အန်ဂရာဒို ဟယ်ရိုအစ်စမိုမြို့

အန်ဂရာဒို ဟယ်ရိုအစ်စမို အား အများအားဖြင့် အက်ဂရာ ဟု အများသိကြပြီး ပေါ်တူဂီနိုင်ငံ အေဇိုးရက်စ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ တာဆေးရာကျွန်းပေါ်တွင် တည်ရှိသော စည်ပင်သာယာနယ်နိမိတ်တစ်ခု ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ဧရိယာ ၂၃၉ စတုရန်း ကီလိုမီတာ [၁] တွင် လူရီးရေ ၃၅,၄၀၂ ဦး ရှိသည်။ ထိုဒေသသည် တာဆေးရာ၏ တောင်ဘက်တစ်ခြမ်း ပါဝင်ပြီး မြောက်ဘက်ခြမ်းမှာ ပရိုင်ယာ ဒါ ဗစ်တိုးရီးယား အပိုင် ဖြစ်သည်။ ဆောမီဂယ်ကျွန်းပေါ်ရှိ ပွန်တာဒယ်လ်ဂါဒါမြို့ နှင့် ဖိုင်ရယ်ကျွန်းပေါ်ရှိ ဟော်တာမြို့ တို့ နှင့် အတူ အေဇိုးရက်စ်ဒေသရှိ ဒေသတွင်း မြို့တော် ၃ ခုတွင် တစ်ခု အပါအဝင် ဖြစ်သည်။ မြို့တော်တစ်ခုချင်းစီသည် အစိုးရ၏ အုပ်ချုပ်ရေး အစိတ်အပိုင်း ၃ ခုတွင်းမှ တစ်ခုစီကို တာဝန်ယူ ဆောက်ရွက်သည်။ ထို့အပြင် အေဇိုးရီးယန် ဘစ်ရှော့ ကျောင်းထိုင်ရာ မြို့လည်း ဖြစ်သည်။

အန်ဂရာဒို ဟယ်ရိုအစ်စမို

Angra do Heroísmo
စည်ပင်သာယာနယ်နိမိတ်
အန်ဂရာဒို ဟယ်ရိုအစ်စမို
အန်ဂရာဒို ဟယ်ရိုအစ်စမို
၏ တံဆိပ်အမှတ်အသား
Coat of arms
အေဇိုးရက်စ် ကျွန်းစုပေါ်တွင် အန်ဂရာ ဒို ဟယ်ရိုအစ်စမိုမြို့၏ တည်နေရာ
အေဇိုးရက်စ် ကျွန်းစုပေါ်တွင် အန်ဂရာ ဒို ဟယ်ရိုအစ်စမိုမြို့၏ တည်နေရာ
နိုင်ငံ ပေါ်တူဂီ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအေဇိုးရက်စ်
စည်ပင်သာယာနယ်နိမိတ် ဖွဲ့စည်းခြင်း၁၄၇၈
အုပ်ချုပ်ရေး
 • အမျိုးအစားဒေသဆိုင်ရာ အုပ်ချုပ်ရေး ယူနစ်
 • အဖွဲ့အစည်းကာမာယာ စည်ပင်သာယာ
 • မြို့တော်ဝန်ယိုဆေး ဂါဘရီယယ် ဒို အလာမို ဒီ မီနီးဆပ်
 • စည်ပင်သာယာဥက္ကဋ္ဌရီကာဒို မန်နျူယယ် ရော့ဒရစ် ဒီ ဘာရော့စ်
ဧရိယာ
 • စုစုပေါင်း၂၃၉.၀၀ စတုရန်းကီလိုမီတာ (၉၂.၂၈ စတုရန်းမိုင်)
အမြင့်၃၁ မီတာ (၁၀၂ ပေ)
အချိန်ဇုန်အေဇိုးရက်စ် (UTC-1)
 • Summer (DST)အေဇိုးရက်စ် (UTC0)
Postal Zone9701-101
Area code(s)(+351) 292 XX XX XX
အေဇိုးရက်စ်ဒေသရှိ အန်ဂရာဒို ဟယ်ရိုအစ်စမိုမြို့၏ အလယ်ဗဟိုဇုံ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း iv, vi
ကိုးကား 206
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း 1983  (သတ္တမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

မြို့တော်အား ၁၅ ရာစု၏ အနောက်ပိုင်းတစ်ဝက်တွင် တည်ထောင်ခဲ့သည်။ အန်ဂရာသည် နပိုလီယံစစ်ပွဲများ အတွင် ထင်ရှားသော ကဗျာဆရာ အာမေးဒါး ဂါးရတ် ခိုလှုံခဲ့သော မြို့ဖြစ်သည်။ ထို့ပြင် ပေါ်တူဂီ ဘုရင်မ ဒုတိယမြောက်မာရီယာ၏ ၁၈၃၀ မှ ၁၈၃၃ အတွင်း ခိုလှုံခဲ့ရာ မြို့လည်း ဖြစ်သည်။ ၁၉၈၃ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ကြေညာခဲ့သည်။


ကိုးကား ပြင်ဆင်ရန်

  1. Eurostat Archived September 6, 2014, at the Wayback Machine.