အစ္စလာမ်မစ် အကြံပေးလွှတ်တော်

အစ္စလာမ်မစ် အကြံပေးလွှတ်တော်သည် အီရန် နိုင်ငံအခြေခံဥပဒေစည်းမျဉ်းများ အတည်ပြုရေးဆွဲရာတွင်အဓိကဖြစ် သည်။ လွှတ်တော်ကိုယ်စားလှယ်များကိုလည်းမဲဆန္ဒအလိုက်ရွေးချယ်တင်မြှောက်ထားခြင်းဖြစ်သည်။ အီရန် လွှတ်တော်၏ သတ်မှတ်ချက်များနှင့်အညီ မဂျလစ်စေမိုကဒ်ဒပ်္စ = မွန်မြတ်သည့်အစည်းအရုံး အနေဖြင့် အစ္စ လာမ်မစ် အမျိုးသားလွှတ်တော် ၊ အစ္စလာမ်မစ်ပြည်သူ့လွှတ်တော်ဟူ၍လည်းခေါ်တွင်သည်။ အခြေခံစည်းမျဉ်း နှင့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံတော်ဥပဒေအရ ယခင်ကအမည်မှာ အမျိုးသားလွှတ်တော် ဖြစ်ပြီး ၁၃၅၉ သီးရ် လ ၃၁ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက၎င်းအဖွဲ့အစည်းကို အစ္စလာမ်မစ်လွှတ်တော် ဟုူ၍ အမည်တပ်ခေါ်ဆိုခဲ့သည်။[၁]

دومین ساختمان مجلس که پس از انقلاب بین سال‌های ۱۳۵۷ تا ۱۳۸۳ محل مجلس شورای اسلامی بود. این ساختمان پیش از انقلاب مرکز مجلس سنا بود. در حال حاضر از آن برای برگزاری اجلاس‌های مختلف از جمله خبرگان رهبری استفاده می‌شود.

အစ္စလာမ်မစ် လွှတ်တော်၏အဆိုပြုတင်သွင်းချက်များကို စောင့်ကြပ်ရေးအဖွဲ့၏အတည်ပြုချက်ရရှိပါကတရား ရေး နှင့်အကောင်ထည်ဖော်ဆောင်ရွက်ရေးဌါနများသို့ တရားဝင်ကြေညာပေးသည်။[၂] အချို့သောအရေးကြီးကဏ္ဍ များဖြစ်သည့် စီးပွားရေး ၊ နိုင်ငံရေး ၊ လူမှုရေး နှင့်ယဉ်ကျေးမှု ကိစ္စရပ်များ၌ ဥပဒေအတည်ပြုသတ်မှတ်ရန်အ တွက် ရှု့ထောင့်စုံမှစစ်ဆေးခြင်း လူထုထံမှတိုက်ရိုက်မဲဆန္ဒခံယူခြင်း တို့ဖြင့်ဆောင်ရွက်သည် ၊ ထိုသို့ဆန္ဒမဲခံယူ ရာတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များ၏အဆိုပြုချက်အပေါ် ထောက်ခံမဲသည်သုံးပုံနှစ်ပုံရှိရမည်ဖြစ်သည် [၃] အစ္စလာမ်မစ်လွှတ်တော်သည် မည်သည့်အဖွဲ့အစည်းများနှင့်မှမသက်ဆိုင်ဘဲသီးခြားရပ်တည်လျက် ရှိပြီးလွှတ် တော်၏ဆုံးဖြတ်ချက် လုပ်ဆောင်ချက်များနှင့်စပ်လျှဉ်းပြီး အပြင်မှအခြားမည်သည့်အဖွဲ့အစည်းကမှဝင်ရောက် စွက်ဖက်ပိုင်ခွင့်မရှိပါ။ လက်ရှိတွင်လည်း အစ္စလာမ်မစ် လွှတ်တော်သည် လွှတ်တော်ဥက္ကဋ္ဌ အပါအဝင်စုစုပေါင်းအယောက် ၂၉၀ ရှိ သည် ၊ အလီအာရ်ရှီးရ်လာရ်ယေဂျာနီ သည်လွှတ်တော်ဥက္ကဋ္ဌဖြစ်သည်။.

အစ္စလာမ်မစ် လွှတ်တော် ပြင်ဆင်ရန်

အီရန်အစ္စလာမ်မစ် လွှတ်တော်စည်းမျဉ်းဥပဒေ ၆၂ အရလွှတ်တော်ကိုယ်စားလှယ်များကိုပြည်သူ့မဲဆန္ဒဖြင့်ရွေး ချယ်တင်မြှောက်သည်။ လွှတ်တော်ကိုယ်စားလှယ်များကို လေးနှစ်တစ်ကြိမ်ပြန်လည်ရွေးချယ်တင်မြှောက်သည် ။ သက်တမ်းမပြည့်မီ ရွေးကောက်ပွဲကျင်းပပြီးကြိုတင်ပြင်ဆင်မှု ပြုလုပ်ခြင်းကြောင့် နိုင်ငံတော်တွင်လွှတ်တော်မ ရှိသည့်အချိန်ဟူ၍မရှိစေရန်ဆောင်ရွက်ထားသည်။[၄] လွှတ်တော်ကိုယ်စားလှယ်များဦးရေသည် အယောက် ၂၉၀ ဖြစ်ပြီး ၁၃၆၈ ခုနှစ်မှစ၍ ၁၀ နှစ်တစ်ကြိမ်လူ့အခွင့်အရေး ၊ နိုင်ငံရေး ၊ ပထဝီဝင်အနေအထားတို့အပေါ် မူတည် ပြီးလွှတ်တော်ကိုယ်စားလှယ်များကို အယောက် ၂၀ ခန့်တိုးမြှင့်ရွေးချယ်ခဲ့သည်။ ဇရ်သွရှ်သီ ၊ ကလီမီယါးန် ၊ ခရစ်ယါန် ၊ ကိလ်ဒါနီ တို့မှလည်းကိုယ်စားလှယ်တစ်ဦးစီ ရွေးချယ်တင်မြှောက်သည်။ ရွေးချယ်တင်မြှောက်မည့် ကိုယ်စားလှယ်လောင်းများ၏ အတိုင်းအတာအရည်အချင်း အရေအတွက်သည်လည်း ဥပဒေ အတိုင်းဖြစ်သည်။[၅]

