အိုင်ဖုန်း ၃ ဂျီ (အင်္ဂလိပ်: iPhone 3G) သည် အက်ပဲ ကုမ္ပဏီမှ ဒီဇိုင်းဆွဲကာ ရောင်းချသော စမတ်ဖုန်းဖြစ်သည်။ ဒုတိယမျိုးဆက် အိုင်ဖုန်း ဖြစ်ပြီး ၂၀၀၈ ခုနှစ် ဇွန်လ ၉ ရက် တစ်ကမ္ဘာလုံးဆိုင်ရာ ပရိုဂရမ်ရေးသားသူများ အစည်းအဝေး (World Wide Developer Conference) တွင် မိတ်ဆက်ခဲ့သည်။ 

iPhone 3G
ဆော့ဝဲလ်ရေးသားသူအက်ပဲ
ထုတ်လုပ်သူFoxconn[၁]
ဆောင်ပုဒ်"The iPhone you have been waiting for."
"The first phone to beat the iPhone."
"Twice as fast, for half the price."
"The most advanced mobile OS. Now even more advanced."
"New features, new price."
မျိုးဆက်2nd
မော်ဒယ်A1324 (China)
A1241[၂]
ပထမဆုံး ဖြန့်ချီခြင်းဇူလိုင် ၁၁၊ ၂၀၀၈ (၂၀၀၈-၀၇-၁၁)[၃]
ရပ်နားခြင်းဇွန် ၇၊ ၂၀၁၀ (၂၀၁၀-၀၆-၀၇)
ရောင်းချရသည့် အရေအတွက်1 million over first weekend[၄]
ယခင်အိုင်ဖုန်း (ပထမ မျိုးဆက်)
နောက်ထွက်အိုင်ဖုန်း ၃ဂျီအက်စ်
ဆက်စပ်iPad, iPod Touch (comparison)
အမျိုးအစားSmartphone
Form factorSlate
အတိုင်းအတာ၁၁၅.၅ mm (၄.၅၅ in) H
၆၂.၁ mm (၂.၄၄ in) W
၁၂.၃ mm (၀.၄၈ in) D
အလေးချိန်၁၃၃ g (၄.၇ oz)
မောင်းနှင်စနစ်Original: iPhone OS 2.0
Current: iOS 4.2.1, released November 22, 2010
စီပီယူSamsung 32-bit RISC ARM 1176JZ(F)-S v1.0[၅]
620 MHz
Underclocked to 412 MHz[၆]
မှတ်ဉာဏ်စွမ်းအား128 MB DRAM[၇]
သိုမှီးနိုင်မှု8 or 16 GB flash memory
ဘက်ထရီ1150 mAh, 3.7 V
Internal, user inaccessible
Rechargeable Li-ion[၈]
Data inputsMulti-touch touchscreen display
3-axis accelerometer
Proximity sensor
Ambient light sensor
Microphone
Headset controls
ဖန်သားပြင်3.5-inch screen (diagonally)
480×320 pixel resolution at 163 ppi
2:3 aspect ratio
18-bit (262,144-color) LCD
အနောက် ကင်မရာ2.0 MP with geotagging
အသံ3.5 mm TRRS
One speaker
20 Hz to 20 kHz frequency response (internal, headset)
Microphone
ချိတ်ဆက်နိုင်မှုQuad-band GSM/GPRS/EDGE
(850 900 1,800 1,900 MHz)
Tri-band UMTS/HSDPA 3.6
(850 1,900 2,100 MHz)
Wi-Fi (802.11 b/g)
Bluetooth 2.0 + EDR
USB 2.0/Dock connector[၉]Online: App Store, iTunes Store, iBookstore, MobileMe
ဝက်ဘ်ဆိုဒ်apple.com/iphone

