အပြိုင် လောက (အင်္ဂလိပ်: parallel universe) ဆိုသည်မှာ သီအိုရီဆိုင်ရာ အခြားသော ခပ်သိမ်းလောကတစ်ခုဖြစ်သည်။ ယင်းစကြဝဠာသည် မိမိတို့နေထိုင်သည့် လောက(Universe)အပါအဝင် ပုံသေလောက၊ အနန္တလောကတို့ ပါဝင်သည်။ ပုံသေလောကဟူသည် ဥပမာဆိုရသော် မပြောင်းလဲဘဲ ပုံသေအရွယ်အစားရှိသော လောကဖြစ်ပြီး အနန္တလောက (inifinite universe) ဟူသည် အဆုံးအစမရှိအောင် ကျယ်ပြောလှသည့် လောကဖြစ်သည်။ မဟာ လောကသည် ယင်းတို့နှင့် ကွဲပြားသည်။
လျော်ကန်သော ဘာသာပြန်အားဖြင့် -

  • လောက = universe
  • စကြဝဠာ = cakkavala (မြန်မာတို့ ပါဠိစာလုံးဖြင့် သုံးလေ့ရှိသော အနန္တစကြဝဠာအတွက် ဤစာမျက်နှာကို ကူးပြောင်းဖတ်ရှုပါ။)

လူသားတို့သည် တချိန်က မိမိတို့ကမ္ဘာမြေအား လောက၏ ဗဟိုဟု ထင်မှတ်ခဲ့ဖူးသည်။ ကော်ပါးနိကပ်ဆိုသောပုဂ္ဂိုလ်ပေါ်လာသောအခါ ကမ္ဘာသည် လောက(Universe)၏ဗဟိုမဟုတ်ဘဲ နေအဖွဲ့အစည်း (solar system) ၏ သာမန်ဂြိုဟ်တစ်စင်းမျှသာဖြစ်ကြောင်း သိရှိရသည်။ ထို့မှတဖန် မိမိတို့၏နေမင်းသည်လည်း နဂါးငွေ့တန်း ဂယ်လက်ဆီ၏ အလယ်အလတ်တန်းစား သာမန်ကြယ်တစ်စင်းမျှသာဖြစ်ကြောင်း၊ နဂါးငွေ့တန်းသည်လည်း Local Group ဆိုသည့် ဂယ်လက်ဆီအုပ်စု၏ သာမန်ဂယ်လက်ဆီဖြစ်ကြောင်း၊ ဂယ်လက်ဆီတို့သည်လည်း အုပ်စုဖွဲ့ကာ မဟာဂယ်လက်ဆီအုပ်စု စသည်ဖြင့် လောက(Universe)သည် အင်မတန် ကျယ်ပြောလှကြောင်း သိရှိခဲ့ရသည်။ သို့သော်လည်း ယနေ့လူသားတို့ လောက(Universe)၏ အနားစွန်းသို့ ခေတ်မီနည်းပညာများဖြင့် လှမ်းမျှော်သောအခါ အလင်းနှစ် ၁၂ ဘီလီယံအကွာအဝေးမှ အရာဝတ္ထုများအား တွေ့ရသည်။ ထိုအရာဝတ္ထုများသည် မဟာပေါက်ကွဲမှု ဖြစ်ပြီးချင်း နှစ်သန်းပေါင်းအနည်းငယ်အကြာတွင် ဖွဲ့တည်လာကြသည့် သက်တမ်းရင့် ဂယ်လက်ဆီများ၊ ကွေဆာများ ဖြစ်ကြသည်။ ယင်းအရာဝတ္ထုများ၏အလွန်တွင် အခြားသော ဂယ်လက်ဆီများလည်း ရှိနိုင်သေးသည်။ သို့သော် ယနေ့နည်းပညာဖြင့် မမြင်နိုင်ပေ။ ယင်းကဲ့သို့ လူသားတို့လက်လှမ်းမီသမျှ လေ့လာနိုင်သည့် လောကကိုလက်လှမ်းမီနိုင်သမျှလောက (observable universe) ဟု ခေါ်ဆိုသည်။

