အိလိယဒ် (သို့) ဣလိယဒ် (ရှေးဟောင်းဂရိ: Ἰλιάς, Iliás, Attic Greek: [iː.li.ás]; အင်္ဂလိပ်: Iliad; /ˈɪliəd/;[၂]) သည် ရှေးဟောင်းဂရိကဗျာလင်္ကာတစ်ပုဒ်ဖြင့်၍ "ဖိသံရှည်-ဖိသံတို-ဖိသံတို ခြောက်ပါဒအဖွဲ့" (dactylic hexameter[မှတ်စု ၁]) ဖြင့် ရေးစပ်ထားခြင်းဖြစ်သည်။ ဤကဗျာရှည်ကို ဟိုးမားရေးစပ်ခဲ့သည်ဟု မှတ်ယူကြ၍ ဘီစီ ၈ ရာစုဝန်းကျင်ခန့်ကဟု သတ်မှတ်ယူဆကြပေသည်။ အိလိယဒ်ကဗျာသည် အနောက်တိုင်းစာပေလက်ရာများထဲက အောဒဆီကဗျာနှင့်အတူ ရှေးအကျဆုံးစာရင်းဝင်ဖြစ်ပြီး အောဒဆီသည် အိလိယဒ်ပါ အဖြစ်အပျက်များနောက် သူရဲကောင်း အောဒစ်ဆီးယပ်စ်၏ ဇာတ်လမ်းကြောင်းရာဖြစ်သည်။[၄] ခေတ်သစ်အများလက်ခံမူဖြစ်သော အိလိယဒ်သည် စာကြောင်းရေ ၁၅,၆၉၃ ပါဝင်၍ ၂၄ အုပ်အထိရှိသည်။ စာပေကို ဟိုးမားခေတ် ဂရိဘာသာစကားဖြင့် ရေးဖွဲ့ထားကာ ထိုစကားသည် အိုင်ယောနစ်ဂရိစကားနှင့် အခြားဒေသယိစကားများ ရောနှောပေါင်းစပ်ထားသည့် ပုံစံဖြစ်လေသည်။ ရှေးဟောင်းဂရိကဗျာလင်္ကာစု (Epic Cycle) ထဲသို့ ထည့်သွင်းဖော်ပြလေ့ရှိကြသည်။

အိလိယဒ် 
ရေးသူ: ဟိုးမား
သစ်သားပြားပေါ်တွင် မင်ဖြင့် ရေးသားထားခြင်း၊ စာကြောင်းရေ ၄၆၇-၄၇၃၊ စာအုပ် (၁)၊ ၄၀၀-၅၀၀ ခုနှစ်၊ အီဂျစ်နိုင်ငံ။ ယခု ဗြိတိသျှပြိုတိုက်တွင် ပြသထားသည်။
မူလခေါင်းစဉ်Ἰλιάς
ရေးသားသည့်နှစ်ဘီစီ ၈-၇ ရာစု
နိုင်ငံရှေးဟောင်းဂရိ
ဘာသာစကားဂရိ
အကြောင်းအရာထရိုဂျန်စစ်ပွဲ၏ နောက်ဆုံးနှစ်မှ ရက်သတ္တပတ်အချို့၏ အဖြစ်အပျက်
အမျိုးအစားကဗျာရှည်
မတြာDactylic hexameter[၁]
နောက်ထွက် စာအုပ်အောဒဆီ

ဇာတ်လမ်းသည် ထရိုဂျန်စစ်ပွဲ၏ ဆယ်နှစ်မြောက်တွင် ထရွိုင်မြို့ကို ဂရိခေါ် အခီးယန်ဇ် မဟာမိတ် တပ်ပေါင်းစုကြီးက တိုက်ခိုက်ချေမှုန်းခြင်းအကြောင်းဖြစ်၍ အာခိလိဇ်နှင့် အဲဂါမန်းနန်ဘုရင်တို့ကြား အခြေတင်စကားများမှုပေါ်ပေါက်ခဲ့သည့် ရက်သတ္တပတ်ကာလအချို့တွင် ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများ၊ အဖြစ်အပျက်များအကြောင်းကို ရေးစပ်သီကုံးထားခြင်းဖြစ်သည်။

စစ်ပွဲ၏ နောက်ဆုံးနှစ်များရှိ ရက်သတ္တပတ်အနည်းငယ်ကိုသာ စပ်ဆိုထားသော်လည်း ထရွိုင်မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်သော ဂရိ ဒဏ္ဍာရီအကြောင်းအရာများကိုလည်း သွယ်ဝိုက်ဖော်ပြထား၏ ။ ဥပမာအနေဖြင့် စစ်သည်များ စုဝေးကြခြင်း၊ စစ်ဖြစ်ရသည့်အကြောင်းစသည်တို့လည်း ပါဝင်လေသည်။ ထို့နောက် ကဗျာရှည်သည် အာခိလိဇ်၏ အနာဂတ်တွင်ဖြစ်ပျက်မည့် မရှောင်လွှဲနိငင်သော သေခြင်းတရား၊ ထရွိုင်မြို့ပျက်သုဉ်းခြင်း စသည့် ကဗျာတွင် မပါဝင်တော့သော အနာဂတ်အဖြစ်အပျက်များ ကြိုတင်ဟောကိန်းများလည်းပါဝင်သည်ဖြစ်ရာ ထရိုဂျန်စစ်ပွဲနှင့်ပတ်သက်၍ အနည်းနှင့်အများဆိုသလို ပြည့်စုံသောကဗျာရှည်တစ်ပုဒ်ပင်ဖြစ်သည်။

မှတ်စု ပြင်ဆင်ရန်

  1. ဤပုံစံ၏ ယေဘုယျပုံစံမှာ "ဖိသံ-ဖော့သံ-ဖော့သံ ပုံစံဖြစ်၍ ဂရိနှင့်လက်တင်စာပေများတွင် ဖိသံရှည်-ဖိသံတို-ဖိသံတို ပုံစံဖြစ်သည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. Haslam, M. W. (1976). "Homeric Words and Homeric Metre: Two Doublets Examined (λείβω/εϊβω, γαΐα/αία)". Glotta 54 (3/4): 203. ISSN 0017-1298. 
  2. "Iliad". Random House Webster's Unabridged Dictionary.
  3. Oxford English Dictionary
  4. Vidal-Naquet, Pierre. Le monde d'Homère (The World of Homer), Perrin (2000), p. 19