ရွေးချယ်တင်မြှောက်ပြီးသော လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး၌သုံးပုံနှစ်ပုံ တက်ရောက်ပါက၎င်း အစည်းအဝေးကို အတည်ပြုနိုင်မည်ဖြစ်သည်။ အဆိုတင်သွင်းမှုများ ၊ မူကြမ်းရေးဆွဲမှုများကိုအတွင်းဥပဒေများ နှင့်အညီအတည်ပြုသတ်မှတ်သည်။ အချို့သောထူးကဲသည့်ကိစ္စရပ်များအတွက် ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ အ စည်းအဝေး၌ တက်ရောက်ရမည့် လွှတ်တော်ဦးရေကို သတ်မှတ်ချက်နှင့် အညီတက်ရောက်မှသာ အတည်ပြု ဆွေးနွေးသည်။[၆]

စစ်ပွဲကာလတွင် စစ်ရေးပြဿနာများရှုပ်ထွေးနေမှုကြောင့် သမ္မတ၏အကြံပေးချက်၊ လေးပုံသုံးပုံလွှတ်တော် ကိုယ်စားလှယ်များ၏အဆိုပြုချက်၊ စောင့်ကြပ်ရေးအဖွဲ့၏ထောက်ခံချက်များဖြင့် ရွေးကောက်ပွဲများပြုလုပ်နိုင်သ လို အချိန်အတိုင်းအတာတစ်ခုအထိလည်း ဆိုင်းငံ့ထားနိုင်မည်ဖြစ်ပြီး နောက်တစ်ကြိမ်ရွေးကောက်ပွဲမကျင်းပမီ အချိန်အထိလက်ရှိလွှတ်တော်မှ တာဝန်များကိုဆက်လက်ထမ်းဆောင်သွားရမည်ဖြစ်၏။[၇]

အစ္စလာမ်မစ် လွှတ်တော်၏အစည်းဝေးပွဲများသည် တရားဝင်ထင်ပေါ်စွာဆွေးနွေးရမည်ဖြစ်ပြီး အစည်းအဝေး ရလဒ်များကို ရေဒီယို နှင့်နိုင်ငံပိုင်သတင်းစာမှကြေညာဖော်ပြပေးသွားရမည်ဖြစ်သည်။ နိုင်ငံတော်လုံခြုံရေးနှင့်အ ရေးပေါ်အခြေအနေများတွင်သာ လှို့ဝှက်အစည်းအဝေးပြုလုပ်နိုင်ပြီး လှို့ဝှက်အဆိုတင်သွင်းမှုများသည်လည်း စောင့်ကြပ်ရေးအဖွဲ့၏ ရှေ့ရောက်ပါဝင်မှု လေးပုံသုံးပုံ လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံပေးမှုဖြင့်အ တည်ပြုနိုင်သည်။ ထိုကဲ့သို့ဆွေးနွေးမှုရလဒ်များကို အရေးပေါ်အခြေအနေကာလလွန်သွားပါက အများပြည်သူ သိသာစေရန် တရားဝင်ထုတ်ပြန်ကြေညာပေးရမည်ဖြစ်သည်။ .[၈]