အိုင်ဖုန်း ၃ဂျီသည် အိုင်ဖုန်း (ပထမ မျိုးဆက်) နှင့် ဆင်သော်လည်း GPS, 3G Data စသည့် အစိတ်အပိုင်းများ အပိုပါဝင်လာခဲ့သည်။ ဤဖုန်းသည် အိုင်ဖုန်း လည်ပတ်မှုစနစ် ၂.၀ တစ်ပြိုင်တည်း ပါဝင်ပြီးဖြစ်သည်။ ထို့ကြောင့် ပြင်ပ ပရိုဂရမ်ရေးသားသူများ ရေးသားထားသော အက်ပလီကေးရှင်းများကို ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ [၁၀]

သမိုင်းကြောင်း ပြင်ဆင်ရန်

၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် နိုင်ငံပေါင်း ၂၂ နိုင်ငံ၌ အိုင်ဖုန်း ၃ဂျီ ၈ဂစ် နှင့် ၁၆ဂစ် အမျိုးအစားများကို စတင်ရောင်းချခဲ့သည်။ ၁၆ဂစ် အမျိုးအစားကို အနက်ရောင် နှင့် အဖြူရောင် ၂ မျိုးရနိုင်သည်။

နောင် ၁ နှစ်အကြာ [[အိုင်ဖုန်း ၃ဂျီအက်စ်]] ပေါ်လာပြီး အိုင်ဖုန်း ၃ဂျီသည် ဈေးတစ်ဝက်လျော့ကျပြီး တန်ဖိုးနည်းဖုန်း ဖြစ်လာခဲ့သည်။ အိုင်ဖုန်း ၃ဂျီကို ၂ နှစ်စာချုပ်နဲ့ ၉၉ ဒေါ်လာ ပေးဝယ်ရပြီး ၈ဂစ် အမျိုးအစားအတွက် အနက်ရောင်သာ ရရှိမှာ ဖြစ်သည်။ အိုင်ဖုန်း ၃ဂျီသည် အိုင်ဖုန်းလည်ပတ်မှုစနစ် ၃.၀ ကို အဆင့်မြှင့်တင်နိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် အိုင်ဖုန်း ၃ဂျီ ရောင်းချမှုကို ရပ်ဆိုင်းခဲ့ပြီး အိုင်ဖုန်း ၃ဂျီအက်စ် ၈ဂစ် အမျိုးအစားများကို ၂ နှစ်စာချုပ်နှင့် ၉၉ ဒေါ်လာထိ ဈေးချကာ အစားထိုးခဲ့သည်။

ဆော့ဝဲလ် ပြင်ဆင်ရန်

အိုင်ဖုန်း ၃ဂျီသည် နောက်ဆုံး အိုင်ဖုန်းလည်ပတ်မှုစနစ် တစ်ပြိုင်တည်း ပါဝင်ပြီး နောင် ၂ နှစ်အထိ အဆင့်မြှင့်တင် ထောက်ပံ့မှု ရရှိခဲ့သည်။ သို့သော်လည်း နောင်အဆင့်မြှင့်တင်မှု များတွင် စွမ်းဆောင်ရည်မြင့်မားသော ဖုန်းအမျိုးအစားသစ်အတွက် အသစ်ရရှိလာသော လုပ်ဆောင်ချက်အသစ်များကို လက်ခံနိုင်ခြင်း လျော့ကျခဲ့သည်။

စတင်ရောင်းချခဲ့သည့် ၂၀၀၈ ခုနှစ် ဇူလိုင်တွင် အိုင်ဖုန်းလည်ပတ်မှုစနစ် ၂.၀ တစ်ပြိုင်တည်းပါပြီး ဖြစ်သည်။ အဆိုပါ လည်ပတ်မှုစနစ်တွင် အက်ပလီကေးရှင်းစတိုး၊ မိုက်ခရိုဆော့ အိတ်ချိန်း ထောက်ကပံမှု၊ အက်ပဲ၏ မိုဘိုင်းမီ (MobileMe) ဝန်ဆောင်မှု အပါအဝင် တခြားသာ လုပ်ဆောင်ချက်အသစ်များ ပါဝင်သည်။

