ဟန်ဂေရီနိုင်ငံဖွား ဂျူးလူမျိုး စာရေးဆရာကြီး အာသာ ခိုအက်ရှတလာကို ၁၉ဝ၅ ခုနှစ်တွင် ဟန်ဂေရီနိုင်ငံ ဗူးဒပက်မြို့ တွင် ဂျူးမိသားစု မွေးဖွားသည်။ ဗီယင်နာတက္ကသိုလ်တွင် ပညာ သင်ကြားခဲ့ပြီးနောက် နိုင်ငံခြားသတင်းထောက်တစ်ယောက် အဖြစ် အသက်မွေး ဝမ်းကျောင်းခဲ့သည်။ ထို့နောက် ဗြိတိသျှနှင့် ပြင်သစ်တပ်မတော်သို့ ဝင်ရောက်အမှုထမ်းသည်။ အသက် ၂ဝ ကျော်အရွယ်မှစ၍ ဇီယွန်းနစ်ဝါဒ လှုပ်ရှားမှု တွင် ပါဝင်ခဲ့သည်။ ပါလက်စတိုင်းတွင် လအတန်ကြာနေခဲ့ပြီးနောက် ဥရောပတိုက်သို့ ပြန်ခဲ့သည်။ ထို့နောက် သတင်း စာတိုက်တစ်တိုက်တွင် အလုပ်ဝင်လုပ်ခဲ့သည်။

ခိုအက်ရှတလာသည် ဆိုဗီယက်ပြည်ထောင်စုသို့ အလည် အပတ်သွားရောက်ခဲ့ပြီးနောက် ဆိုဗီယက်ပြည်ထောင်စု၏ ပထမ ငါးနှစ်စီမံကိန်း အောင်မြင်မှုများနှင့် အတွေ့အကြုံများကို အခြေ ခံသော ဆောင်းပါးအချို့ကို ရေးသားသည်၊ ၁၉၃၆ ခုနှစ်တွင် စပိန်နိုင်ငံသို့ တာဝန်ဖြင့် သွားရောက်ရာတွင် ဖလန်းဂေးတို့ကဖမ်းပြီး ဆဲလ်ဗီးလ်အကျဉ်းထောင်တွင် သုံးလခန့် ချုပ်နှောင် ထားခဲ့သည်။ ခိုအက်ရှတလာ၏ အကောင်းဆုံး လက်ရာတစ်ခု အဖြစ် သတ်မှတ်ခံခဲ့ရသော စပင်နစ် တက်စတေးမင့်စာအုပ်နှင့် နေ့လယ်ကြောင်တောင် အမိုက်မှောင်(၁၉၄၁)စသည့် စာအုပ်တို့ သည် ထောင်တွင်းချုပ်နှောင်ထားခြင်းခံခဲ့သောအချိန်က အတွေ့ အကြုံများ ဖြစ်သည်။

ခိုအက်ရှတလာသည် ဝတ္ထုခြောက်ပုဒ်နှင့် အခြားစာအုပ် ၃ဝ ကို ရေးသားခဲ့သည်။ သူ၏စာအုပ်များတွင် အရိုက်ဗယ် အင်ဒီ ပတ်ချား(၁၉၄၃)၊ ယောဂီနှင့် ကော်မစ်ဆာ၊ သဂေါ့သက်ဖေး (၁၅ဝ)၊ သ အက်အော့ ခရီးအေးရှင်း (၁၉၆၄)၊ သသာတင်း ထရိုက် (၁၉၇၆)၊ သရု(စ)အော့ ကိုအင်စီဒင့်(၁၉၇၂) စသည် တို့သည် မနုဿဗေဒ၊ သိပ္ပံ၊ သဘာဝတ္ထနှင့် စိတ်ပညာကို အခြေခံသော စာအုပ်များ ဖြစ်သည်။

ခိုအက်ရှတလာသည် ၁၉၅ဝ ပြည့်နှစ်နောက်ပိုင်းတွင် ဗြိတိန်နိုင်ငံသို့ ပြောင်းရွှေ့လာပြီး မနုဿဗေဒ၊ သိပ္ပံ၊ သဘာဝတ္ထနှင့် စိတ်ပညာဘက်သို့ မျက်နှာမူလာခဲ့ခြင်း ဖြစ်သည်။ ခိုအက်ရှတလာက သေဆုံးခြင်းသည် အပြီးအငြိမ်း ချုပ်ငြိမ်းခြင်း မဟုတ် ဟူသော ကောက်ချက်များဖြင့် ၁၉၇ဝ ပြည့် နောက်ပိုင်းနှစ်များတွင် ရေးသားခဲ့သည်။

အာသာ ခိုက်အက်ရှတလာသည် ၁၉၈၃ ခုနှစ် မတ်လ အတွင်းက ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မိမိ၏နေအိမ်တွင် ကွယ်လွန်သည်။[၁]


ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)