အစ္စလာမ်မစ် လွှတ်တော်၏တာဝန်ပိုင်းနှင့် လုပ်ပိုင်ခွင့်အတိုင်းအတာများ ပြင်ဆင်ရန်

  • -အစ္စလာမ်မစ် လွှတ်တော်သည်အလုံးစုံစည်းမျဉ်းများကို အခြေခံစည်းမျဉ်းဥပဒေပေါ်မူတည်ပြီးရေးဆွဲနိုင်သည်။.[၉]
  • - လွှတ်တော်သည် နိုငံတော်မှတရားဝင်သတ်မှတ်ထားသော မဇ်ဟဘ် ၏ဓမ္မသတ်များ ၊ နိုင်ငံတော်အခြေခံစည်း မျဉ်းဥပဒေများနှင့်ဆန့်ကျင်သည့် ဥပဒေများကိုရေးဆွဲသတ်မှတ်ပိုင်ခွင့်မရှိပါ။.[၁၀]
  • - လွှတ်တော်ဥက္ကဋ္ဌ ကိုလွှတ်တော်ကိုယ်စားလှယ်များကသာ ရွေးချယ်တင်မြှောက်ရမည်ဖြစ်သည်။
  • -စည်းမျဉ်းဥပဒေများ၏ အကျယ်ရှင်းလင်းချက်များမှာ လွှတ်တော်ကောင်းကျိုးများအတွက်ဖြစ်သည်။[၁၁]
  • - အဖွဲ့အစည်းနှင့်ဝန်ကြီးများ ဥပဒေထုတ်ပြန်ပြီးပါက လွှတ်တော်သို့တင်သွင်းရမည်ဖြစ်ပြီး အခြေံမူကြမ်းရေးဆွဲ ထားမှုများကိုလည်း အနည်းဆုံးလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦး၏အကြံပြုချက်ဖြင့်လက်ခံထားမည်ဖြစ်သည်။.[၁၂]
  • - ဥပဒေ ၊ အကြံပြုချက်များနှင့် ပြုပြင်ပြောင်းလဲရေး ကိစ္စများနှင့်ပတ်သက်သည့် မူကြမ်းများသည်အထူးသဖြင့် ထုတ်ပြန်ကြေညာရမည့်ဥပဒေများ ဆိုပါက ၊ အများပြည်သူ၏ အကျိုးစီးပွားကိုလျော့နည်းသွားစေမည် အသုံးစ စရိတ်များမြင့်တက်လာမည် ဆိုသည့်အပေါ်မူတည်နေလျှင် လွှတ်တော်သည်၎င်းကိစ္စများကို ဖြရှင်းနိုင်သည့် အခြေအနေမျိုးရှိမှသာ၎င်းအခြေခံမူကြမ်းများကိုလက်ခံပေးနိုင်မည်ဖြစ်သည်။.[၁၃]
  • -အစ္စလာမ်မစ် လွှတ်တော်သည် တစ်နိုင်ငံလုံး၏အရေးကိစ္စများကို လေ့လာစမ်းစစ်ခွင့် ပါဝင်စွက်ဖက်ခွင့်ရှိသည်။[၁၄]
  • -အပြည်ပြည်ဆိုင်ရာ၏ ပေးပို့စာများ သဘောတူစာချုပ်စာတမ်းများသည် လွှတ်တော်၏အတည်ပြုချက်၌ရှိရမည် ဖြစ်သည်။.[၁၅]
  • - နယ်စပ်နယ်နမိတ်စည်း ပြောင်းလဲသတ်မှတ်မှုကို လုံးဝတားမြစ်ထားသည်။ နိုင်ငံကောင်းကျိုးအတွက်အချို့ သောအသေးစားပြောင်းလဲမှုများကိုပြုလုပ်ရာတွင်လည်း နှစ်နိုင်ငံနှစ်ဦးနှစ်ဖက်ညှိနှုင်းဆောင်ရွက်ရမည်မှာ သတ် မှတ်ချက်ဖြစ်သည်။ နိုင်ငံပိုင်မြေကိုလည်းထိခိုက်မှုမျိုးလုံးဝမရှိစေရ ၊ လေးပုံငါးပုံ လွှတ်တော်ကိုယ်စားလှယ်များ ၏အတည်ပြုချက်လည်းရှိရမည်။[၁၆]
  • -စစ်အစိုးရ ကာလရှည်အာဏာသိမ်းပိုက်ထားခြင်းမျိုးကိုလည်း တားမြစ်ထားသည် ၊ စစ်ကာလနှင့်အရေးပေါ်အ ခြေအနေမျိုးတွင်သာ အစိုးရမှလွှတ်တော်၏အတည်ပြုချက်ဖြင့် ယာယီအုပ်ချုပ်ခွင့် အာဏာပေးထားမည်ဖြစ်ပြီး မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ ရက် ၃၀ ထက်မပိုစေရ ၊ အကယ်၍အရေးပေါ်အခြေအနေများဆက်လက် ဖြစ်ပေါ်နေပါက အစိုးရက အထူးဂရုပြုရမည်ဖြစ်ပြီး စစ်တပ်ကို ဆက်လက်အာဏာလွှဲပေးရန် လွှတ်တော်ထံမှ နောက်တစ်ကြိမ် ခွင့်ပြုချက်ရယူရမည်ဖြစ်သည်။ - ( ပြည်တွင်းပြည်ပ ) အကြွေးယူခြင်း အကြွေးပေးခြင်း ကူညီပံ့ပိုးခြင်းများကို အစိုးရကလွှတ်တော်၏အတည် ပြုချက်ဖြင့်ဆောင်ရွက်သွားရမည်ဖြစ်သည်။[၁၇]
  • - နိုင်ငံခြားပညာရှင်များ၏ ကူညီပံ့ပိုးမှုကို အစိုးရကတားမြစ်ထားသည် ၊ အရေးပေါ်လိုအပ်သည့်အခြေအနေမျိုး တွင်လွှတ်တော်၏ခွင့်ပြုချက်ဖြင့်ဆောင်ရွက်နိုင်သည်။.[၁၈]
  • -ပြည်သူပိုင်အဖြစ်သတ်မှတ်ထားသည့် အစိုးရထိန်းသိမ်းထားသော ပစ္စည်းများကို ရွှေ့ပြောင်းပိုင်ခွင့်မရှိ လိုအပ် သည်ရှိသော်လွှတ်တော်၏အတည်ပြုထောက်ခံချက်ဖြင့် ဆောင်ရွက်နိုင်သည်။.[၁၉]
  • -လွှတ်တော်သည် ဥပဒေတစ်ခုခုအားအတည်ပြုသတ်မှတ်ရန် တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ် ခုကိုတာဝန်ပေးပိုင်ခွင့်မရှိပါ ၊ အကယ်၍လိုအပ်ခဲ့သော်မိမိတို့အတွင်းရှိ ကော်မရှင်များကိုတာဝန်ပေးနိုင်သည် ထို အနေအထားတွင်ဤကဲ့သို့သော ဥပဒေပြဋ္ဌာန်းမှုများသည် စမ်းသပ်ကာလထားရှိမည်ဖြစ်ပြီး နောက်ဆုံးအတည် ပြုချက်မှာလွှတ်တော်၏တာဝန်ဖြစ်သည်။[၂၀]
 
ساختمان قدیمی مجلس.
 