၂၀၀၉ ခုနှစ် ဇွန်လတွင် အိုင်ဖုန်း ၃ဂျီ သုံးစွဲသူများသည် အိုင်ဖုန်းလည်ပတ်မှု စနစ် ၃.၀ အဆင့်မြှင့်တင်မှုကို ရရှိခဲ့သည်။ အဆိုပါ လည်ပတ်မှုစနစ်အသစ်တွင် မာတီမီဒီယာ စာပို့စနစ် (MMS)၊ စာကူးစနစ် (Copy Paste)၊ အချို့သော အက်ပလီကေးရှင်းများအတွက် အလျားလိုက် ထောက်ပံ့မှု အပါအဝင် တခြားတိုးတက်မှုများ ပါဝင်ခဲ့သည်။

၂၀၁၀ ခုနှစ် ဇွန်လတွင် အိုင်ဖုန်းလည်ပတ်မှု စနစ် ကို နာမည်ပြောင်းထားသော အိုင်အိုအက်စ် (iOS) ၄.၀ ကို ဖြန့်ချိခဲ့သည်။ အိုင်အိုအက်စ် ၄.၀ သည် လုပ်ငန်းဆောင်တာများကို တပြိုင်တည်း လုပ်ဆောင်နိုင်ခြင်း (Multitasking), ပင်မစာမျက်နှာကို အလှဆင်နိုင်ခြင်း၊ ကြိုးမဲ့ဘလူးတု လက်နှိပ်ခုံချိတ်ဆက်အသုံးပြုနိုင်ခြင်း၊ အက်ပလီကေးရှင်းများကို အဖွဲ့များဖွဲ့၍ စုထားနိုင်ခြင်း နှင့် အခြားသော အချက်များစွာ ပိုမိုပါလာခဲ့သည်။ သို့သော် အိုင်အိုက်အက်စ် ၄.၀ သည် အိုင်ဖုန်း ၃ဂျီကို ပိုမိုနှေးကွေးစေကြောင်း သုံးစွဲသူများ ဝေဖန်ရာ ၂၀၁၀ စက်တင်ဘာလ တွင် ၄.၁ အဆင့်မြှင့်တင်ကာ ဖြေရှင်းပေးခဲ့သည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အိုင်အိုအက်စ် ၄.၂ အဆင့်မြှင့်တင်မှု ရရှိခဲ့သည်။ အဆိုပါ အဆင့်မြှင့်တင်မှုတွင် ယူကျူ့ အမှတ်ပေးနိုင်သည့် လုပ်ဆောင်ချက်နှင့် အခြားသောလုံခြုံရေး အားနည်းချက်များကို ဖြေရှင်းပေးထားသည်။ အဆင့်မြှင့်တင်မှုတွင် ပါဝင်သော အဲပလေး (AirPlay) နှင့် ဆာဖရီစာလုံးများရှာဖွေမှု (Safari Text Search) များကိုတော့ အိုင်ဖုန်း ၃ဂျီတွင် အသုံးမပြုနိုင်ပေ။

အိုင်ဖုန်း ၃ဂျီအတွက် နောက်ဆုံးလည်ပတ်မှုစနစ် အဆင့်မြှင့်တင်မှုမှာ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့တွင် ထုတ်ပေးထားသော ၄.၂.၁ ဖြစ်သည်။ ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် အိုင်အိုအက်စ် ၄.၃ ကိုထုတ်ပေးခဲ့သော်လည်း အိုင်ဖုန်း ၃ဂျီမှာ စွမ်းဆောင်ရည် ကန့်သတ်ချက်များကြောင့် အဆင့်မြှင့်တင်နိုင်ခဲ့ခြင်းမရှိပေ။

အက် စတိုး (App Store) ပြင်ဆင်ရန်

အိုင်ဖုန်း လည်ပတ်မှုစနစ် ၂.၀ အဆင့်မြှင့်တင်မှုတွင် အဓိက ကျသော လုပ်ဆောင်ချက်မှာ အက်ပလီကေးရှင်းများကို အွန်လိုင်းပေါ်တွင် ရောင်းချသည့် အက်စတိုးဖြစ်သည်။ အက်စတိုး မရခင်အချိန်က ကိုယ့်စိတ်ကြိုက် အက်ပလီကေးရှင်းများကို တရားမဝင် ဖောက်ထွင်းပြီးမှ သွင်းယူရသည်။ အက်စတိုး စတင်ချိန်တွင် အက်ပလီကေးရှင်း ၅၀၀ ကျော်ကို တစ်ပြိုင်နက် ဝယ်ယူ ဒေါင်းလုပ်ဆွဲယူခဲ့သည်။

