အာနက်စတို ဘာတာရယ်လီ

ဆွစ်-အီတလီလူမျိုး ဘီလျံနာ၊ လုပ်ငန်းရှင်၊ ပရဟိတသမား

အာနက်စတို ဘာတယ်ရယ်လီ သည် ဆွစ်-အီတလီလူမျိုး ဘီလျံနာတစ်ဦးဖြစ်ပြီး စီးပွားရေးစွမ်းဆောင်ရှင် တစ်ဦးလည်းဖြစ်သည်။ သူ့ပိုင်ဆိုင်မှုများမှာ ၂၀၁၀ ခုနှစ်တွင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံခန့်ရှိပြီး Forbes မဂ္ဂဇင်း၏ စာရင်းပြုစုထုတ်ဝေမှုအရ ကမ္ဘာ့အချမ်းသာဆုံးစာရင်းတွင် အဆင့် ၆၄ ဖြစ်သည်။

အာနက်စတို ဘာတာရယ်လီ
အာနက်စတို ဘာတာရယ်လီ
နိုင်ငံသား ဆွစ်ဇာလန်
လူမျိုး အီတလီလူမျိုး
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၈.၂ ဘီလျံ
ကြင်ဖော် ခရစ်စတီ ရော့ပ်ပါ(၂၀၀၀)
သားသမီး ၃ဦး

အတ္ထုပ္ပတ္တိ ပြင်ဆင်ရန်

ရောမမြို့တွင်မွေးဖွားသူဖြစ်ပြီး မိသားစုနှင့်အတူ ၁၉၇၇ ခုနှစ်တွင် ဆွစ်ဇလန်သို့ ပြောင်းလာခဲ့သည်။ Babson တက္ကသိုလ်မှ အောင်မြင်ပြီး MBA ဘွဲ့ကို ဟားဗတ်စီးပွားရေးကျောင်းမှ ၁၉၉၃ ခုနှစ်တွင် ရရှိခဲ့သည်။

အသက်မွေးဝမ်းကြောင်းလုပ်ငန်း ပြင်ဆင်ရန်

ရောမမှဆွစ်ဇလန်ကိုပြောင်းသောအခါ သူ၏ဖခင်သည် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Serono ကို တည်ထောင်ခဲ့သည်။ ဖခင်သေဆုံးသွားသောအခါ သူ၏အစ်မ Dona က ကုမ္ပဏီကိုအမွေဆက်ခံလိုက်ပြီး ၁၉၉၆ တွင် ဘာတယ်ရယ်လီ က CEO နှင့် လက်ထောက်ဥက္ကဋ္ဌဖြစ်လာသည်။ ကုမ္ပဏီ၏အဓိကလမ်းကြောင်းကို ဆေးဝါးထုတ်လုပ်ရေးအပိုင်းမှ ဇီဝနည်းပညာပိုင်းသို့ ပြောင်းလဲ လိုက်သောအခါ အခွန်ဘဏ္ဍာများက ၁၉၉၆ တွင် ဒေါ်လာ ၈၀၉ မီလျံ ပေးဆောင်ရာမှ ၂၀၀၆ ခုနှစ် တွင် ၂.၈ ဘီလီလျံသို့ တိုးမြင့်သွားသည်။

သူတို့ကုမ္ပဏီသည် အမျိုးသမီးများမျိုးဆက်ပြန့်ပွားရေးကုထုံးတွင်သုံးသည့် သဘာဝဟော်မုန်းဓာတ် တစ်မျိုးကို ရှာဖွေတွေ့ရှိပြီးနောက်ပိုင်းတွင် နာမည်ကြီးလာသည်။ ဘာတယ်ရယ်လီ သည် ၂၀၀၆ ခုနှစ်တွင် အကြံပေးအဖွဲ့အား ကုမ္ပဏီကို ဇန်နဝါရီ ၂၀၀၇ ခုနှစ်တွင် ယူအက်စ်ဒေါ်လာ ၁၃.၃ ဘီလီလျံတန်ဖိုးဖြင့် ဂျာမနီရှိ Merck KGaA သို့ရောင်းပြီး Merck-Serono အမည်ရှိ ကုမ္ပဏီအသစ်ကို ဖွဲ့စည်းရန် ညွှန်ကြားခဲ့သည်။ ဘာတယ်ရယ်လီ နှင့်သူ့အစ်မသည် ၉ ဘီလျံကို ခွဲဝေယူခဲ့သည်။

