ရှေးခေတ်အီဂျစ် သမိုင်းတွင် အီဂျစ်ပြည်ဟောင်းခေတ် ဆိုသည်မှာ ဘီစီ ၂၆၈၆-၂၁၈၁ အတွင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။​ ထိုကာလကို "ပိရိမစ်များ၏ ခေတ်" သို့မဟုတ် "ပိရမစ်တည်ဆောက်သူများ၏ ခေတ်" ဟုလည်း ခေါ်ကြသည်။ ထိုခေတ်တွင် ပါဝင်သည်မှာ စတုတ္ထမင်းဆက် မှ ပိရိမစ်တည်ဆောက်သူ ဘုရင်များ ဖြစ်သည့် ပိရိမစ်တည်ဆောက်ခြင်း အနုပညာကို ပြီးပြည့်စုံစေခဲ့သူ ဆနက်ဖရူးဘုရင် နှင့် ဂီဇာတွင် ပိရိမစ်များ တည်ဆောက်ခဲ့ကြသော ခူဖူးဘုရင်၊​ခါဖရေးဘုရင် နှင့် မန်ကာရေးဘုရင် တို့ အုပ်စိုးသည့် အချိန်ကာလများ ဖြစ်သည်။ [၁] အီဂျစ်တို့သည် ယဉ်ကျေးမှုလောက၏ အထွဋ်အထိပ်ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ကြခြင်း ဖြစ်ပြီး အီဂျစ်ပြည်ခေတ် ၃ ခု ၏ ပထမဆုံး ဖြစ်ပြီး( နောက်တွင် အီဂျစ်ပြည်အလယ်ခေတ် နှင့် အီဂျစ်ပြည်သစ်ခေတ် တို့ ရှိသည်။) နိုင်းလ်ချိုင့်ဝှမ်း အောက်ပိုင်းရှိ ယဉ်ကျေးမှုလောက၏ မြင့်မားသော အချိန်များဟု သတ်မှတ်သည်။ [၂]

အီဂျစ်ပြည်ဟောင်း
Old Kingdom၏ တည်နေရာ
မြို့တော်မမ်ဖစ်
ကိုးကွယ်မှုရှေးဟောင်းအီဂျစ် ဘာသာတရား
အစိုးရသက်ဦးဆံပိုင် ဘုရင်စနစ်

“ ရွှေခေတ်” သုံးခုထဲမှ တစ်ခု ဖြစ်သည့် "အီဂျစ်ပြည်ဟောင်းခေတ်" ဟူသည့်အယူအဆကို ၁၈၄၅ ခုနှစ်တွင် ဂျာမန်အီဂျစ်ဗေဒပညာရှင် ဘာရွန် ဗွန် ဘွန်ဆန် ကစတင်ခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ၁၉ နှင့် ၂၀ ရာစု တစ်လျှောက်လုံးတွင် သိသိသာသာ ပြောင်းလဲသွားသည်။[၃] အစောပိုင်းဘုရင်ခေတ်များ၏ နောက်ဆုံးဘုရင်သည် အီဂျစ်ပြည်ဟောင်းခေတ်မှ ပထမဆုံး ဘုရင်နှစ်ပါး နှင့် ဆက်နွယ်နေသည်မျှသာမကပဲ မြို့တော်နှင့် ဘုရင်၏ နေထိုင်ရာသည်လည်း မမ်ဖစ်ကို ရှေးဟောင်း အီဂျစ်တို့ ခေါ်ဆိုသည့် အမည် ဖြစ်သည့် အင်နပ်-ဟက်ဂျ် ဖြစ်သဖြင့် အတူတူပင် ဖြစ်သည်။ သို့သော် ထိုကာလ နှစ်ခုခွဲခြားသည့် အဓိကအချက်မှာ ဗိသုကာပညာတွင် ဆန်းသစ်တော်လှန်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်း နှင့်အတူ အီဂျစ်လူ့အဖွဲ့အစည်း အပေါ် သက်ရောက်မှုနှင့် အကြီးစားတည်ဆောက်ရေး စီမံကိန်းများ တည်ဆောက်လာမှုတို့ ဖြစ်သည်။ [၂]