အစိတ်အပိုင်းပစ္စည်းများ ပြင်ဆင်ရန်

ဒီဇိုင်း ပြင်ဆင်ရန်

 
အလူမီနီယံ နှင့် ပလတ်စတစ် ပေါင်းထုတ်ထားသော အိုင်ဖုန်း (ပထမ မျိုးဆက်) နှင့်  ပလတ်စတစ်အမာဖြင့် လုပ်ထားသော အိုင်ဖုန်း ၃ဂျီ အနောက်ဘက် ပုံစံ

အိုင်ဖုန်း (ပထမ မျိုးဆက်) ၏ အေနာက်ဘက် ဒီဇိုင်းကို ပလတ်စတစ် အမာသားဖြင့် ပြန်လည် အစားထိုးထားသည်။ သို့သော် ခလုတ်များကိုမူ ပလတ်စတစ်မှ သတ္တုများအဖြစ်သို့ ပြောင်းလဲထားသည်။ ထောင့်ချိုးများကို  ပိုမိုကိုင်ဆောင်၍ကောင်းအောင် ပြုလုပ်ပေးထားသည်။ အိုင်ဖုန်း ၃ဂျီ ကို ပထမဆုံး အရောင်ရွေးချယ်ခွင့် ပေးထားသည်။ ၁၆ဂစ် အမျိုးအစားကို အဖြူရောင် (သို့မဟုတ်) အနက်ရောင် ဖြင့်ရရှိနိုင်သည်။

အိုင်ဖုန်း ၃ဂျီ၏ အရွယ်အစားသည် အိုင်ဖုန်း (ပထမ မျိုးဆက်) ထက် အနည်းငယ် ပိုမိုကြီးမားသည်။ အမြင့် ၆.၂ လက်မ၊ အကျယ် ၂.၄ လက်မ နှင့် အထူ ၀.၄၇ လက်မ ရှိသည်။ မျက်နှာပြင်ကို အစင်းခြစ် ခံနိုင်သော မျက်နှာပြင်ဖြင့် ဖုံးအုပ်ထားသည်။ ထိတွေ့မျက်နှာပြင်မှာ လက်ချောင်း ၁ ချောင်း (သို့မဟုတ်) လက်ချောင်းများဖြင့် ထိတွေ့ညွှန်ပြနိုင်သည်။

အိုင်ဖုန်း ၃ဂျီတွင် အိုင်ဖုန်း (ပထမ မျိုးဆက်) တွင်ပါဝင်သော အာရုံခံစနစ်များအတိုင်း ပါဝင်ခဲ့သည်။ ဖုန်းခေါ်စဉ်အတွင်း နား အနား ကပ်လိုက်သောအခါ မျက်နှာပြင်ပိတ်သွားသည့် Proximity အာရုံခံစနစ်၊ အလင်းချိန်ညှိုရန် Ambient Light အာရုံခံစနစ်၊ ဒေါင်လိုက်မှ အလျားလိုက်ပြောင်းသုံးသောအခါ မျက်နှာပြင်အလိုအလျောက် လှည့်ပေးနိုင်သည့် 3-axis accelerometer အာရုံခံစနစ်တို့ ပါဝင်သည်။

ပရောဆက်ဆာ နှင့် မှတ်ဉာဏ် ပြင်ဆင်ရန်

အိုင်ဖုန်း ၃ဂျီ၏ အစိတ်အပိုင်းများသည် အိုင်ဖုန်း (ပထမ မျိုးဆက်) အပေါ်အခြေခံပြီး ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ပရောဆက်ဆာကို ဆမ်ဆောင်း 32-bit RISC ARM11 620 ကို အသုံးပြုထားသည်။ မှတ်ဉာဏ်မှာ ၁၂၈ မဂ္ဂါဘိုက် ရှိသည့် DRAM ကို ထည့်သွင်းတပ်ဆင်ထားသည်။