ساختمان قدیمی مجلس در میدان بهارستان (در سال ۱۳۳۴)
  • - အဖွဲ့အစည်းများ ဝန်ကြီးများနှင့်ပတ်သက်ပြီး ဖွဲ့စည်းပြီးချိန်နှင့်မည်သည့်ကိစ္စမဆို မဆောင်ရွက်မီအရင် နိုင်ငံ တော်သမ္မတ မှလွှတ်တော်၏ဆန္ဒကိုခံယူရမည်ဖြစ်သည်။.[၂၁]
  • - အဖွဲ့အစည်းများ ဝန်ကြီးများနှင့်ပတ်သက်ပြီး ဖွဲ့စည်းပြီးချိန်နှင့်မည်သည့်ကိစ္စမဆို မဆောင်ရွက်မီအရင် နိုင်ငံ တော်သမ္မတ မှလွှတ်တော်၏ဆန္ဒကိုခံယူရမည်ဖြစ်သည်။.[၂၂]
  • - မည်သည့်ကိစ္စမျိုးကိုမဆို လွှတ်တော်ကိုယ်စားလှယ်လေးပုံတစ်ပုံမှ သမ္မတ သို့မဟုတ် ဝန်ကြီးများထံမှ၎င်းတို့ ၏တာဝန်ပိုင်းဆိုင်ရာများနှင့်စပ်လျဉ်းပြီး မေးမြန်းစရာများရှိသော် ၎င်းတို့သည်လွှတ်တော်သို့ လာရောက်၍မေး မြန်းသည်များကိုအဖြေပေးရမည်ဖြစ်သည်။ ထိုသို့လာရောက်အဖြေပေးရာတွင် သမ္မတ သည်တစ်လထက်ပို၍ နောက်မကျစေရ ၊ ဝန်ကြီးဆိုပါက ၁၀ ရက်ထက်ပို၍နောက်မကျစေရ ၊ လွှတ်တော်မှလက်ခံပေးနိုင်မည့် ခိုင်လုံ သောအကြောင်းပြချက်ရှိမှသာ နောက်ကျခွင့်ရှိသည်။.[၂၃]
  • - လွှတ်တော်ကိုယ်စားလှယ်များမှ လိုအပ်သည်ရှိသော် ဝန်ကြီးတစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေခေါ်ယူမေး မြန်းလိုပါက ကိုယ်စားလှယ် ၁၀ ဦးလက်မှတ်ထိုးခေါ်ယူမှသာအတည်ဖြစ်မည်။ ဝန်ကြီးများသည်အတည်ပြုခေါ် ယူပြီးနောက်ပိုင်း ၁၀ ရက်အတွင်းလာရောက်၍မေးမြန်းမှုများကိုရှင်းလင်းတင်ပြရမည်။ အကယ်၍ဝန်ကြီးများအ ဖွဲ့မှလာရောက်ဖြေကြားခြင်းမရှိပါက လွှတ်တော်မှလိုအပ်သည့်အတိုင်း ရှင်းလင်းပြောကြားမှုများပြုလုပ်မည်ဖြစ် ပြီး လိုအပ်သည်ရှိသော်လွှဲအပ်ယုံကြည်မှုပိုင်ဆိုင်ရာအားနည်းကြောင်းထုတ်ဖော်သွားမည်ဖြစ်သည်။ ထိုသို့လွှတ် တော်မှ ယုံကြည်မှုမရှိတော့ပါက ဝန်ကြီးများကိုရာထူးမှဖယ်ရှားမည်ဖြစ်ပြီး နောက်ဝန်ကြီးများအဖွဲ့တွင်အဖွဲ့ဝင် မဖြစ်နိုင်တော့ပါ။
  • - လွှတ်တော်ကိုယ်စားလှယ် သုံးပုံတစ်ပုံမှ သမ္မတ၏နိုင်ငံတာဝန်များနှင့်စပ်လျဉ်းပြီး မေးမြန်းမှုများပြုလုပ်နိုင် သည် ၊ နိုင်ငံတော်သမ္မတသည်လည်း တစ်လအတွင်းလာရောက်ရှင်းလင်းတင်ပြပေးရမည်ဖြစ်သည်။ အထူးသ ဖြင့်သတ်မှတ်မေးခွန်းများကို လုံလောက်သည့်ရှင်းလင်းတင်ပြမှုမျိုးရှိရမည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြဆွေးနွေးမှုများကို သမ္မတမှအဖြေပေးရာတွင် ကိုယ်စာလှယ်သုံးပုံနှစ်ပုံမှခိုင်လုံသောအဖြေမဟုတ်ကြောင်း ကောက်ချက်ချပါက ရဲဟ်ဘဲရ် (အကြီးဆုံးသာသနာ့ခေါင်းဆောင်)သို့တင်ပြမည်ဖြစ်ပြီး ရဲဟ်ဘဲရ် မှလက်မှတ်ထိုး အတည်ပြုပြီးနောက် သမ္မတ ကိုတာဝန်မှရပ်ဆိုင်းလိုက်မည်ဖြစ်သည်။[၂၄]
  • -မည်သူမဆို လွှတ်တော်နှင့်ပတ်သက်၍သော်လည်းကောင်း ၊ လုပ်ထုံးလုပ်နည်းနှင့် တရားရေးကဏ္ဍ တို့နှင့်ပတ် သက်ပြီး လွှတ်တော်သို့တိုင်တန်းနိုင်သည်။ လွှတ်တော်မှလည်းလုံလောက်သည့်ရလဒ်များရသည်အထိ ဆောင် ရွက်ပေးရမည်ဖြစ်သည်။ နိုင်ငံတော်၏ တရားစီရင်ရေးနှင့်အကောင်အထည်ဖော်ဆောင်ရေးကိစ္စများဆိုပါက ၎င်း တို့သက်ဆိုင်ရာဌါနအသီးသီးမှ မေးမြန်းစုံစမ်းမည်ဖြစ်ပြီး သင့်တော်သည့်အချိန်၌ကြေညာပေးမည်ဖြစ်သည်။ အ များနှင့်သက်ဆိုင်သည့်ကိစ္စဆိုပါက အများသိနိုင်မည့်နည်းလမ်းဖြင့်ကြေညာပေးသွားမည်ဖြစ်သည်။.[၂၅]