အီဂျစ်ပြည်ဟောင်းခေတ်ကို တတိယမင်းဆက် မှ ဆဌမမင်းဆက် (ဘီစီ ၂၆၈၆-၂၁၈၁) အထိ အများစုက သတ်မှတ်ကြသည်။ အီဂျစ်ပြည်၏ စတုတ္ထမှ ဆဌမမင်းဆက် အထိ ကာလအတွင်းတွင် အချက်အလက်များသည် ရှားပါးပြီး သမိုင်းပညာရှင်များသည် ထိုခေတ်၏ သမိုင်းကြောင်းကို ကျောက်တုံးပေါ်တွင် ရေးထွင်းထားချက်များနှင့် ဗိသုကာလက်ရာများမှသာ လေ့လာနိုင်သည်။ အများအားဖြင့် သမိုင်းပညာရှင်များ အနေနှင့် အထိမ်းအမှတ် အဆောက်အဦးများနှင့် ၎င်းတို့အပေါ်တွင် ရေးထွင်းထားချက်များမှ တဆင့်သာ သမိုင်းကို ပြန်လည် တည်ဆောက်နိုင်ခဲ့သည်။ ။ [၁] အီဂျစ်ဗေဒပညာရှင်များ သည် မမ်ဖစ်တွင် ဗဟိုပြု၍ အုပ်ချုပ်ရေးကို ဆက်လက် ဆောင်ရွက်နေသည့် သတ္တမ နှင့် အဋ္ဌမမင်းဆက်များကို အီဂျစ်ပြည်ဟောင်းခေတ်တွင် ထည့်သွင်းကြသည်။ အီဂျစ်ပြည်ဟောင်းခေတ်သည် ပြည်တွင်းတွင် လုံခြုံစိတ်ချစွာ နေထိုင်နိုင်မှု နှင့် သာယာဝပြောမှု ကို ပြသနေသော ကာလတစ်ခုဖြစ်သော်လည်း နောက်ဆက်တွဲ ကာလများတွင် မညီညွတ်မှုများနှင့် အခြားကာလများနှင့် နှိုင်းယှဉ်လျှင် ယဉ်ကျေးမှု ကျဆင်းခြင်းတို့ ဖြစ်ပေါ်ခဲ့ကာ အီဂျစ်ဗေဒပညာရှင်များက ထိုအချိန်ကာလက ပထမ အလယ်အလတ်ကာလ ဟု ညွှန်းဆိုကြသည်။ [၄] အီဂျစ်ပြည်ဟောင်းခေတ်တွင် အီဂျစ်ဘုရင် ( အီဂျစ်ပြည်သစ်ခေတ်အထိ ဖာရိုဘုရင်ဟု မခေါ်ဆိုကြပေ။) သည် ရှင်သန်နေသော နတ်ဘုရားတစ်ပါး အဖြစ် တည်ရှိပြီး သက်ဦးဆံပိုင် အဖြစ် အုပ်ချုပ်ကာ သူ၏လက်အောက်ခံများအား ကြိုက်ရာခိုင်းစေနိုင်သကဲ့သို့ ကြွယ်ဝမှုမှန်သမျှကိုလည်း တောင်းခံနိုင်သည်။ [၅]

တတိယမင်းဆက်၏ ပထမဆုံး ဘုရင်ဖြစ်သော ဂျိုဆာ ဘုရင် လက်ထက်တွင် အီဂျစ် နန်းမြို့တော်အား မမ်ဖစ် သို့ပြောင်းရွှေ့ခဲ့ပြီး ဂျိုဆာသည် နန်းတော်ကို တည်ထောင်ခဲ့သည်။ ဆက်ကွာရာ သည် အဆောက်အဦးများအတွက် ခေတ်သစ်ကို စတင်ခဲ့သည်။ ဗိသုကာပုံစံအသစ်အတွက် စိတ်ကူးဖြစ်သော လှေကားထစ်ပုံ ပိရမစ်တည်ဆောက်ခြင်းကြောင့် ဂျိုဆာဘုရင်၏ ဗိသုကာပညာရှင်ဖြစ်သော အင်မ်ဟိုတက်ပ် ကို ကျောက်တုံးများနှင့် အဆောက်အဦးတည်ဆောက်ခြင်းကို စတင်သူတစ်ဦးအဖြစ် ဂုဏ်ပြုခဲ့ကြသည်။ [၅] အီဂျစ်ပြည်ဟောင်းခေတ်သည် အီဂျစ်ဘုရင်များကို မြှုပ်နှံရာ နေရာဖြစ်သော ပိရမစ်အများအပြား တည်ဆောက်ခဲ့ခြင်းကြောင့် လူသိများသည်။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ "Old Kingdom of Egypt"၊ Ancient History Encyclopedia 
  2. ၂.၀ ၂.၁ Malek, Jaromir. 2003. "The Old Kingdom (c. 2686–2160 BC)". In The Oxford History of Ancient Egypt, edited by Ian Shaw. Oxford and New York: Oxford University Press. ISBN 978-0192804587, p.83
  3. Schneider၊ Thomas (27 August 2008)။ "Periodizing Egyptian History: Manetho, Convention, and Beyond"။ in Klaus-Peter Adam (ed.)။ Historiographie in der Antike။ Walter de Gruyter။ ISBN 978-3-11-020672-2CS1 maint: ref=harv (link)
  4. Carl Roebuck, The World of Ancient Times, pp. 55 & 60.
  5. ၅.၀ ၅.၁ Carl Roebuck, The World of Ancient Times, p. 56.