ကင်မရာ ပြင်ဆင်ရန်

ဖုန်း၏ ကျောဘက်တွင် ၂.၀ MP ရှိသော ကင်မရာ တပ်ဆင်ထားသည်။ အနီးကပ်ဆွဲယူနိုင်ခြင်း (Optical Zoom)၊ အလိုအလျောက် ချိန်ညှိုခြင်း (Auto Focus) နှင့် ဗီဒီယို ရိုက်ကူးမှုများကိုတော့ ပြုလုပ်နိုင်စွမ်းမရှိပေ။ ပရိုဂရမ်မာများ ရေးသားသော အက်ပလီကေးရှင်းများမှ တဆင့် ဗီဒီယို ရိုက်ကူးခြင်းများ ပြုလုပ်နိုင်ခဲ့သည်။

ချိတ်ဆက်မှု ပြင်ဆင်ရန်

ယခင်မူလ EDGE ကွန်ရက်အပြင် 3G ကွန်ရက်ကိုပါ ချိတ်ဆက် အသုံးပြုနိုင်သည့်အတွက် အင်တာနက် အသုံးပြုရာတွင် ယခင် အိုင်ဖုန်း (ပထမ မျိုးဆက်) ထက် ပိုမိုမြန်ဆန်လာသည်။

ယခင်ထွက်ရှိပြီးသား အိုင်ပေါ့ ကဲ့သို့ အားသွင်းရန် ၃၀ ပင် အားသွင်းကြိုးကို အသုံးပြုထားသည်။ အဆိုပါ ကြိုးနှင့်ပင် ကွန်ပျူတာ နှင့်သာမက တခြားသော ဆက်စပ်ပစ္စည်းများနှင့်ပါ ချိတ်ဆက်နိုင်သည်။

နားကြပ်တပ်ဆင်ရန်အတွက်လည်း ၃.၅ မီလီမီတာ နားကြပ်ပေါက်ကိုလည်း ထည့်သွင်းထားသည်။ အိုင်ဖုန်းနှင့် အတူ အက်ပဲနားကြပ်တစ်ခုကိုလည်း ဘူးအတွင်း တစ်ပါတည်း ထည့်သွင်းထားသည်။

ဘတ္ထရီ ပြင်ဆင်ရန်

အိုင်ဖုန်း ၃ဂျီတွင် ဖြုတ်တပ်၍မရသော 1150 mAh ရှိ ဘတ္ထရီပါရှိသည်။ သုံးစွဲသူများမှာ အလွယ်တကူ အစားထိုး ဖြုတ်တပ်၍မရနိုင်ပေ။ အက်ပဲကုမ္ပဏီ စမ်းသပ်ချက်များအရ အိုင်ဖုန်း ၃ဂျီ ဘတ္ထီသည် ၆ နာရီ ဝိုင်ဖိုင်မှ တဆင့် အင်တာနက် အသုံးပြုနိုင်ပြီး ၅ နာရီ  3G ကွန်ရက်မှတဆင့် အသုံးပြုနိုင်သည်။ သီချင်းနားထောင်ရန်အတွက် ၂၅ နာရီ အသုံးပြုနိုင်ပြီး ဘာမှ အသုံးမပြုဘဲ ထားပါက နာရီ ၃၀၀ ခံနိုင်ရည် ရှိသည်ဟု ဆိုသည်။

တုံ့ပြန်ချက်များ ပြင်ဆင်ရန်

အက်ပဲလ်မှ ထုတ်ပြန်ထားသော ဘတ္ထရီသက်တမ်းများလောက် အသုံးမခံကြောင်း ဝေဖန်တုံ့ပြန်ခဲ့သည်။ "JD Power and Associates" မှ ပြုလုပ်ခဲ့သော စစ်တမ်းများအရ အိုင်ဖုန်း ဘတ္ထရီမှာ ကြယ် ၅ ပွင့် တွင် ၂ ပွင့်သာ ရခဲ့သည်။