အစ္စလာမ်မစ် လွှတ်တော်ရွေးကောက်ပွဲ ပြင်ဆင်ရန်

အစ္စလာမ်မစ် လွှတ်တော်သည်လေးနှစ်တစ်ကြိမ်ရွေးကောက်ပွဲကျင်းပရသည်။ အမတ်လောင်းများကို သက်ဆိုင် ရာအဖွဲ့အစည်းများမှထောက်ခံချက်ပေးရမည်၊ ၎င်းအဖွဲ့အစည်းမှာ ၂ အုပ်စုရှိသည် ပထမအဖွဲ့အစည်းမှာအစိုး ရနှင့်ဝန်ကြီးများအဖွဲ့၏အကောင်ထည်ဖော်ဆောင်ရေးအဖွဲ့ဖြစ်ပြီး နောက်အဖွဲ့အစည်းမှာစောင့်ကြပ်ရေးအဖွဲ့အ စည်းဖြစ်သည်။.

အကောင်ထည်ဖော်ဆောင်ရေးအဖွဲ့မှ သတ်မှတ်ချက် ၇ ခုဖြင့်စစ်ဆေးသွားမည်ဖြစ်ပြီးကိုက်ညီမှုရှိသည့်အမတ် လောင်းများကို စောင့်ကြပ်ရေးအဖွဲ့သို့တင်ပြမိတ်ဆက်ပေးမည်ဖြစ်သည်။ သတ်မှတ်ချက် ၇ ခုမှာအောက်ပါအ တိုင်းဖြစ်သည် - :

  1. ကျန်းမာရေးကောင်းရမည် အကြား အမြင် အပြောအာရုံများကောင်းမွန်ရမည်။
  2. ပြစ်မှုဆိုင်ရာကင်းရှင်းရမည်။
  3. မကောင်းမှုများနှင့် ကျော်ကြားသူမဖြစ်ရ။
  4. အသက် ၃၀ ပြည့်ပြီးဖြစ်ရမည်။
  5. ဘွဲ့လက်မှတ်ရရှိထားသူဖြစ်ရမည် သို့မဟုတ်( ၎င်းနှင့်ကိုက်ညီသည့် ၅ နှစ်တာပညာလုပ်ငန်းအတွေ့အကြုံ ရှိရမည်။)
  6. အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံတော်၏ အခြေခံစည်းမျဉ်းများကိုလိုက်နာယုံကြည်သူဖြစ်ရမည်။
  7. အစ္စလာမ် ၊ ဝေလာယသ် နှင့် ဖှစ်ကာကို လိုက်နာယုံကြည်သူဖြစ်ရမည်။

(၎င်းတို့နှင့်ကိုက်ညီပါက) စောင့်ကြပ်ရေးအဖွဲ့ သို့တင်ပြမိတ်ဆက်ပေးပြီး ၎င်းအဖွဲ့အစည်းမှလည်းထောက်ခံ ပေးမည်ဆိုလျှင် ရွေးကောက်ပွဲ၌ မဲဆန္ဒခံယူနိုင်မည်ဖြစ်သည်။.

ရွေးကောက်ပွဲတွင် လူထု၏ပါဝင်နိုင်မှုမှာ ပထမအကြိမ်တွင် ၅၂% ဒုတိယအကြိမ်၌ ၆၄.၆% တတိယအကြိမ်၌ ၅၉.၇% စတုတ္ထအကြိမ်တွင် ၅၈% ပဉ္စမအကြိမ်တွင် ၇၁.၁% ဆဌမအကြိမ်၌ ၆၇% သတ္တမအကြိမ်တွင် ၅၁.၁၅ % အဌမအကြိမ်တွင်၅၁% နဝမအကြိမ်တွင် ၆၄.၂% ဒဿမအကြိမ်တွင် ၆၁% ဖြစ်သည်။.

လွှတ်တော်အတွင်း တိုင်းအလိုက် နေရာထိုင်ခုံများ~ ပြင်ဆင်ရန်

အစ္စလာမ်မစ် လွှတ်တော်တွင်အီရန်၏တိုင်များအလိုက် ထိုင်ခုံပေါင်း ၂၈၅ ခုံရှိသည်။[၂၆]

သက်ဆိုင်ရာသာသနာအလိုက် လွှတ်တော်ကိုယ်စားလှယ်များ ပြင်ဆင်ရန်

အစ္စလာမ်မစ် တော်လှန်ရေးပြီးနောက် ပြည်သူ့လွှတ်တော်ဖွဲ့စည်းပြီးချိန်၌ သာသနာ့ဆိုင်ရာကိုယ်စားလှယ် များခန့်ထားရန်အခြေခံစည်းမျဉ်းတွင်ပြဋ္ဌာန်းခဲ့သည်။ ၎င်းနှင့်ပတ်သက်ပြီးတော်လှန်ရေးပြီးနောက် ၁၃၅၇ ခုနှစ်အ ခြေခံစည်းမျဉ်းတွင်အတည်ပြုခဲ့သည်။ ယခုလက်ရှိတွင် အစ္စလာမ်မစ် လွှတ်တော်၌ ဇဲရ်သွရှ်သီ ၊ ကလီမီယါးန် ၊ နှင့် ခရစ်ယာန် တို့မှကိုယ်စားလှယ်တစ်ဦးစီရှိကြသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ စည်းကမ်းသတ်မှတ်ချက် ၊ ရပိုင်ခွင့် နှင့်အတိုင်းအတာများ ပြင်ဆင်ရန်

