အေးဆန်း(၂၄ ဇန်နဝါရီ ၁၉၈၂ ခုနှစ်)သည် မြန်မာ ဘောလုံးသမားတစ်ဦးဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် နိုင်ငံလက်ရွေးစင်အသင်းအတွက် ပထမဆုံး ရွေးချယ်ခံရသည်။[၁]

အေးဆန်း
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ အေးဆန်း
မွေးသက္ကရာဇ် (1982-01-24) ၂၄ ဇန်နဝါရီ၊ ၁၉၈၂ (အသက် ၄၂)
မွေးရပ်ဇာတိ  မြန်မာ
ကွယ်လွန်သည့်ရက် ၁၂ ဇွန်၊ ၂၀၂၀(2020-06-12) (အသက် ၃၈)
ကွယ်လွန်ရာအရပ် ထားဝယ်မြို့
ကစားသည့်နေရာ နောက်တန်း (ခံစစ်)
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
နေပြည်တော် FC
အင်္ကျီနံပါတ်
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၂၀၀၉-၂၀၁၃ ကမ္ဘောဇ ၃၉ (၄)
၂၀၁၄ နေပြည်တော် FC (၀)
နိုင်ငံကိုယ်စားပြုအသင်း
၂၀၀၈- မြန်မာ (၀)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

​ကစားသမားဘဝ ပြင်ဆင်ရန်

သူသည် ပြည်နယ်/တိုင်း အသက် ၁၇နှစ်​အောက် ​ဘောလုံးပြိုင်ပွဲများတွင် ၂၀၀၀ပြည့်နှစ်က စစ်ကိုင်းတိုင်းအသင်းတွင်ပါဝင်ပြီး​နောက် အားကစားဝန်ကြီးဌာန၏ လူငယ်​ဘောလုံးအသင်းသို့​ရောက်သွားခဲ့သည်။၂၀၀၂ ခုနှစ်တွင် အဆင့်မြင့်တန်း၌ လူငယ်​မွေးမြူ​ရေးစီမံကိန်းအဖြစ် ယှဉ်ပြိုင်ကစားနေသည့် တံခွန်​ဘောလုံးအသင်းတွင် ပါဝင်ကစားခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် တံခွန်နှင့် ညီအစ်ကို​ဘောလုံးအသင်းဖြစ်သည့် က​​မ္ဘောဇ​ဘောလုံးအသင်းသို့ တံခွန်မှ​ဘောလုံးသမား ၁၄ ဦးနှင့်အတူ ​ပြောင်း​ရွှေ့ကစားခဲ့သည်။

၁၇ နှစ်​အောက် မြန်မာ့လူငယ်လက်​ရွေးစင်အဖြစ် ၂၀၀၂ ခုနှစ်တွင် စတင်​ရွေးချယ်ခံရပြီး​နောက် သက်တမ်းလိုက်ပြိုင်ပွဲအဆင့်ဆင့် ကိုယ်စားပြုကစားပြီး​နောက် မြန်မာ့လက်​ရွေးစင်​ဘောလုံးအသင်းသို့ ​​ရောက်ရှိသွားခဲ့သည်။

မြန်မာ​နေရှင်နယ်လိဂ်တွင် က​မ္ဘောဇအသင်းနှင့် ​နေပြည်​တော်တို့တွင် ကစားခဲ့သည်။​ကစားသမားဘဝမှအနားယူပြီး​နောက် အမျိုးသား​ဘောလုံးအကယ်ဒမီ ရန်ကုန်တွင် နည်းပြအဖြစ်လုပ်ကိုင်ခဲ့သည်။

ကွယ်လွန်ခြင်း ပြင်ဆင်ရန်

၂၀၂၀ပြည့်နှစ် ဇွန်လ၁၂ရက်​နေ့တွင် ထားဝယ်မြို့ သရက်​ချောင်း​ရေတံခွန်တွင် ​ရေနစ်​သေဆုံးခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးနှင့် သားဖြစ်သူတို့ ကျန်ရစ်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. အေးဆန်း at National-Football-Teams.com