အထွေထွေရောဂါကုဆေးရုံကြီး (မန္တလေး)

အထွေထွေရောဂါကုဆေးရုံကြီး (မန္တလေး) (အင်္ဂလိပ်: Mandalay General Hospital; အတို​ကောက် MGH)သည် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၉လမ်းနှင့်လမ်း၃၀ကြား ၇၄လမ်းနှင့် ၇၇လမ်းကြားတွင် တည်ရှိသည်။ ခုတင် (၁၅၀၀)ဆံ့ဆေးရုံကြီးဖြစ်ပြီး အထက်မြန်မာပြည်အတွက် အားထားရာ ဆေးရုံကြီးတစ်ခုဖြစ်သည်။[၁]နေ့စဉ် လူနာ ၂၅၀၀ခန့်ကို ကုသပေးနေသည်။ဆေးတက္ကသိုလ် (မန္တလေး)နှင့် နီးကပ်စွာတည်ရှိပြီး ထိုတက္ကသိုလ်၏ သင်ကြားရေးဆေးရုံလည်းဖြစ်သည်။[၁]

အထွေထွေရောဂါကုဆေးရုံကြီး (မန္တလေး)
Mandalay General Hospital
Map
ပထဝီဝင်ဆိုင်ရာ
တည်နေရာလမ်း၃၀၊ ၇၄လမ်းနှင့် ၇၇လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့
ဝန်ဆောင်မှုများ
ကုတင်အရေအတွက်၁၅၀၀

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၈၈၇ခုနှစ်တွင် ဗြိတိသျှအစိုးရမှ အထက်မြန်မာပြည် ပြည်သူ့ကျန်မာရေးကိစ္စများအတွက် စတင်ဖွင့်လှစ်ခဲ့သည်။[၂]၁၉၂၅ခုနှစ်တွင် ခုတင်(၂၅၀)ဆံ့ မြူနီစီပယ်ဆေးရုံအဖြစ် စတင်ခဲ့ပြီး ၁၉၃၇တွင် ခုတင်(၃၅၀)၊ ၁၉၆၅တွင် ခုတင်(၈၀၀)၊ ၂၀၁၂တွင် ခုတင်(၁၀၀၀)ဆံ့ဆေးရုံအဖြစ် တိုးချဲ့နိုင်ခဲ့သည်။၂၀၁၃ခုနှစ်တွင် အ​မေရိကန်​ဒေါ်လာ ၂.၂၈သန်း သုံးစွဲကာအကြီးစားတိုးချဲ့မှုပြုလုပ်ခဲ့သည်။ လမ်း(၃၀)၊၇၄လမ်းနှင့် ၇၅လမ်းကြားတွင် မန်းတောင်ရိပ် (၉)ထပ် ဆေးကုသဆောင်ကို ဆောက်လုပ်ခဲ့ပြီး ၂၀၁၆ခုနှစ် ဇူလိုင်လ ၂၃ရက်​နေ့တွင် ခုတင် (၁၀၀၀)ဆံ့မှ ခုတင် (၁၅၀၀)ဆံ့​ဆေးရုံအဖြစ် တိုးချဲ့ခဲ့သည်။[၃][၄]နောက်ပိုင်းတွင် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် အထပ့်မြင့် ဆေးကုသဆောင်များ တိုးချဲ့လျက်ရှိသည်။

ပြခန်း ပြင်ဆင်ရန်

 
ဖျားနာကုသ​ဆောင် ၃
 
မန်း​တောင်ရိပ် ၉ထပ်ကုသ​ဆောင်
 
၁၀ထပ်​ဆေးကုသ​ဆောင်သစ်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Si Thu Lwin။ "Mandalay hospital boss seeks expansion"၊ Myanmar Times၊ 16 June 2015။ Archived from the original on 15 April 2017။ 
  2. Burdett၊ Henry C. (1903)။ Burdett's Hospitals and Charities။ Scientific Press။ p. 842။
  3. "မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီးအရေးပေါ်ကုသမှုဌာန၏ နေ့စဉ် လုပ်ငန်းဆောင်ရွက်မှုများ"။ Archived from the original on 24 October 2020။ 
  4. Maung Zaw။ "New hospital building to open in Mandalay"၊ Myanmar Times၊ 26 November 2014။ Archived from the original on 14 June 2016။