အက်တောမစ် ရူပဗေဒ

ရူပဗေဒ နယ်ပယ်

အက်တောမစ် ရူပဗေဒ သည် ရူပဗေဒပညာရပ်၏ နယ်ပယ်တစ်ခုဖြစ်ပြီး အက်တမ်၏ နျူကလိယပ်၊ အီလက်ထရွန်များကို သီးခြားလေ့လာသော ဘာသာရပ်ဖြစ်သည်။ အဓိကအားဖြင့် အက်တမ်ရှိ အီလက်ထရွန်များကို အစီစဉ်ချခြင်းနှင့် သက်ဆိုင်သည်။ အက်တောမစ် ရူပဗေဒသည် အဏုမြူစွမ်းအင်၊ အဏုမြူ လက်နက်နှင့် ဆက်နွယ်နိုင်ပြီး စံအင်္ဂလိပ်ဘာသာစကားတွင် အက်တောမစ် နှင့် နယူးကလိယား ဟူသောဝေါဟာရသည် ဆင်တူသည်။ ရူပဗေဒပညာရှင်များကမူ အက်တောမစ် ရူပဗေဒအား နယူးကလိယပ်နှင့် အီလက်ထရွန်ပါဝင်သည့် အက်တမ်အဖြစ်လည်းကောင်း၊ နယူးကလိယား ရူပဗေဒကိုမူ အက်တော့မစ် နယူးကလိယပ်တစ်ခုတည်းအဖြစ်လည်းကောင်း လေ့လာသည်ဟု ခွဲခြားကြသည်။


ကိုးကား ပြင်ဆင်ရန်