အိုတတ်မီရ်ဘိုး (Octave Mirbeau) ( ၁၈၄၈ - ၁၉၁၇ )ပြင်သစ်သတင်းပို့နှင်စာရေးဆရာ။ စာပေများကိုအများသိမြင်အောင်ရေးသားခဲ့သည်။ သူရေးသားခဲ့သောစာအုပ်များမှာ( L’Abbe Jules)ဘုရင်ဂျီဘုန်းတော်ကြီးဂျူးလ် ( ၁၈၈၈ )၊ (Le Jardin des supplices) စိတ်ဆင်းရဲခံပန်းခြံ ( ၁၈၉၉ )နှင့် (Le Journal d’ une femme de chambre) ဟိုတယ်အလုပ်သမတဦး၏အကြောင်း( ၁၉၀၀ ) နှင့်စီးပွားရေးကစီးပွားရေး (Les affaires sont les affaires) (၁၉၀၃) ဖြင့် ဥရောပတခွင်လုံးကို အောင်မြင်မူ့ရရှိခဲ့သည်။

အိုတတ်မီရ်ဘိုး (Octave Mirbeau)

ပြဇာတ်ရေးသူ ၊အနုပညာကို ဝေဖန်ခံစားတတ်သူတဦးဖြစ်၍ ခေတ်ပြိုင်ပန်းချီဆရာများဘက်မှခုခံအားပေးကူညီတတ်ပြီး (Claude Monet) ကလုတ်မန်းနေး၊ (Auguste Rodin) အော်ဂတ်စ်ရိုဒန်တို့နှင့် မိတ်ဆွေများဖြစ်ပြီး ၎င်းတို့ကိုချီးမွန်းအားပေးသူတဦးဖြစ်သည်။ ပညာတတ်၊လွတ်လပ်မှုကိုမြတ်နိုးသူ၊ ဆင်းရဲသားတောင်သူလယ်သမားများကို ထောက်ခံအားပေးသူ၊ ဘူဇွါလူတန်းစါးများကိုလဝေဖန်သူ၊ စစ်တပ်နင့်ကသိုလစ်ဘုရားကျောင်းကိုဝေဖန်သူ၊ (Alfred Dreyfus) အဲလ်ဖရဲဒ်ဒရေဖျူစ် အတွက်အားသွန်ခွန်စိုက်ခုခံအားပေးသူတဦးဖြစ်သည်။