တတိယမြောက် အက်ဒ်ဝါ့ဒ် ခရော့စ်ဘိုင် “နက်ဒ်” ဂျွန်ဆင် သည် ၁၉၃၀ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် မွေးဖွားခဲ့သော အမေရိကန်လူမျိုး ရင်းနှီးမြှုပ်နှံသူ စီးပွားရေးသမားတစ်ဦးဖြစ်ပြီး သမီးဖြစ်သူ အဘီဂေးလ် ဂျွန်ဆင် နှင့်အတူ Fidelity Investments နှင့် Fidelity International တို့ကို ပိုင်ဆိုင်လုပ်ကိုင်နေသူဖြစ်သည်။ သူသည် ထင်ရှားလွှမ်းမိုးခဲ့သော Boston မိသားစုဖြစ်သည့် Perkins တို့၏ မျိုးဆက်ဖြစ်သည်။

အက်ဒ်ဝါ့ဒ် ဂျွန်ဆင်၊ ၃
မွေးသက္ကရာဇ် ဇွန် ၂၉၊ ၁၉၃၀ ခုနှစ်
ဘော်စတွန်၊ မက်ဆာချူးဆက်ပြည်နယ်
နိုင်ငံသား အမေရိကန်ပြည်ထောင်စု
ပညာရေး ဝိဇ္ဇာ၊သိပ္ပံဘွဲ့ ဟားဗတ်တက္ကသိုလ်
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၈.၀ ဘီလျံ
သားသမီး ၃ယောက်

ပညာရေးနှင့် အလုပ်အကိုင် ပြင်ဆင်ရန်

Johnson သည် Tabor အကယ်ဒမီကို မပြောင်းရွှေ့ခင် Milton အကယ်ဒမီတွင် မူလတန်းတက်ခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် ဟားဗတ်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကိုရရှိခဲ့သည်။ အမေရိကန်စစ်တပ်တွင် အမှုထမ်းပြီးနောက် ၁၉၅၇တွင် သူသည် သူ့ဖခင် အက်ဒ်ဝါ့ဒ် စီ ဂျွန်ဆင် ၂ က ၁၉၄၉၌ တည်ထောင်ခဲ့သော Fidelity Investment တွင် သုတေသီ တစ်ယောက် ဖြစ်လာသည်။ ၁၉၆၀ တွင်သူသည် Fidelity Trend Fund ၏ စာတမ်းထိန်းသိမ်းရေး မန်နေဂျာဖြစ်ခဲ့ပြီး ၁၉၆၃ မှ ၁၉၇၇ ခုနှစ်အထိ နာမည်ကျော် Fidelity Magellan Fund ကို စီမံအုပ်ချုပ်ခဲ့သည်။

၁၉၇၂ တွင် သူသည် ကုမ္ပဏီ၏ ဦးဆောင်သူဖြစ်လာပြီး ၁၉၇၇ တွင် ဥက္ကဋ္ဌ အမှုဆောင်ချုပ် ဖြစ်ခဲ့သည်။ ငွေကြေးဈေးကွက်ရန်ပုံငွေများတွင် ချက်လက်မှတ်ဖြင့် ပေးခြင်းအလေ့ကို သူက စတင်ခဲ့သည်။ သူသည် ဘဏ်များ၊ အာမခံကုမ္ပဏီများနှင့် သုံးစွဲသူများကို လျော့ဈေးဖြင့် အရစ်ကျဝန်ဆောင်မှုများပေးခဲ့သော ပထမဆုံးလူဖြစ်သည်။ သူသည် အရစ်ကျရောင်းချမှုများနှင့် လုပ်ငန်းများ၏ စက်နှင့်လုပ်ဆောင်ခြင်းများကို ထောက်ပံ့ရင်းနှီးပေးခဲ့သူဖြစ်သည်။

လူမှုရေးလုပ်ငန်းများ၊ ဆုတံဆိပ်များနှင့် ဂုဏ်ထူးဆောင်ဘွဲ့များ ပြင်ဆင်ရန်

သူသည် အမေရိကန် အနုပညာသိပ္ပံ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့်အပြင် Beth Israel ဆေးရုံနှင့် ဘော်စတွန် အနုပညာပြတိုက်တို့၏ ဘဏ္ဍာထိန်းဖြစ်ပြီး ဘော်စတွန် လုံခြုံရေးခွဲခြမ်းစိတ်ဖြာမှုအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ သူသည် ဘော်စတွန် တက္ကသိုလ်၊ ဘန်တလီ ကောလိပ်နှင့် ဟောဘတ်နှင့် ဝီလျံစမစ်သ် ကောလိပ်များ၏ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကိုလည်း ရရှိထားသူဖြစ်သည်။

ကြွယ်ဝမှု ပြင်ဆင်ရန်

လက်ရှိပျမ်းမျှ ကြွယ်ဝမှု ၈ ဘီလျံဒေါ်လာဝန်းကျင်ဖြင့် သူ့ကို Forbes မဂ္ဂဇင်းက အမေရိကန်၏ အချမ်းသာဆုံးပုဂ္ဂိုလ်အမှတ် ၃၀ ဟု သတ်မှတ်ထားသည်။ ယခုအခါ Fidelity ၏ ရှယ်ယာ ၂၄% ထိပိုင်ဆိုင်နေပြီဖြစ်သော သမီးဖြစ်သူ Abigail သည် ပျမ်းမျှငွေကြေး ၁၁ ဘီလျံဒေါ်လာဖြင့် Forbes လူချမ်းသာစာရင်းတွင် နံပါတ် ၁၇ နေရာကို ယူထားသည်။

လှူဒါန်းမှုများ ပြင်ဆင်ရန်

အက်ဒ်ဝါ့ဒ် စီ ဂျွန်ဆင် ရန်ပုံငွေအဖွဲ့သည် ၂၃၁ မီလျံဒေါ်လာဖြင့် လှူဒါန်းမှုပြုလုပ်သည်။