Serono နောက်ပိုင်း ပြင်ဆင်ရန်

၂၀၀၂ နှင့် ၂၀၀၉ ခုနှစ်အတွင်းတွင်း ဘာတယ်ရယ်လီ သည် UBS AG ၏ ဘုတ်ဒါရိုက်တာအဖြစ် အမှုထမ်း ဆောင်ခဲ့သည်။ သူ၏လက်ရှိစီးပွားရေးလုပ်ငန်းနှင့်ဘဏ္ဍာရေးအမြတ်များသည် ရန်ပုံငွေများ၊ ပိုင်ဆိုင်ခွင့်စီမံမှုများ၊ ပုဂ္ဂလိက အရင်းအနှီးများနှင့်မြေယာအိမ်ခြေဝန်ဆောင်မှုများလုပ်သည့် Kedge Capital ဟုခေါ်သော ရင်းနှီးမြှုပ်နှံမှုနှင့် စီမံခန့်ခွဲမှုအဖွဲ့တွင် ပါဝင်သည်။ ၂၀၀၈ ခုနှစ်တွင် သူသည် ဆေးဝါးနည်းပညာ၊ ဇီဝနည်းပညာ၊ ဆေးဝါးထုတ်လုပ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတို့ကို အတွေးအမြင်၊ ဗဟုသုတအတွေ့အကြုံတို့နှင့်ပေါင်းစပ်ကာ Ares Life Sciences ကိုစတင်ဆောင်ရွက်ခဲ့သည်။

ရွက်လွှင့်ခြင်း ပြင်ဆင်ရန်

၂၀၀၀ ခုနှစ်တွင် ဘာတယ်ရယ်လီ သည် America’s Cup ကိုရယူနိုင်ရန် Auckland ရှိ နယူးဇီလန်အသင်းကို မနိုင်ခင် Société Nautique de Genève ကိုကိုယ်စားပြုပြီး Louis Vuitton Cup ကိုနိုင်ခဲ့သည့် Team Alinghi ဟု ခေါ်သည့် ရွက်လှေအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ပထမဦးဆုံးကြိုးပမ်းမှုတွင် အများတကာငမ်းငမ်းတက်လိုချင်နေသော ဆုဒိုင်းကို အနိုင်ရရှိခဲ့ပြီး ဥရောပ သို့ ဖလားကို ပထမဆုံးအကြိမ်သယ်ဆောင်လာနိုင်သော အောင်မြင်မှုလည်းဖြစ်သည်။

Team Alinghi သည် New Zealand’s 2000 crew အဖွဲ့၏ မာလိန်မှူးနှင့်နည်းဗျူဟာသမား Russell Coutts နှင့် Brad Butterworth တို့အပါအဝင် နိုင်ငံမျိုးစုံရှိသင်္ဘောသားများကို အလုပ်ခန့်ထားခဲ့သည်။ ဘာတယ်ရယ်လီ သည် ၂၀၀၃ ခုနှစ်တွင် Alinghi အဖွဲ့၏ တစ်ဦးတည်းသော ဆွစ်လူမျိုးရေကြောင်းထိန်း ဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင်တော့ Valencia ရှိ America’s Cup ကိုအောင်နိုင်ခဲ့သော Alinghi အဖွဲ့၏ ထိန်းသိမ်းသူဖြစ်ခဲ့သည်။ ၂၀၀၇ ဇူလိုင် ၃ ရက်နေ့တွင် Alinghi သည် နယူးဇီလန်အသင်းကို ပြိုင်ပွဲတွင် ရမှတ် ၁မှတ်ဖြင့်နိုင်ခဲ့ပြီး စီးရီး ၅-၂ Amarica’s Cup ကို ဒုတိယနေရာတွင် ထိန်းထားနိုင်ခဲ့သည်။

သူ၏အောင်မြင်မှုများကို အသိအမှတ်ပြုသောအားဖြင့် ၂၀၀၃ ခုနှစ်တွင် ဘာတယ်ရယ်လီ သည် ပြင်သစ်သမ္မတ Jacques Chirac မှပေးအပ်သော Chevalier de la Légion d'honneur ဘွဲ့နှင့် အီတလီသမ္မတ Carlo Azeglio Ciampi မှပေးအပ်သော Cavaliere di Gran Corce ဘွဲ့တို့ကို ရရှိခဲ့သည်။ Société Nautique de Genève နှင့် ဘာတယ်ရယ်လီ တို့၏ကြိုးပမ်းအားထုတ်မှုကြောင့် ရရှိအောင်နိုင်ခဲ့ သော Alinghi ၏ ၃၃ ကြိမ်မြောက် America’s Cup ဆုသည် Golden Gate ရွက်လှေအဖွဲ့၏ တရားဝင်စိန်ခေါ်မှုများ ကို ဦးတည်လာစေသည်။

