အော်လ်ဆန်းမြို့သည် နော်ဝေနိုင်ငံ မိုးရ်အော့ဂ်ရွမ်စဒါ ကောင်တီ အတွင်းရှိ မြို့နှင့် စည်ပင်သာယာနယ်နိမိတ်တစ်ခု ဖြစ်သည်။ ၎င်းသည် ဆန်းမိုးခရိုင်၏ တစိတ်တဒေသဖြစ်ပြီး အော်လ်ဆန်းဒေသ၏ ဗဟိုတွင် ရှိသည်။ ပင်လယ်ဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ်ပြီး အာ့တ်နိုဗျူး ဗိသုကာပညာ လက်ရာများ စုစည်းနေခြင်းကြောင့် ထင်ရှားသည်။ အော်လ်ဆန်းမြို့သည် အော်လ်ဆန်းစည်ပင်သာယာနယ်နိမိတ်၏ အုပ်ချုပ်ရေးဌာန ဖြစ်ပြီး ဆန်းမိုးခရိုင်၏ အဓိက သင်္ဘောဆိပ်မြို့ ဖြစ်သည်။

အော်လ်ဆန်းမြို့
Aalesund
Ålesund
မြို့
Official seal of {{{official_name}}}
စည်းတံဆိပ်
အော်လ်ဆန်းမြို့
၏ ရုံးသုံးလိုဂို
လိုဂို
နိုင်ငံ နော်ဝေ
ကောင်တီမိုးရ်အော့ဂ်ရွမ်စဒါ
ဧရိယာ
 • စုစုပေါင်း၉၈.၀၆ စတုရန်းကီလိုမီတာ (၃၇.၈၆ စတုရန်းမိုင်)
 • ကုန်းမြေ၉၃.၁၇ စတုရန်းကီလိုမီတာ (၃၅.၉၇ စတုရန်းမိုင်)
 • ရေထု၅.၄၅ စတုရန်းကီလိုမီတာ (၂.၁၀ စတုရန်းမိုင်)

၃၈ စတုရန်းမိုင်ရှိသော စည်ပင်သာယာဒေသသည် နော်ဝေရှိ စည်ပင်သာယာ နယ်နိမိတ် ၄၂၂ ခုတွင် ၃၈၂ ခုမြောက် အကြီးဆုံး ဖြစ်သည်။ အော်လ်ဆန်းသည် နော်ဝေနိုင်ငံရှိ လူဦးရေ အများဆုံးမြို့များတွင် အဆင့် ၁၇ ရှိပြီး လူဦးရေ အားဖြင့် ၄၇,၁၉၉ ဦး ရှိသည်။ လူဦးရေ သိပ်သည်းမှုအားဖြင့် ၁ စတုရန်းမိုင်လျှင် ၁,၃၁၂ ဦး (၁ စတုရန်းကီလိုမီတာလျှင် ၅၀၆.၆ ဦး) မျှ ရှိပြီး ယခင်ဆယ်စုနှစ် အတွင်းတွင် လူဦးရေ ၁၄% မျှ တိုးတက်လာခဲ့သည်။ [၁] ဂရိတ်တား အော်လ်ဆန်း မြို့ပြဒေသတွင် လူဦးရေ ၅၆,၂၂၃ ဦးမျှ ရှိပြီး ၎င်းတွင် အနီးအနားရှိ ဆူလာမြို့ကိုလည်း ထည့်သွင်း ရေတွက်ထားသည်။ [၂]

မြင်ကွင်းကျယ် ပြင်ဆင်ရန်

အော်လ်ဆန်းမြို့ မြင်ကွင်းကျယ်အား မြို့၏ အပေါ်စီးရှိ အက်စလာ တောင်ပေါ်တက်လမ်းမှ မြင်ရစဉ်




ကိုးကား ပြင်ဆင်ရန်