အကြောင်းအရာအခြေပြု ဈေးကွက်ဖော်ဆောင်ခြင်း

အွန်လိုင်းပရိသတ်များအတွက် အကြောင်းအရာဖန်တီးမှုကို အဓိကထားသော ဈေးကွက်ပုံစံ

အကြောင်းအရာအခြေပြု ဈေးကွက်ဖော်ဆောင်ခြင်း (Content Marketing) ဆိုသည်မှ ကုန်ပစ္စည်းသို့မဟုတ် ဝန်ဆောင်မှုများကို အများပြည်သူကြား ကျယ်ပြန့်စွာသိစေရန်အတွက် သတင်းအချက်အလက်များ ပုံပြင်များဇတ်လမ်းများ စိတ်ဝင်တစားဖြစ်စေမည့် စာသားများ ဓာတ်ပုံများ၊ဗီဒီယိုများ နှင့်အခြားခြားသော ဒစ်ဂျစ်တယ်နည်းပညာများအား အသုံးပြုပြီး ဈေးကွက်ဖော်ဆောင်သည့် နည်းလမ်းကို အကြောင်းအရာခြေပြု ဈေးကွက်ဖော်ဆောင်ခြင်း ဖြစ်သည်။


အကြောင်းအရာအခြေပြု ဈေးကွက်ဖော်ဆောင်ခြင်း အားအောက်ပါပုံစံများအတိုင်းအသုံးပြုကြသည်။

ဖောက်သည်များကိုဆွဲဆောင်ခြင်းနှင့် ဦးဆောင်မှု ဆောင်ရွက်ခြင်း ဖောက်သည်များအသစ်များအား ရှာဖွေခြင်း ကွန်ယက်ပေါ်မှ ဖောက်သည်အသစ်များအားရှာဖွေခြင်း

ထုတ်ကုန် သို့မဟုတ်ဝန်ဆောင်မှု၏ တန်ဖိုး နှင့်သိသာထင်ရှားမှု အားမြှင့်တင်ခြင်း ကွန်ယက်ပေါ်မှ ဖောက်သည်အသစ်များအား ဆက်သွယ်ဝန်ဆောင်မှုပေးခြင်း များအပေါ်တွင်အသုံးပြုကြသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉ရာစုနှောင်းပိုင်းတွင် ဖွံ့ဖြိုးတိုးတက်လာတဲ့ သယ်ယူပို့ဆောင်ရေးနည်းလမ်း၊ဆက်သွယ်ရေးနည်းလမ်းများကိုအသုံးပြု၍ အကြောင်းအရာအခြေပြု ဈေးကွက်ဖော်ဆောင်ရေးနည်းလမ်းများကို စတင်အသုံးပြုလာကြပြီး ဖောက်သည်များနှင့် ခင်မင်ရင်းနှီးမှုများကိုတည်ဆောက်ရန်အတွက် ကြိုးစားလာကြသည်။