အော်စကာဆုဟု လူသိများသည့် အကယ်ဒမီဆုသည် ရုပ်ရှင်လောက လုပ်ငန်းနယ်ပယ်မှ အနုပညာနှင့် တတ်သိပညာဆိုင်ရာ ထူးချွန်မှုအတွက် ချီးမြှင့်ထားသော ဆုဖြစ်သည်။ အမေရိကန်နိုင်ငံရှိ ရုပ်ရှင်အနုပညာနှင့်တတ်သိပညာအကယ်ဒမီ (The Academy of Motion Picture Arts and Sciences, AMPAS) က ကမ္ဘာတဝှမ်းရှိ ရုပ်ရှင်လောကမှ ထူးချွန်ပြောင်မြောက်သူများအား ချီးမြှင့်သည့် ရုပ်ရှင်ထူးချွန်ဆုတစ်ရပ်ဖြစ်သည်။[၁] ယင်းဆုများတွင် အကောင်းဆုံး ဒါရိုက်တာ၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား၊ အကောင်းဆုံး နိုင်ငံခြားဘာသာ ဇာတ်ကား စသည်ဖြင့် ပါဝင်သည်။

အကယ်ဒမီဆု
၉၁ ကြိမ်မြောက် အကယ်ဒမီဆု
ဆုပေးအပ်ခြင်းအကြောင်းရုပ်ရှင်ထူးချွန်ဆု
ဆုတံဆိပ်ပေးအပ်သူAcademy of Motion Picture Arts and Sciences
နိုင်ငံအမေရိကန်ပြည်ထောင်စု
ပထမဆုံးဆုတံဆိပ်မေ ၁၆၊ ၁၉၂၉; ၉၄ နှစ် အကြာက (၁၉၂၉-၀၅-16)
ဝက်ဘ်ဆိုဒ်oscar.go.com

ဆုတံဆိပ်ကို မူလထုလုပ်သူမှာ George Stanley (ဂျော့စတန်လီ) ဖြစ်သည်။ Cedric Gibbons ဆွဲထားသောပုံဒီဇိုင်းမှ မှီးငြမ်းထုလုပ်ခဲ့သည်။ အကယ်ဒမီဆုပေးပွဲကို ၁၉၂၇ ခုနှစ်တွင် ဟော်လီဝုဒ်ရုစဗဲ့ဟိုတယ်၌ ပထမဆုံး ကျင်းပချီးမြှင့်ခဲ့သည်။ အခမ်းအနားမှူးအဖြစ် Douglas Fairbanks က လုပ်ဆောင်ခဲ့သည်။ အကယ်ဒမီဆုပေးပွဲ အခမ်းအနားကို ရေဒီယိုမှတဆင့် ၁၉၃၀ ခုနှစ်တွင် ထုတ်လွှင့်ခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် ရုပ်မြင်သံကြားဖြင့် ပထမဆုံး ထုတ်လွှင့်နိုင်ခဲ့သည်။ အကယ်ဒမီဆုပေးပွဲသည် ကမ္ဘာတစ်ဝန်းတွင် နှစ်အကြာဆုံး ဖြော်ဖြေရေးဆုပေးပွဲ ဖြစ်ပြီး ယခုအခါ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှု့နိုင်ပြီးဖြစ်သည်။ ရုပ်မြင်သံကြားအတွက် အမ်မီဆု၊ ပြဇာတ်တွက် တော်နီဆု၊ ဂီတအတွက် ဂရမ်မီဆု စသည်ဖြင့် အကယ်ဒမီဆုကို အသီးသီ နမူနာယူကြသည်။

၂၀၁၈ ခုနှစ်အတွင်း ရုံတင်ထားသော ရုပ်ရှင်များအတွက် ကျင်းပခဲ့သော (၉၁) ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲကို ၂၀၁၉ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် လော့အင်ဂျလစ်မြို့ရှိ Dolby Theatre ၌ ကျင်းပဲခဲ့သည်။ အခမ်းအနားကို ABC ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သည်။ ပထမဆုံးချီးမြှင့်ခဲ့သောနေ့မှာ ယခု ၉၁ ကြိမ်မြောက်အထိ အော်စကာရုပ်ဆုကို စုစုပေါင်း ၃,၀၉၆ ခု ပေးအပ်ချီးမြှင့်ပြီးဖြစ်သည်။ ၁၉၈၈ ခုနှစ်မှစ၍ ယခုအထိ အခမ်းအနားမှူးမပါဝင်သော ပထမဆုံးအခမ်းအနားဖြစ်သည်။