  • ကျမ်းကျိန်ခြင်း - အဆင့်ဆင့်ထောက်ခံချက်ရရှိပြီး ရွေးကောက်ပွဲ၌အနိုင်ရရှိသော ကိုယ်စားလှယ်များသည်ဦးစွာ လွှတ်တော်တွင် ကျမ်းမြတ်ကုရ်အာန်ဖြင့်ကျမ်းကျိန်ရမည်ဖြစ်သည်။ ကျမ်းကျိန်လွှာတွင် ပါရှိသည့်အကြောင်းအ ရာများမှာအောက်ပါအတိုင်းဖြစ်သည်။ :                                بسم الله الرحمن الرحیمကျွနု်ပ်သည် ကျမ်းတော်မြတ်ကုရ်အာန်၏ရှေ့မှောက် အလ္လာဟ် အရှင်မြတ်ကိုတိုင်တည်၍ကျိန်ဆိုပါ၏ ၊ မိမိ၏လူ သားဖြစ်ခြင်းနှင့်မွန်မြတ်သည့်အပေါ် ကတိသစ္စာပြုပါသည် အစ္စလာမ် ၏သိက္ခာ ၊ အစ္စလာမ့်တော်လှန်ရေး၏အ သီးအပွင့် ၊ ပြည်သူ နှင့် အစ္စလာမ်မစ် နိုင်ငံတော်အား ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပါမည်။ ပည်သူမှအပ် နှင်းသောဤတာဝန်နှင့်ဝတ္တရားကို တရားမျှတသူတစ်ဦးအနေနှင့် သစ္စာစောင့်သိ ထိန်းသိမ်းပါမည်။ ကိုယ်စား လှယ်တစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ရာတွင် သီလသမာဓိရှိစွာဆောင်ရွက်ပါမည်။ နိုင်ငံတော်လွတ်လပ်စွာရပ် တည်နိုင်ရေး ၊ ပြည်သူလူထု၏ရပိုင်ခွင့် နှင့် ပြည်သူတို့ကိုအလုပ်အကျွေးပြုရာတွင် ခိုင်မြဲစွာရပ်တည်ပါမည်။ စည်းမျဉ်းဥပဒေများကိုကာကွယ်စောင့်ရှောက်ပါမည် ၊ ရေးသားပြောဆိုမှု အမြင်များ နိုင်ငံတော်တည်တံ့ခိုင်မြဲစွာ ရပ်တည်ရေး ၊ ပြည်သူလူထု၏လွတ်လပ်ခွင့် နှင့်၎င်းတို့နှင့်ပတ်သက်သည်များကို အကောင်းဆုံးဖော်ဆောင်နိုင် ရန်အစဉ်တစိုက်ဂရုပြုပါမည်။ 

အခြားသာသနာဆိုင်ရာ ကိုယ်စားလှယ်များလည်း အထက်ပါစာသားများကဲ့သို့ပင် ကျိန်ဆိုရသည် ၊ ကုရ်အာန် ဆိုသည့်နေရာတွင်သာ မိမိတို့၏ကျမ်းများဖြစ်သည့် အောင်စ်သား၊ အင်န်ဂျီလ်၊ သောင်ရာသ် စသည်တို့ကိုထည့် သွင်းရွတ်ဆိုရသည်။[၂၇]

  • -ကိုယ်စားလှယ်တိုင်း ပြည်သူတစ်ရပ်လုံးအတွက်တာဝန်ရှိသည် ၊ ပြည်တွင်းပြည်ပကိစ္စရပ်အားလုံးကိုဝင်ရောက် စွက်ဖက်ပြောရေးဆိုခွင့်ရှိသည်။[၂၈]
  • - မိမိတာဝန်ပိုင်းကိုမိမိ ကိုယ်တိုင်ရပ်တည်ဆောင်ရွက်ရမည် ၊ အခြားတစ်ယောက်အားလွှဲပြောင်းခြင်းမျိုး မရှိစေရ။ .[၂၁]
  • -လွှတ်တော်ကိုယ်စားလှယ်များသည် လူထု၏ရပိုင်ခွင့်နှင့် တာဝန်ထမ်းဆောင်ရာအပိုင်းကဏ္ဍတို့နှင့် စပ်လျဉ်း၍ မိမိတို့၏အမြင်များဆန္ဒများဖော်ထုတ်ရာတွင် လုံးဝလွတ်လပ်မှုရှိရမည်၊ အခြားသူတို့၏ဆန္ဒမဲအနောက်လိုက်ခြင်း (အများသဘောနောက်ရောယောင်လိုက်ခြင်း) မိမိအားအများထောက်ခံလိုစေသောဆန္ဒဖြင့် မိမိ၏အမြင်များကို လွတ်လပ်စွာတင်ပြခြင်းမရှိသည့် အနေအထားမျိုးမဖြစ်စေရ။[၂၉]

တော်လှန်ရေးပြီးနောက်ပိုင်း လွှတ်တော်ဥက္ကဋ္ဌရွေးချယ်မှု ပြင်ဆင်ရန်

လွှတ်တော်ဥက္ကဋ္ဌကို လွှတ်တော်ကိုယ်စားလှယ်များ၏မဲဆန္ဒဖြင့် ရွေးချယ်တင်မြှောက်သည်။ ရွေးချယ်တင် မြှောက်သည့်သက်တမ်းမှာတစ် နှစ်တာအတွက်ဖြစ်ပြီး လွှတ်တော်၏အတွင်းဥပဒေအရ နောက်တစ်ကြိမ်ထပ်မံ ရွေးချယ်ခံရန်အတွက် တားမြစ်ထားသည့် ဥပဒေမရှိပါ။ .

