အသွင်ယောင် ပကတိ(အင်္ဂလိပ်: virtual reality) (ဗာတျူအယ် ရီအယ်လ်လီတီ) သို့မဟုတ် ဗွီအာရ် (အင်္ဂလိပ်: VR) ဆိုသည်မှာ ကွန်ပျူတာဖြင့် ဖန်တီးထားသည့် အတုအယောင် လောကတွင် ကွန်ပျူတာ ဖန်ဆင်းမှုကြောင့် တွေ့မြင်ခံစားရသော အတွေ့အကြုံ ကို ခေါ်ဆိုခြင်းဖြစ်သည်။

ဒမ်းရှတက်ဒ်၊ ဂျာမနီ ရှိ ဥရောပအာကာသအေဂျင်စီ မှ သုတေသီများက HTC Vive ဗွီအာရ် ခေါင်းစွပ်မျက်မှန် နှင့် ရွေ့ရှားမှုထိန်း ကရိယာ တို့ကို အသုံးပြု၍ အနာဂါတ် တွင် လကမ္ဘာ၌ အခြေစိုက် နေထိုင်မည့် အာကာသယာဉ်မှူး များကို မီးငြိမ်းသတ်နည်း သင်ကြားပေးရာတွင် အသွင်ယောင် ပကတိ သုံးရန် အလားအလာ ရှိပုံကို သရုပ်ပြနေစဉ်။

အသွင်ယောင် ပကတိ ကို ကွန်ပျူတာဖြင့် ဖန်ဆင်းရာတွင် အမြင်နှင့် အကြားအာရုံကို အဓိကထား၍ ဖန်တီးမှုပြုလေ့ ရှိသော်လည်း ဖန်တီးမှုတွင် အခြားအာရုံများပါ ပါဝင်နိုင်သည်။

လူသား၏အာရုံကို လွှမ်းခြုံစိုးမိုးနိုင်သော အသွင်ယောင်ပကတိ လောကတွင် ပကတိ နှင့် အသွင်တူ ကမ္ဘာလောကကို ဖန်ဆင်းနိုင်သလို စိတ်ကူးယဉ် ကမ္ဘာလောကကိုလည်း ဖန်တီးနိုင်သည်။

လက်ရှိ ဗွီအာရ် နည်းပညာ နှင့် ဖန်တီး မှုတွင် အသွင်ယောင် ပကတိ ခေါင်းစွပ် မျက်မှန် သို့မဟုတ် ရုပ်ပုံဖော်ပြစက်များ အသုံးပြုလေ့ရှိသည်။ အသုံးပြုသူ ၏ အမြင်၊ အကြား၊ ထိတွေ့မှု နှင့် အခြား အာရုံများကို တီထွင်ဖန် ဆင်းရာတွင် အထူးပြုလုပ်ထားသော အခန်း သို့မဟုတ် ရုပ်ပုံများ ကို အသုံးပြု၍ အရိပ် အယောင် လောက တွင် တကယ်ရောက်ရှိ နေသကဲ့သို့ ထင်မှတ်ရအောင် ဖန်တီးသည်။


စကားလုံးရင်းမြစ် ပြင်ဆင်ရန်

ဗာတျူအယ် (အင်္ဂလိပ်: virtual) (မြန်မာဘာသာပြန် - အသွင်ယောင်) ကို "အနှစ် သာရအားဖြင့် အလားတူဖြစ် သော်လည်း အမှန် တကယ် မဖြစ်၊ မရှိ" ဟူသော အဓိပ္ပါယ်ဖြင့် အင်္ဂလိပ်စာတွင် တစ်ဆယ့်လေး ရာစုနှစ် နှစ်ကတဲကစတင် အသုံးပြုခဲ့သည်။[၁] ဤ ဝေါဟာရကို ၁၉၅၉ ခုနှစ် ကတဲက စတင်၍ ကွန်ပျူတာလောက တွင် "ရုပ်ဝတ္ထုအား ဖြင့် အမှန်တကယ် မရှိ သော်လည်း ဆော့ဖ်ဝဲရ် ဖြင့် ဖန်တီးထားသောအရာ" ဟူသော ဟူသော အဓိပ္ပါယ်ဖြင့် အသုံးပြုခဲ့သည်။[၁]

 
၂၀၁၀ ခုနှစ်က အမေရိကန် ပြည်ထောင်စုရှိ အိုင်ဒါဟို အမျိုးသား ဓာတ်ခွဲခန်း၏ အဆင့်မြင့် စွမ်းအင်သုတေသန ဗဟိုဌာနမှ CAVE အသွင်ယောင် ပကတိ အခန်း

ကျမ်းကိုး ပြင်ဆင်ရန်