အပ်နှင်းသည့်ဆုများ ပြင်ဆင်ရန်

လက်ရှိဆုများ ပြင်ဆင်ရန်

  • အကောင်းဆုံး အမျိုးသားဇာတ်ဆောင် (Best Actor in a Leading Role) - ၁၉၂၈ မှ ယနေ့
  • အကောင်းဆုံး အမျိုးသားဇာတ်ပို့ (Best Actor in a Supporting Role) - ၁၉၃၆ မှ ယနေ့
  • အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် (Best Actress in a Leading Role) - ၁၉၂၈ မှ ယနေ့
  • အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ (Best Actress in a Supporting Role) - ၁၉၃၆ မှ ယနေ့
  • အကောင်းဆုံး ကာတွန်းကား (Best Animated Feature) - ၂၀၀၁ မှ ယနေ့
  • အကောင်းဆုံး ကာတွန်းကားတို (Best Animated Short Film) - ၁၉၃၁ မှ ယနေ့
  • အကောင်းဆုံး အနုပညာ ညွှန်းကြားမှု (Best Art Direction) - ၁၉၂၈ မှ ယနေ့
  • အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံ (Best Cinematography) - ၁၉၂၈ မှ ယနေ့
  • အကောင်းဆုံး ဇာတ်ဝတ်ဇာတ်စား ဒီဇိုင်း (Best Costume Design) - ၁၉၄၈ မှ ယနေ့
  • အကောင်းဆုံး ဒါရိုက်တာ (Best Director) - ၁၉၂၈ မှ ယနေ့
  • အကောင်းဆုံး မှတ်တမ်းတင် ရုပ်ရှင် (Best Documentary Feature) - ၁၉၄၃ မှ ယနေ့
  • အကောင်းဆုံး မှတ်တမ်းတင် ရုပ်ရှင်ကားတို (Best Documentary Short Subject) - ၁၉၄၁ မှ ယနေ့
  • အကောင်းဆုံး တည်းဖြတ် (Best Film Editing) - ၁၉၃၅ မှ ယနေ့
  • အကောင်းဆုံး နိုင်ငံခြားဘာသာ ဇာတ်ကား (Best Foreign Language Film) - ၁၉၄၇ မှ ယနေ့
  • (Best Live Action Short Film) - ၁၉၃၁ မှ ယနေ့
  • အကောင်းဆုံး မိတ်ကပ် (Best Makeup) - ၁၉၈၁ မှ ယနေ့
  • အကောင်းဆုံး ရုပ်ရှင်တေးဂီတ (Best Original Score) - ၁၉၃၄ မှ ယနေ့
  • အကောင်းဆုံး ရုပ်ရှင်သီချင်း (|Best Original Song) - ၁၉၃၄ မှ ယနေ့
  • အကောင်းဆုံး ဇာတ်ကား (Best Picture) - ၁၉၂၈ မှ ယနေ့
  • အကောင်းဆုံး အသံတည်းဖြတ် (Best Sound Editing) - ၁၉၆၃ မှ ယနေ့
  • အကောင်းဆုံး အသံနှောမှု (Best Sound Mixing) - ၁၉၃၀ မှ ယနေ့
  • (Best Visual Effects) - ၁၉၃၉ မှ ယနေ့
  • အကောင်းဆုံး မှီငြမ်းဇာတ်ညွှန်း (Best Writing - Adapted Screenplay) - ၁၉၂၈ မှ ယနေ့
  • အကောင်းဆုံး မူလဇာတ်ညွှန်း (Best Writing - Original Screenplay) - ၁၉၄၀ မှ ယနေ့

ဆုပေးပွဲ ပထမဆုံးနှစ်တွင် အကောင်းဆုံး ဒါရိုက်တာဆုအား ဒရာမာနှင့် ဟာသအဖြစ် နှစ်မျိုးခွဲပေးခဲ့သည်။ အလားတူပဲ အကောင်းဆုံး ဇာတ်ဝင်တေးသွားဆုကိုလည်း နှစ်မျိုးခွဲ ပေးခဲ့သည်။ ၁၉၃၀ မှ ၆၀ ခုနှစ်အတွင်း အနုပညာ ညွှန်ကြားမှု၊ ဓာတ်ပုံနှင့် ဇာတ်ဝတ်ဇာတ်စား ဒီဇိုင်းဆုများကိုမူ အဖြူအမဲနှင့် ရောင်စုံအဖြစ် သီးခြားအပ်နှင်းခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. About the Academy Awards။ Academy of Motion Picture Arts and Sciences။ 19 December 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-04-13 တွင် ပြန်စစ်ပြီး။