အာရှကွန်ယက်အဓိကမြို့ကြီး ၂၁

အာရှကွန်ယက်အဓိကမြို့ကြီး ၂၁ဆိုသည်မှာ များလှစွာသော အာရှ၏ စိတ်ဝင်စားဖွယ်မြို့တော်များကို ကိုယ်စားပြုပြီး ၎င်းအစီအစဉ်တွင် ယေဘုယျပြယုဂ်အဖြစ် မြို့ပြတည်ဆောက်ရေးစီမံကိန်းများသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ Crisis management ကဲ့သို့သော ကိစ္စရပ်များပါဝင်သည်။ ထိုအဖွဲ့အစည်းကို တိုကျိုမြို့တော်ဝန် Shintaro Ishihara (၁၉၉၉-၂၀၁၂) မှထောက်ခံခဲ့ပြီး ဩဂုတ် ၂၀၀၀ ခုနှစ်တွင် ကွာလာလမ်ပူမြို့၌ ကျင်းပသော အစည်းအဝေးပွဲတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်နှင့်အညီ ဖွဲ့စည်းခဲ့သည်။

အဖွဲ့ဝင်မြို့များ ပြင်ဆင်ရန်

မြို့တော်အမည် ဒေသအမည် မြို့ပြလူဦးရေ ဓာတ်ပုံ နိုင်ငံ
ဘန်ကောက်မြို့ กรุงเทพมหานคร ၁၄,၅၀၀,၀၀၀     ထိုင်း
ပေကျင်းမြို့
(နုတ်ထွက်)
北京 ၂၁,၁၅၀,၀၀၀     တရုတ်
ဒေလီမြို့ दिल्ली ၂၇,၀၀၀,၀၀၀     အိန္ဒိယ
ဟနွိုင်းမြို့ Hà Nội ၆,၅၀၀,၀၀၀     ဗီယက်နမ်
ဂျကာတာမြို့ Jakarta ၂၀,၀၀၀,၀၀၀     အင်ဒိုနီးရှား
ကွာလာလမ်ပူမြို့ Kuala Lumpur ၇,၂၀၀,၀၀၀   မလေးရှား
မီသရို မနီလာ Kalakhang Maynila ၁၉,၇၀၀,၀၀၀     ဖိလစ်ပိုင်
ဆိုးလ်မြို့ 서울 ၂၅,၆၂၀,၀၀၀   တောင်ကိုရီးယား
စင်ကာပူ Singapura ၅,၅၃၅,၀၀၀     စင်ကာပူ
ထိုင်ပေမြို့ 臺北
ㄊㄞˊㄅㄟˇ
၇,၀၄၂,၂၁၀     ထိုင်ဝမ်
တိုကျိုမြို့ 東京
とうきょうと
トウキョウト
၃၇,၈၀၀,၀၀၀     ဂျပန်
သွန်စ်ခ်မြို့ Томск ၁,၀၄၅,၅၄၁     ရုရှား
ဦလန်ဘာတာမြို့ Улаанбаатар ၁,၀၆၇,၀၀၀     မွန်ဂိုးလီးယား
ရန်ကုန်မြို့ ရန်ကုန် ၄,၃၄၈,၀၀၀     မြန်မာ

ပေကျင်းမြို့ သည် ဩဂုတ် ၂၀၀၅ ခုနှစ်တွင် အဖွဲ့မှနုတ်ထွက်ခဲ့ပြီး အကြောင်းအရင်းမှာ ဧပြီ ၂၀၀၆ တွင် ထိုင်ပေမြို့ထိုင်ဝမ်တွင် ၅ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို ငြင်းဆိုသောအားဖြင့် ဖြစ်သည်။

မျက်နှာစုံညီအစည်းအဝေးများ ပြင်ဆင်ရန်

  • ပထမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး (အောက်တိုဘာ ၂၀၀၁) - တိုကျို
  • ဒုတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး (နိုဝင်ဘာ ၂၀၀၂) - ဒေလီ
  • တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး (နိုဝင်ဘာ ၂၀၀၃) - ဟနွိုင်း
  • စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး (နိုဝင်ဘာ ၂၀၀၄) - ဂျကာတာ
  • ပဉ္စမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး (ဧပြီ ၂၀၀၆) - ထိုင်ပေ
  • ဆဋ္ဌမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး (နိုဝင်ဘာ ၂၀၀၇) - မနီလာ
  • သတ္တမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး (နိုဝင်ဘာ ၂၀၀၈) - ကွာလာလမ်ပူ
  • အဋ္ဌမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး (နိုဝင်ဘာ ၂၀၀၉) - ဘန်ကောက်
  • နဝမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး (နိုဝင်ဘာ ၂၀၁၀) - တိုကျို
  • ဒဿမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး (အောက်တိုဘာ ၂၀၁၁) - ဆိုးလ်
  • ဧကဒဿမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး (ဇွန် ၂၀၁၂) - စင်ကာပူ

ပြင်ပလင့်များ ပြင်ဆင်ရန်