မဟာ လောကမော်ဒန်တွင် မိမိတို့ယနေ့ခေါ်ဆိုသည့် လေ့လာနိုင်သော လောကတို့သည် အခြားလောက(Universe) တစ်ခုအဖြစ် များစွာ တည်ရှိနိုင်သည်ဟုဆိုသည်။ ဂယ်လက်ဆီများကဲ့သို့ပင်တည်း။ ယင်းအဆိုအား သက်သေပြနိုင်ရန် မဖြစ်နိုင်သေးပေ။ သိပ္ပံပညာရှင်တို့သည် ယင်းအဆိုအား အငြင်းအခုံဖြစ်ကြသည်။ မဟာလောကကို ထောက်ခံသည့် သိပ္ပံပညာရှင်များမှာ စတီဖင် ဟောကင်း၊[၁] အလန် ဂု၊ ဘရိုင်ယန် ဂရင်နီ၊[၂][၃]Neil deGrasse Tyson[၄] စသည်တို့ဖြစ်ကြပြီး အခြားသော နိုဘယ်ဆုရ ထင်ရှားသူများလည်း ပါဝင်သည်။ မယုံကြည်သူအများအပြားရှိသော်လည်း သီအိုရီအရ ပူစီဖောင်း တစ်ခုမှနောက်တစ်ခုထပ်ထွက်လာပုံနှင့် ဥပမာပြထားကြသည်။ ကွမ်တမ်သီအိုရီအရလည်း မဟာပေါက်ကွဲမှု မဖြစ်ခင်တွင် အီလက်ထရွန်အမျိုးအစား ဖြစ်သောကြောင့် အက်တမ်တည်ဆောက်ပုံအရ အပြိုင်လောကများရှိနိုင်သည်။ လောက(Universe)များကို တွင်းနက်မှတစ်ဆင့် ဆက်သွယ်ထားသည်ဟုလည်း အချို့ကယူဆကြသည်။


ကိုးကား ပြင်ဆင်ရန်

  1. Universe or Multiverse။ p. 19။ ISBN 9780521848411Some physicists would prefer to believe that string theory, or M-theory, will answer these questions and uniquely predict the features of the Universe. Others adopt the view that the initial state of the Universe is prescribed by an outside agency, code-named God, or that there are many universes, with ours being picked out by the anthropic principle. Hawking argues that string theory is unlikely to predict the distinctive features of the Universe. But neither is he is an advocate of God. He therefore opts for the last approach, favouring the type of multiverse which arises naturally within the context of his own work in quantum cosmology.
  2. Greene၊ Brian (January 24, 2011)။ "A Physicist Explains Why Parallel Universes May Exist"npr.org (အင်တာဗျူး)။ အင်တာဗျူးသူ Terry Gross။ 13 September 2014 တွင် မူရင်း အား မော်ကွန်းတင်ပြီးSeptember 12, 2014 တွင် ပြန်စစ်ပြီး Unknown parameter |deadurl= ignored (|url-status= suggested) (အကူအညီ) E
  3. Greene၊ Brian (January 24, 2011)။ "Transcript:A Physicist Explains Why Parallel Universes May Exist"npr.org (အင်တာဗျူး)။ အင်တာဗျူးသူ Terry Gross။ 13 September 2014 တွင် မူရင်း အား မော်ကွန်းတင်ပြီးSeptember 12, 2014 တွင် ပြန်စစ်ပြီး Unknown parameter |deadurl= ignored (|url-status= suggested) (အကူအညီ) E
  4. Freeman၊ David (March 4, 2014)။ Why Revive 'Cosmos?' Neil DeGrasse Tyson Says Just About Everything We Know Has Changedhuffingtonpost.com။ 13 September 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 12, 2014 တွင် ပြန်စစ်ပြီး။