အိုဆူလေဒီးန် သည် သာသနာအားသက်ဝင်ယုံကြည်ခြင်း၏ အုတ်မြစ်ဖြစ်သည်။ ရှီအာ တို့၏ယုံကြည်ချက် တွင်ဦးစွာ၎င်းတို့အားယုံကြည်ရမည်ဖြစ်ပြီး ထို့နောက် ဖှရူအေဒီးန် လက်တွေ့ကျင့်ကြံရမည်တို့ကိုဆောင် ရွက်ရမည်ဖြစ်သည်။ အိုဆူလေဒီးန် သည်ယုံကြည်မှုနှင့်သက်ဆိုင်ပြီး ဖှရူအေဒီးန် သည်လက်တွေ့ဆောင် ရန်ရှောင်ရန်တို့ကိုကျင့်သုံးရမည့်အပိုင်းဖြစ်သည်။ အိုဆူလေဒီးန် သည်အဲဟ်လေစွန်နသ် တို့၏အမြင်တွင် သောင်ဟီးဒ်၊ နဗူဝသ်၊ မအာဒ် ဖြစ်ပြီး ရှီအာတို့၏ယုံကြည်ချက်နောက်နှစ်ခုမှာ အေမာမသ် နှင့် အဒ်လ်ဖြစ် ပြီး သာသနာ့ယုံကြည်ချက်ဆိုင်ရာတို့ကို ခြုံငုံထားခြင်းဖြစ်ကာ ဘာသာစကားများ မျိုးနွယ်စုများသည် အချိန်ကာလများ စီးမျောရင်း မတူကွဲပြားသည့်ပုံစံအမျိုးမျိုးနှင့်လက်ခံထားကြသည်။


ယုံကြည်ချက် ပြင်ဆင်ရန်

အိုဆူလေဒီးန် ကိုသက်ဝင်ယုံကြည်ရန်အတွက်လေ့လာတွေးခေါ်ခြင်းနည်းဖြင့်ရယူ ရမည်ဖြစ်သည် သပ်က်လီးဒ်လုပ် ရန်မလိုအပ်ပါ။ အိုဆူလေဒီးန်ကိုယုံကြည်မှုမရှိပါက သာသနာ့ဘောင်အပြင်သို့ရောက်သွားမည်ဖြစ်သည်။ အချို့သော ရေစာလာ များတွင်အကြောင်းအရာများကိုအိုဆူလေဒီးန် ဖြင့်အစပြုဖော်ပြထားသည်၊ သောင်ဟီးဒ် ၊နဗူဝသ် ၊မအားဒ် တို့သည် မွတ်စလင်မ်များအကြားတူညီမှုရှိသော အိုဆူလ်ဖြစ်ပြီး အေမာမ်မသ် နှင့် အဒ်လ်သည်ရှီအာမဇ်ဟဘ်ကသာ လက်ခံယုံကြည်သော အိုဆူလ် ၂ ခုဖြစ်သည်။ ၎င်းသည်မဇ်ဟဘ်၏ အိုဆူလ် ဖြစ်ပြီးမည်သူမဆိုယုံကြည်မှုမရှိပါက မည်မျှပင်အစ္စလာမ့်ဘောင်အပြင်သို့မရောက်သည်ဖြစ်စေ ရှီအာမဇ်ဟဘ် ၏အပြင်သို့ရောက်သွားမည်ဖြစ်သည်။


ရှီအာ ၏ အိုဆူလ် ပြင်ဆင်ရန်

ရှီအာ တို့၏ မဇ်ဟဘ်အိုဆူလ်သည် ၅ ခုရှိပြီးပထမသုံးခုသည် အိုဆူလေဒီးန် ဖြစ်သည်။

  1. -သောင်ဟီးဒ်---တစ်ပါးတည်းသောအရှင်
  2. အဒ်လ်---အဓိပ္ပာယ်မှာ အရှင်မြတ်၏လုပ်ရပ်မှန်သမျှသည်တရားမျှတတော်မူပြီး မည်သူ့ကိုမှရက်စက်ခြင်းမရှိပါ အ ရာခပ်သိမ်းကိုထိုက်တန်စွာသူ့နေရာနှင့်သူသတ်မှတ်ထားရှိတော်မူပြီး အကောင်းဆုံးအနေအထားနှင့်စီရင်ဆုံးဖြတ် တော်မူသည်။
  3. နဗူဝသ်---တမန်တော်မြတ် မိုဟမ္မဒ်(ဆွ) နှင့် တမန်တော်အပေါင်းကိုစေလွှတ်ခဲ့သည်။
  4. အေမာမသ်---အစ္စလာမ့်တမန်တော်မြတ်ကြီး(ဆွ) ပြီးနောက် ခေလာဖှသ် နှင့်အေမာမသ် ကိုဆက်ခံသူများသည် အလ္လာဟို အရှင်မြတ်ဘက်မှခန့်အပ်သူများဖြစ်သည်။
  5. မအားဒ်--- လူသားအပေါင်းမိမိတို့၏လုပ်ရပ်များနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခံရမည့်နေ့ဖြစ်ပြီး မိမိတို့နှင့်ထိုက် တန်သော စဝါးဘ် နှင့် အဇားဘ် များကိုစံစားခံစားရမည့်နေ့ဖြစ်သည်၊ ဧကန်မုချ ထိုနေ့သည် ကေယာမသ် နေ့ပင် ဖြစ်၏။

အဲဟ်လေစွန်နသ် ၏ အိုဆူလေဒီးန် ပြင်ဆင်ရန်

၁-သောင်ဟီးဒ် ၂-နဗူဝသ် ၃-မဘ်ဒါအ် နှင့် မအာဒ် ဖြစ်ပြီး ထို့အပြင် အရ်ကာနေအစ္စလာမ်ဖြစ်သော ရှဟာဒသိုင်းန် (သောင်ဟီးဒ် နှင့် နဗူဝသ် ကိုသက်သေခံခြင်း) နှင့်နောက်အိုဆူလ် ၄ ခုမှာအစ္စလာမ်၏အဓိကကျသောအေဗါဒသ် ပိုင်းဆိုင်ရာဖြစ်သည့် နမားဇ်၊ ရိုဇာ၊ ဇကားသ်၊ ဟဂျ် တို့ဖြစ်သည်။

စာညွှန်း ပြင်ဆင်ရန်