အစ္စလာမ်မစ် လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ပုံ ပြင်ဆင်ရန်

  • ၁၃၇၉-၀၁-၂၀ ရက်နေ့ပြဋ္ဌာန်းဥပဒေအရ လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ပုံမှာအောက်ပါအတိုင်းဖြစ် သည်။ :

(က) အသက်အပိုင်းအခြားအပေါ်မူတည်ပြီးရွေးချယ်ခြင်း ပြင်ဆင်ရန်

  • လွှတ်တော်ကိုယ်စားလှယ်များအတွင်းမှ အသက်အရွယ်အရလူငယ်ပိုင်းအကျဆုံးသူကိုရွေးချယ်တင်မြှောက် ပြီးဒုတိယအသက်အငယ်ဆုံးသူကို ဒုဥက္ကဋ္ဌအဖြစ်ရွေးချယ်တင်မြှောက်သည်။ အသက်အပိုင်းအခြားအရတူညီ နေကြသော်အသက်အရွယ်အငယ်ဆုံးသူများ ကိုရွေးချယ်ပြီး မဲခွဲဆုံးဖြတ်၍တင်မြှောက်သည်။ ထို့နောက်လွှတ် တော်၏ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှတ်တော်ဥက္ကဋ္ဌကိုကြေညာမည်ဖြစ်သည်။ (ماده 9)[၃၀]
  • -အသက်အရွယ်ပေါ်မူတည်၍ ရွေးချယ်တင်မြှောက်ပေးထားသည့်ဥက္ကဋ္ဌ၏တာဝန်များမှာ - (မိတ်ဆက်) ဖွင့်ပွဲအ ခမ်းအနားကျင်းပရခြင်း ၊ မဲဆန္ဒခံယူပွဲကျင်းပရခြင်း ၊ ကျမ်းကျိန်ပွဲကျင်းပပေးရခြင်း ၊ ယာယီဥက္ကဋ္ဌရွေးချယ်တင် မြှောက်ပေးရခြင်းတို့ဖြစ်သည်။  (ماده 10)

(ခ) ယာယီဥက္ကဋ္ဌ ရွေးချယ်ရေး ပြင်ဆင်ရန်

  • ယာယီဥက္ကဋ္ဌရွေးချယ်ရေးအဖွဲ့သည်ဒုတိယမြောက်စုံညီအစည်းအဝေးတွင် ယာယီဥက္ကဋ္ဌရွေးချယ်တင်မြှောက် မည်ဖြစ်ပြီး ရွေးချယ်တင်မြှောက်ပုံမှာအမြဲတမ်းဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်သည့်စည်းမျဉ်းအတိုင်းဖြစ်သည်။ ထို့ နောက်ကျမ်းကျိန်ဆိုပွဲကိုကျင်းပပေးမည်ဖြစ်သည်။ (ماده 11)

(ဂ) အမြဲတမ်းဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ရေး ပြင်ဆင်ရန်

  • လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံ၏အတည်ပြုထောက်ခံချက်ရပြီးနောက် ယာယီဥက္ကဋ္ဌအဖွဲ့မှ အမြဲတမ်း ဥက္ကဋ္ဌရွေးချယ်တင်မြှောက်ရေးကိုဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။ အမြဲတမ်းဥက္ကဋ္ဌ၏ သက်တမ်းမှာ တစ်နှစ်ဖြစ်သည်။ ဥက္ကဋ္ဌအသစ်ရွေးချယ်သည့်နေ့မှာ ယခင်ဥက္ကဋ္ဌသက်တမ်းကုန်ဆုံးသည့် နေ့တွင်ကျင်းပမည် ဖြစ်သည်။ အကယ်၍ရုံးပိတ်ရက်များနှင့် တိုက်ဆိုင်မှုရှိနေပါကကြိုတင်ပြီး ရွေးကောက်ပွဲကိုကျင်းပမည်ဖြစ်သည်။ ထို့အတွက် ဥက္ကဋ္ဌအသစ်သည်လည်း ရွေးကောက်ပွဲရက်မတိုင်မီ တာဝန်များကိုထမ်းဆောင်ရမည်ဖြစ်သည်။ (ماده 13)

အစ္စလာမ်မစ် လွှတ်တော်နှင့်ဆက်နွယ်သောဌါနများ ပြင်ဆင်ရန်

  • အစ္စလာမ်မစ် လွှတ်တော် သုတေသနဌါန
  • -အစ္စလာမ်မစ် လွှတ်တော် အစ္စလာမ့်သုတေသနဌါန
  • -အစ္စလာမ်မစ် လွှတ်တော် စာကြည့်တိုက် ၊ ပြတိုက်
  • -အစ္စလာမ်မစ် လွှတ်တော် ကော်မရှင်များအဖွဲ့
  • -နိုင်ငံတော်စိစစ်ရေးဝန်ကြီးများရုံး