ပြိုင်ပွဲသည် ၂၀၁၀ ဖေဖော်ဝါရီလတွင် စပိန်နိုင်ငံ Valencia တွင် ကျင်းပခဲ့သည်။ ဘာတယ်ရယ်လီ သည် စိန်ခေါ်သူ USA 17 ကို မျှတသောအမှတ်ပေးစည်းမျဉ်းအောက်တွင် ရှုံးနိမ့်ခဲ့သော သူ့လှေ Alinghi 5 ၏ပဲ့ကိုင်ရှင်ဖြစ်သည်။

ပရဟိတလုပ်ငန်းများ ပြင်ဆင်ရန်

၁၉၉၉ ခုနှစ်တွင် ဘာတယ်ရယ်လီ တို့မိသားစုသည် မျိုးဆက်မပြန့်ပွားနိုင်သောရောဂါကုထုံး၊ မျိုးပွားနိုင်ရန် ကူညီနိုင်သောနည်းပညာများ၊ မျိုးရိုးနှင့်ဗီဇဆိုင်ရာ ထောက်ပံ့ရေးအလေ့အကျင့်များ၊ ထိုရောဂါများနှင့် ပတ်သက်သော သင်ကြားလေ့ကျင့်မှုများကို ခွင့်ပြုချက်ဖြင့်လုပ်ဆောင်နိုင်သည့် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ Trelex ရှိ The ဘာတယ်ရယ်လီ ဖောင်ဒေးရှင်းသည် ၂၀၀၆ ခုနှစ်တွင် Lausanne ရှိ FABER ဖောင်ဒေးရှင်းနှင့် ပေါင်းစည်းခဲ့ပြီး ၂၀၀၈ ခုနှစ်တွင်တော့ ဘာတယ်ရယ်လီ မိသားစု၏ လူမှုရေး အကူအညီ၊ ကျန်းမာရေးအကူအညီ၊ သိပ္ပံရေးရာ၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာ ပရဟိတဦးဆောင် လှုပ်ရှားမှုများအတွက် ဘာတယ်ရယ်လီ ဖောင်ဒေးရှင်းကို ပြန်လည်ဖွဲ့စည်းခဲ့သည်။

အချို့စီမံကိန်းများဖြစ်သည့် Lausanne ရှိ EPFL Neuroprosthetics သုတေသနစင်တာ၊ အင်ဒီယန်း ပင်လယ် Chagos ရှိ ဗြိတိသျှအစိုးရနှင့်ပူးပေါင်းထားသည့် ရေကြောင်းအရံလုပ်ငန်း၊ ဟားဗတ် ဆေးကျောင်းနှင့် EPFL တို့ မှပြုလုပ်သည့် အာရုံကြောဆိုင်ရာ သိပ္ပံပညာရပ်အတွက် သုတေသနနှင့် ပညာရေးအစီအစဉ်၊ Swiss Sailing Federation နှင့်ပူးပေါင်းထားသည့် Alinghi ဆွစ်ရွက်လွှင့်အသင်း၊ တောင်အာဖရိကရှိ Henna မူကြိုကျောင်း များကို The ဘာတယ်ရယ်လီ ဖောင်ဒေးရှင်းမှ ကူညီထောက်ပံ့ ပေးခဲ့သည်။

ကိုယ်ပိုင်မိသားစုဘဝ ပြင်ဆင်ရန်

ဘာတယ်ရယ်လီ သည် သီချင်းရေးသူ၊ ၁၉၈၈ Miss UK ဖြစ်သူ Kirsty Roper နှင့် ၁၉၉၇ ခုနှစ် အားလပ်ရက် အီတလီသွားစဉ် စတင်တွေ့ခဲ့သည်။ သူတို့အတွဲသည် ၂၀၀၀ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး သားသမီးသုံးယောက်ထွန်းကားခဲ့သည်။ သူတို့ဇနီးမောင်နှံသည် Gstaad မြို့တွင်နေထိုင်ပြီး Lake Geneva ကမ်းခြေပေါ်ရှိ သူတို့အိမ်လေးတွင် အချိန်ဖြုန်းလေ့ရှိသည်။

၂၀၀၈ ဒီဇင်ဘာလတွင် Appledore သင်္ဘောတည်ဆောက်သူများက ဘာတယ်ရယ်လီ ၏ ရွက်လှေအသစ် ဖြစ်သော Project 55 ၏ကိုယ်ထည်ကို စတင်ဆောင်ရွက်ခဲ့သည်။