အရှေ့တစ်ဝက်ပိတ်အပြန့်သရ

အရှေ့တစ်ဝက်ပိတ်အပြန့်သရ (အင်္ဂလိပ်: close-mid front unrounded vowel သို့ high-mid front unrounded vowel) သည် အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်၍ နိုင်ငံတကာသဒ္ဒဗေဒအက္ခရာတွင် ⟨e⟩ (အေ) သင်္ကေတဖြင့်ပြသည်။

close-mid front unrounded vowel
e
IPA Number302
Encoding
Entity (decimal)e
Unicode (hex)U+0065
X-SAMPAe
Braille⠑ (braille pattern dots-15)

အရှေ့တစ်ဝက်ပိတ်အပြန့်သရကို Lower-Case E ဟူ၍လည်း ခေါ်တွင်နိုင်ပြီး bake, say, eight, face စသော စကားလုံးမျမှ သရသံ (အေ) ကို ဖလှယ်ရန်အသုံးပြုနိုင်သည်။ ဤသရသင်္ကေတသည် လုံးချင်းသရတစ်ခုဖြစ်၍ ဗြိတိသျှ၊ အမေရိကန် အင်္ဂလိပ်စကား၌ သရတွဲသံ အဖြစ်ထွက်လေ့ရှိကြသည်။[၁] ခေတ်ပေါ် အင်္ဂလိပ်အဘိဓာန်အချို့တွင်လည်း (အေ, အေး) သရသံကို အဖြစ် ရေးသားဖော်ပြလေ့ရှိကြသည်။ ဗြိတိသျှအများလက်ခံအသံထွက် (RP) တွင် အစဉ်ဆက်သဘောနှင့် အဆင်ပြေစေမှုအရ နိုင်ငံတကာသုံး ⟨e⟩ အက္ခရာကို ⟨ɛ⟩ (အယ်, အဲ) အဖြစ် သုံးစွဲကြသည်။ နမူနာအားဖြင့် bed ကို [bed] အဖြစ် ဖလှယ်ရေးသားကြ၏ ။[၂]


မြန်မာစကားတွင် ပေပေးပိတ် အစရှိသော စကားလုံးများမှ သရသံကို ဤအက္ခရာ ဖြင့်ဖလှယ်ရေးသားနိုင်သည်။ ဥပမာ ပေ ကို [pe]ပေး ကို [`pe:][pé] ဟူ၍ အသီးသီး ရေးသားနိုင်ကာ ပိတ် ကို သရတွဲသံ အသုံးပြု၍ [peiʔ] အဖြစ် ဖလှယ်ရေးသားနိုင်သည်။ အသံထွက်ရာတွင် မြန်မာတို့သည် အခြေခံသရပါ အမှတ် (၂) ဖြစ်သော ⟨e⟩ ထက် အနည်းငယ်ပို၍ ပွင့်ပြီးထွက်လေ့ရှိကြသည်။ [peiʔ] ကို မြန်မာစကားတွင် ထွက်ရှိရာ၌ အင်္ဂလိပ်စကားတွင်ကဲ့သို့ မဟုတ်ဘဲ ခပ်ပြတ်ပြတ် ထွက်ရှိသည်။ ⟨e⟩ သရသံမှ ⟨i⟩ သရသံသို့ လျှာချက်ချင်းပြောင်း၍ ထွက်ရှိ၏ ။[၃]

အင်္ဂါရပ် ပြင်ဆင်ရန်

  • အရှေ့သရဟုဆိုရာ၌ လျှာသည် ခံတွင်း၏ အရှေ့ပိုင်း၌ တည်ရှိသည်။
  • တစ်ဝက်ပိတ်သရ ဆိုသည်မှာ လျှာ၏ နိမ့်မြင့်အနေအထာအရး တစ်ဝက်သရထက် အပေါ်သို့ရောက်ရှိကာ အပိတ်နီးပါးသရ၏ အောက်ဘက်၌တည်ရှိသည်။
  • အပြန့်သရများကို ထွက်ရှိရာတွင် နှုတ်ခမ်းကို ဖြန့်၍ ထွက်ရှိကြသည်။

ကိုးကား ပြင်ဆင်ရန်

  1. Linda I. House (1 February 2013)။ Introductory Phonetics and Phonology: A Workbook Approach။ Psychology Press။ pp. 34–35။ ISBN 978-1-134-99568-4
  2. Wells၊ John C (1982)။ Accents of English, Volume 1: An Introduction (pp. i–xx, 1–278), Volume 2: The British Isles (pp. i–xx, 279–466), Volume 3: Beyond the British Isles (pp. i–xx, 467–674)။ Cambridge University Press။ ISBN 0-52129719-2, 0-52128540-2, 0-52128541- |isbn= တန်ဖိုး invalid character စစ်ဆေးရန် (အကူအညီ)RP transcriptions use ⟨e⟩ rather than ⟨ɛ⟩ largely for convenience and historical tradition; it does not necessarily represent a different sound from the General American phoneme, although the RP vowel may be described as somewhat less open than the American one no-break space character in |title= at position 51 (အကူအညီ)
  3. L. E. Armstrong and Pe Maung Tin (1925)။ A Burmese Phonetic Reader: With English translation။ The London Phonetic Readers။ London: University of London Press။ e has a position slightly more open than Cardinal Vowel No. 2; "ei" (chief subsidiary member of the e-phoneme). Before e is replaced by a narrow diphthong 1 "ei", which is similar in quality to that is used by many English speakers in pronouncing eight , etc., but is much shorter than this sound. In "ei" the initial position is a little lower than for e (described above), the tongue immediately gliding from this position to i.