အားနည်းချက်များ ပြင်ဆင်ရန်

ဘတ္ထရီ ယိုစီးမှု ပြင်ဆင်ရန်

အိုင်ဖုန်း ၃ဂျီသည် ၂၀၁၀ ခုနှစ် ဇွန်လိုင်လတွင် ထွက်ရှိသော အိုင်အိုအက်စ် ၄ တွင် ဘတ္ထရီ ယိုစီးမှု ပြဿနာရှိခဲ့သည်။ Wall Street ဂျာနယ်မှ အိုင်ဖုန်း ၃ဂျီကို အိုင်အိုအက်စ် ၄ သို့ အဆင့်မြှင့်တင်အပြီး စက်၏ စွမ်းဆောင်ရည်မှာ နှေးကွေးသွားခြင်း၊ ဘတ္ထရီကြာရှည်မခံတော့ခြင်း နှင့် အပူလွန်ကဲလာခြင်းများ ဖြစ်ပေါ်လာသည်ဟု ဝေဖန်ထောက်ပြခဲ့သည်။

အိုင်ဖုန်း ထုတ်လုပ်မှု အချိန်မှတ်တမ်း ပြင်ဆင်ရန်

အိုင်ဖုန်းမော်ဒယ်များ၏ အချိန်မျဉ်း
iPhone SE (3rd generation)iPhone 13 ProiPhone 13iPhone 12 Pro MaxiPhone 12 ProiPhone 12iPhone 12 MiniiPhone SE (2nd generation)iPhone 11 ProiPhone 11iPhone XRiPhone XSiPhone XiPhone SE (1st generation)iPhone 8iPhone 7iPhone 6SiPhone 6iPhone 5SiPhone 5CiPhone 5iPhone 4SiPhone 4iPhone 3GSiPhone 3GiPhone (1st generation)

ရင်းမြစ်: Apple Newsroom Archive[၁၁]

ကိုးကား ပြင်ဆင်ရန်

  1. Dalrymple၊ Jim (July 28, 2009)။ iPhone manufacturer to pay family of dead worker။ CNET။ 4 August 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 6, 2010 တွင် ပြန်စစ်ပြီး။
  2. Identifying iPhone models. Support.apple.com (April 8, 2013). Retrieved on July 10, 2013.
  3. Robert PalmerFiled (June 8, 2008)။ iPhone 3G announced — The Unofficial Apple Weblog (TUAW)။ 31 January 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 10, 2008 တွင် ပြန်စစ်ပြီး။
  4. Bowcock၊ Jennifer။ Apple Sells One Million iPhone 3Gs in First Weekend။ June 20, 2010 တွင် ပြန်စစ်ပြီး။
  5. Patterson၊ Blake (July 7, 2008)။ Under the Hood: The iPhone’s Gaming Mettle။ touchArcade။ March 20, 2009 တွင် ပြန်စစ်ပြီး။
  6. Dilger၊ Daniel Eran (March 20, 2008)။ iPhone 2.0 SDK: Video Games to Rival Nintendo DS, Sony PSP။ RoughlyDrafted Magazine။ 6 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 12, 2009 တွင် ပြန်စစ်ပြီး။
  7. Apple (Samsung S5L8900) applications processor with eDRAM။ SUBM TechInsights။ 15 July 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 February 2016 တွင် ပြန်စစ်ပြီး။
  8. iPod and iPhone Battery and Power Specifications။ iPodBatteryFAQ.com။ 7 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 12, 2009 တွင် ပြန်စစ်ပြီး။
  9. Apple — iPhone — Tech Specs။ Apple; Wayback machine (July 14, 2007)။ 14 July 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 19, 2009 တွင် ပြန်စစ်ပြီး။
  10. "Apple Introduces the New iPhone 3G" (Press release).
  11. Apple Inc. (2007–2021). iPhone News - Newsroom Archive. Retrieved July 23, 2020.