရောက်ရှိလာခဲ့ကြသည်။ ဤအပန်းဖြေ တောင်ကြားဒေသနှင့် ရေအိုင်ကြီးတို့၏တည်နေရာ မှာအထင်အရှားဖြစ်၍ ခေတ်သစ် မက္ကဆီကိုမြို့တော်၏ အဓိကနေရာတစ်ခုလည်းဖြစ်သည်။ သို့ရာတွင် အက်ဇ်တက်လူမျိုးများ၏ မူလဇာစ်မြစ်ကို သေချာရေရာစွာဖြင့် သိရှိနိုင်ရန် ခဲယဉ်း၏။ ဒဏ္ဍာရီတွင် မက္ကဆီကာ/အက်ဇ်တက်တို့၏ ရှေးဘိုးဘေးများသည် နာဝါတယ်ကာ့စ် (နာဝါတယ်လ်စကားပြောမျိုးနွယ်များဟု အနက်ရှိသည်) မျိုးနွယ်ခုနှစ်ခုမှ နောက်ဆုံးမျိုးနွယ်ဖြစ်၍ မြောက်အရပ် အာ့ဇ်တ်လန် (Aztlan) ဒေသမှ တောင်ပိုင်းသို့ ဆင်းလာခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့၏အမည် အဲဇ်တီကာ ဖြစ်ပေါ်လာသည်။ အခြားသောဖော်ပြချက်များတွင် ဒဏ္ဍာရီလာနေရာများဖြစ်သော ချစ်ကိုမို့ဇ်တို့ခ် (Chicomoztoc) (သို့) တာမိုယန်ချန် (Tamoanchan) တို့သည် ၎င်းတို့၏ မူလဇာစ်မြစ်နေရာများဟု ဖော်ပြကြသည်။

Mictlantecuhtli (left), god of death, the lord of the Underworld and Quetzalcoatl (right), god of wisdom, life, knowledge, morning star, patron of the winds and light, the lord of the West. Together they symbolize life and death.

မက္ကဆီကာ/အက်ဇ်တက်တို့ကို ၎င်းတို့၏ နတ်ဘုရား ဝီးဇီလိုပေါ့ရှ်တ်လီက ကာကွယ်စောင့်ရှောက်သည်ဟုဆို၍ ထိုနတ်ဘုရားအမည်၏ အဓိပ္ပာယ်မှာ ဘယ်ဘက်မှ ဝတ်ရည်စုပ်ငှက် (သို့) တောင်အရပ်မှ ဝတ်ရည်စုပ်ငှက် ဖြစ်သည်။ တက်ခ်ဇ်ကိုကိုရေအိုင်ထဲရှိ ကျွန်းတစ်ခု၌ ခလောက်မြွေကို ခြေသည်းစွယ်များကြားမှ ချီလာသော သိမ်းငှက်တစ်ကောင်ကို မြင်မိကြ၍ ထိုသိမ်းငှက်သည် နိုပါလ်ရှားစောင်းပင်၌ နားနေ၏။ ဤသို့မြင်ရခြင်းသည် ထိုနေရာ၌ နယ်မြေအသစ်တစ်ခုကိုတည်ထောင်သင့်သည်ဆိုသော တဘောင်နိမိတ်စကားကို ဖော်ပြခြင်းဖြစ်သည်။ အက်ဇ်တက်တို့သည် ကြီးမားသောကျွန်းတုတစ်ခုကို ပြုလုပ်ခဲ့ကြကာ တီနိုချစ်လန် ခေါ်သော မြို့တော်အသစ်ကို ထိုနေရာတွင် တည်ထောင်ခဲ့ကြသည်။ ယနေ့ခေတ် မက္ကဆီကိုစီးတီး၏ အလယ်၌ရှိသည်။ ထိုမြင်ကွင်းကို မက္ကဆီကိုနိုင်ငံတော် အမှတ်တံဆိပ်အဖြစ် ပုံဖော်ပြုလုပ်ထားကြသည်။

ကိုးကား ပြင်ဆင်ရန်

  1. Kirk, p. 8; "myth", Encyclopædia Britannica