Fleas
Temporal range: Middle Jurassic–Recent
False Colour scanning electron micrograph of a flea
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Arthropoda
မျိုးပေါင်း: Insecta
(unranked): Eumetabola
(unranked): Endopterygota
Superorder: Panorpida
မျိုးစဉ်: Siphonaptera
Latreille, 1825
မျိုးစဉ်ခွဲများ

Ceratophyllomorpha
Hystrichopsyllomorpha
Pulicomorpha
Pygiopsyllomorpha

Synonyms

Aphaniptera

အလှေးတစ်ကောင်အား အီလက်ထရွန် မိုက်ခရိုစကုပ်ဖြင့် စစ်ကြောကြည့်ခြင်း

အလှေး (Flea) ဆိုသည်မှာ နို့တိုက်သတ္တဝါနှင့် ကြက်ငှက်များပေါ်တွင်နေပြီးလျှင် ယင်းတို့၏သွေးကို စုပ်ယူစားသောက်ကာ အသက်ရှင်လျက်ရှိကြသော အလွန်သေးငယ်သည့် အတောင်မဲ့ အင်းဆက်ပိုးများဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် Flea ဟု ယေဘူယျ သတ်မှတ်ကြသည်။ ယင်းတို့ တွယ်ကပ်၍နေသော သတ္တဝါကိုလိုက်၍ အမည်အမျိုးမျိုး ရရှိကြသည်။ ပုံစံအားဖြင့် ခွေး၏ကိုယ်ပေါ်၌ တွေ့ရသောအလှေးကို ခွေးလှေး၊ (သို့) ခွေးသန်းဟူ၍လည်းကောင်း၊ ကြောင်၏ကိုယ်ပေါ်၌ တွေ့ရသောအလှေးကို၊ ကြောင်လှေး (သို့) ကြောင်သန်း ဟူ၍လည်းကောင်း၊ ကြွက်၏ကိုယ်ပေါ်၌ တွေ့ရသောအလှေးကို ကြွက်လှေး၊ သို့မဟုတ် ကြွက်သန်း ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသည်။

အလှေးများသည် သေးငယ်သော အင်းဆက်ပိုးများဖြစ်ရကား အကြီးဆုံး အလှေးသည် တစ်လက်မ၏ လေးပုံတစ်ပုံမျှသာ ရှိသည်။ အခြားအင်းဆက်ပိုးများကဲ့သို့ အတောင်များ မရှိ သော်လည်း အလွန်သန်မာသော နောက်ခြေနှစ်ချောင်းရှိသော ကြောင့် တစ်နေရာမှ အခြားဝေးလံသော တစ်နေရာသို့ ကျင်လည်စွာ ခုန်၍သွား နိုင်သည်။ အချို့အလှေးများသည် ယင်း တို့၏ ကိုယ်အလျားထက် အဆပေါင်း ၁ဝဝ မျှဝေးသော နေရာသို့ ခုန်၍ သွားနိုင်သဖြင့် အခုန်အသန်ဆုံးသတ္တဝါဟု အသိအမှတ်ပြုကြသည်။ အလှေးများသည် ယင်းတို့ တွယ်ကပ် ထားသော သတ္တဝါကိုလိုက်၍ တစ်မျိုးစီ သီးခြားရှိကြသည်။ အလှေး၏ ကိုယ်ခန္ဓာသည် ငါးကဲ့သို့ ပါး၍ပြားသည်။ တွယ် ကပ်ထားသည့် တိရစ္ဆာန်တို့၏ အမွှေးအမှင်ကြားထဲ၌ အလွယ် တကူ သွားလာနေနိုင်ကြသည်။ များသောအားဖြင့် သွေးစုတ် ကောင်များဖြစ်သည့်အားလျော်စွာ ယင်းတို့ ဦးခေါင်း၌ ရှည် လျား ချွန်ထက်သော နှုတ်သီးများ ရှိကြသည်။ ထိုနှုတ်သီးဖြင့် တိရစ္ဆာန်၏ အရေပြင်ကိုထိုးဖောက်ပြီးလျှင် သွေးစုတ်ယူကြ သည်။

အရွယ်ရောက်သော အလှေးမသည် မိမိ တွယ်ကပ်ထားရာ တိရစ္ဆာန်၏ အမွေးများ အကြား၌ဖြစ်စေ၊ ကော်ဇော်စသော အခင်း၏အမွေးများ အကြား၌ဖြစ်စေ ဥများကို အုတတ်သည်။ ဥမှပေါက်ခါစ အလှေးကောင်ကလေးများသည် အမွေးထူသည့် ပိုးကောင်ကလေးများနှင့် တူသည်။ ယင်းတို့၌ ပါးစပ်နှင့် ခြေ ထောက် အစုံအလင် ပါရှိ၏။ အလှေးတို့သည် အညစ်အကြေး များရှိရာတွင် ကျက်စားနေထိုင်လေ့ရှိကြသည်။ အလှေးသည် ပလိပ်ရောဂါပိုးများကို ကြွက်မှလူသို့ ယူဆောင်သွားနိုင်သဖြင့် လူတို့အား အန္တရာယ် အပေးနိုင် ဆုံး ပိုးမွှားများတွင် အပါ အဝင် ဖြစ်လေသည်။ ရှာဖွေသိရှိရသော အလှေးမျိုးပေါင်းမှာ ၁ဝဝဝ နီးပါးမျှရှိ၍ ယင်းတို့အားလုံးသည် သွေးစုတ်ကောင်များ ဖြစ်ကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)