လွှတ်တော်ကိုယ်စားလှယ်များ၏ အင်တာနက် အဆက်အသွယ် ပြင်ဆင်ရန်

အစ္စလာမ်မစ် လွှတ်တော်သည်ကိုယ်စားလှယ်များအတွက် သီးသန့်အင်တာနက် (ရုံးခန်း) ထားပေးသည် ၊ မိမိ တို့၏သက်ဆိုင်ရာကိုယ်စားလှယ်အသီးသီးနှင့် ထပ်ဆင့်ဆက်သွယ်နိုင်ရန်ဖြစ်သည်။[၃၁]

လွှတ်တော်တွင်ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်‍‍‍‍‍ ပြင်ဆင်ရန်

၁၃၉၆ ခွရ်ဒါဒ် လ ၁၇ ရက်နေ့တွင် ဘဟာရစ်္စသာန် လမ်းရှိ အစ္စလာမ်မစ်လွှတ်တော်ကိုတိုက်ခိုက်ခံခဲ့ရသည်။ ပ ထမဆုံး ဒါအိရှ် တိုက်ခိုက်မှုဖြစ်သည် ၊ သတင်းဖော်ပြချက်များအရ နံနက် ၁၁ နာရီအချိန်ခန့်၌မျက်နှာဖုံးဝတ် ဆင်ထားသူတစ်ဦး လွှတ်တော်ရှိရာလမ်းထဲသို့ဝင်ရောက်လာသည်၊ လွှတ်တော်အစောင့်မှပစ်ခတ်ရာထိုလူ၏ခြေ ထောက်ကိုထိမှန်ခဲ့သည်။ ထို့နောက် ၃ ဦးထပ်မံရောက်ရှိလာပြီး လွှတ်တော်အတွင်းပစ်ခတ်လေသည် အစောင့် တပ်များ၏ခုခံပစ်ခတ်မှုကြောင့် ကိုယ်ရောင်ဖျောက်ပုံးကွယ်ပြီး စုံစမ်းမေးမြန်းရေးဌါန အဆောက်အဦးမှနေရာယူ ပြီး အတွင်းအပြင်မဲမဲမြင်ရာ ရမ်းကားပစ်ခတ်လေတော့သည်။ ၄ နာရီခန့်အပြန်အလှန်ပစ်ခတ်မှုများပြီးနောက် လုပ်ကြံသူ တရားခံ ၄ ဦးစလုံးကိုအသေပစ်ဖမ်းဆီးနိုင်ခဲ့သည်။ ထိုလုပ်ကြံမှုကြီးတွင် ၁၂ ဦးသေဆုံးပြီး ၄၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒါအိရှ် အုပ်စုက၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။ ဤအဖြစ်အပျက် ပြီးနောက် ကမ္ဘာနှင့်အဝှမ်း လုပ်ကြံမှုများဆက်တိုက်ဆိုသလိုဖြစ်ပေါ်လာခဲ့သည်။ .


ကိုးကား ပြင်ဆင်ရန်

  1. قانون تغییر نام مجلس، مصوب مجلس شورا در ۳۱ تیر ۱۳۵۹ Archived 21 June 2019 at the Wayback Machine.
  2. اصل ۵۸ قانون اساسی جمهوری اسلامی ایران
  3. اصل ۵۹ قانون اساسی جمهوری اسلامی ایران
  4. اصل ۶۳ قانون اساسی جمهوری اسلامی ایران
  5. اصل ۶۴ قانون اساسی جمهوری اسلامی ایران
  6. اصل ۶۵ قانون اساسی جمهوری اسلامی ایران
  7. اصل ۶۸ قانون اساسی جمهوری اسلامی ایران
  8. اصل ۶۹ قانون اساسی جمهوری اسلامی ایران
  9. اصل ۷۱ قانون اساسی جمهوری اسلامی ایران
  10. اصل ۷۲ قانون اساسی جمهوری اسلامی ایران
  11. اصل ۷۳ قانون اساسی جمهوری اسلامی ایران
  12. اصل ۷۴ قانون اساسی جمهوری اسلامی ایران
  13. اصل ۷۵ قانون اساسی جمهوری اسلامی ایران
  14. اصل ۷۶ قانون اساسی جمهوری اسلامی ایران
  15. اصل ۷۷ قانون اساسی جمهوری اسلامی ایران
  16. اصل ۷۸ قانون اساسی جمهوری اسلامی ایران
  17. اصل ۷۹ قانون اساسی جمهوری اسلامی ایران
  18. اصل ۸۰ قانون اساسی جمهوری اسلامی ایران
  19. اصل ۸۲ قانون اساسی جمهوری اسلامی ایران
  20. اصل ۸۳ قانون اساسی جمهوری اسلامی ایران
  21. ၂၁.၀ ၂၁.၁ اصل ۸۵ قانون اساسی جمهوری اسلامی ایران
  22. اصل ۸۷ قانون اساسی جمهوری اسلامی ایران
  23. اصل ۸۸ قانون اساسی جمهوری اسلامی ایران
  24. اصل ۸۹ قانون اساسی جمهوری اسلامی ایران
  25. اصل ۹۰ قانون اساسی جمهوری اسلامی ایران
  26. تعداد نمایندگان هر استان در مجلس دهم
  27. اصل ۶۷ قانون اساسی جمهوری اسلامی ایران
  28. اصل ۸۴ قانون اساسی جمهوری اسلامی ایران
  29. اصل ۸۶ قانون اساسی جمهوری اسلامی ایران
  30. قانون آئین‌نامه داخلی مجلس شورای اسلامی။ معاونت حقوقی ریاست جمهوری (1379/01/20)။ 1395/03/09 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  31. မော်ကွန်းတင်ပြီးမိတ္တူ။ 13 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 April 2018 တွင် ပြန်စစ်ပြီး။