Wal- mart အချမ်းသာကြွယ်ဝဆုံး စာရင်းဝင် အမေရိကန် လူမျိုး အဲလစ် လူးဝစ် ဝေါ်လ်တန် အား ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့၌ နယူးပို့တ်၊ အာကန်းဆက်စ်ပြည်နယ် (Newport, Arkansas) တွင် မွေးဖွားခဲ့သည်။ သူမသည် Wal-Mart ချမ်းသာ ကြွယ်ဝဆုံး သူများ စာရင်းအား စတင်ပြုစုခဲ့သူ ဆမ်ဝေါ်လ်တန် နှင့် ဟဲလန် ဝေါ်လ်တန် တို့၏ သမီးဖြစ်ပြီး၊ အက်စ် ရော့ဘ်ဆန် ဝေါ်လ်တန် နှင့် ဂျင်မ်ဝေါ်လ်တန် တို့၏ အစ်မ ဖြစ်သည်။

အဲလစ်ဝေါ်လ်တန်
အဲလစ်ဝေါ်လ်တန်
မွေးသက္ကရာဇ် အောက်တိုဘာ ၇ ရက် ၊ ၁၉၄၉
နယူးပို့တ်၊ အာကန်းဆက်စ်ပြည်နယ်
နိုင်ငံသား အမေရိကန်
လူမျိုး အမေရိကန်
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၂၀ ဘီလျံ

သူမ၏ အစ်ကိုတစ်ယောက်ဖြစ်သူ ဂျွန်တီဝေါ်လ်တန် သည် ၂၀၀၅ ခုနှစ်၊ လေယာဉ်ပျက်ကျရာတွင် သေဆုံးခဲ့သည်။ ၂၀၁၀ မတ်လတွင် သူမ၏ ခန့်မှန်းခြေ ချမ်းသာကြွယ်ဝမှုမှာ အမေရိကန်ဒေါ်လာ ၂၀.၆ ဘီလီလျံ ရှိနေပြီ ဖြစ်ရာ ယောက်မဖြစ်သူ ခရစ်စတီ ဝေါ်လ်တန် နှင့်အတူ ကမ္ဘာ့ အချမ်းသာဆုံးစာရင်းဝင် တစ်ယောက် ဖြစ်လာခဲ့သည်။

ပညာရေး ပြင်ဆင်ရန်

အဲလစ်ဝေါ်လ်တန် သည် တက္ကဆက် ပြည်နယ်၊ ဆန်အန်တိုနီယို မြို့ရှိ Trinity University မှ စီးပွားရေး ဘာသာရပ် နှင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ်များ၌ ဘီအေ ဘွဲ့ရရှိခဲ့သည်။

စီးပွားရေး ပြင်ဆင်ရန်

အဲလစ်ဝေါ်လ်တန် သည် သူမ၏ အသက်မွေးဝမ်းကျောင်းမှု ပညာရပ်ဖြစ်သည့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ်အား First Commerce ကော်ပိုရေးရှင်းတွင် ရှယ်ယာတန်ဖိုးများ လေ့လာဆန်းစစ်သူ၊ စီမံခန့်ခွဲသူ ရာထူးဖြင့် စတင် အသုံးချခဲ့သည်။ နောက်ပိုင်းတွင် ဒုတိယ ဥက္ကဋ္ဌ တစ်ဖြစ်လည်း ရင်းနှီးမြှပ်နှံမှုများဆိုင်ရာ လုပ်ငန်းစဉ်များအားလုံး၏ ဌာနမှူး အနေနှင့် အားဗက်စ် ဘဏ် အုပ်စုတွင် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။

၁၉၈၈ ခုနှစ်တွင် မစ် ဝေါလ်တန် Ms. Walton သည် လိုင်ယာမာ ကုမ္ပဏီ ( Llama Company ) ကို စတင်တည်ထောင်သူဖြစ်သည်။ ယင်းကမ္ပဏီသည် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များအား ကော်ပိုရိတ် လုပ်ငန်းကြီးများ၊ အများပြည်သူပိုင် နှင့် စနစ်တကျ ပြုစုပြီးသော ဘဏ္ဍာများ၊ အစစ်အမှန် ကိုယ်ပိုင် ဘဏ္ဍာများ ကြားတွင် စေ့စပ် ညှိနှိုင်းပေးခြင်း ကို လုပ်ဆောင်သည်။ ကုန်စည်များ ရောင်းချခြင်း နှင့် ကုန်သွယ်မှုများ ကို လည်းပြုလုပ်သည်။

သူမသည် ထိုကုမ္ပဏီ၏ စီအီးအို၊ အကြီးအကဲ ဥက္ကဋ္ဌ အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ တစ်ချိန်တွင် E.F Hutton ၌ အကျိုးဆောင်တစ်ယောက် ဖြစ်ခဲ့သေးသည်။ မစ် ဝေါလ်တန် သည် Northwest Arkansas ကောင်စီ၏ ပထမဆုံး ဥက္ကဋ္ဌဖြစ်ရုံသာမက ယင်းကောင်စီ၏ နောက်ခံ တွန်းအားပေးသူလည်း ဖြစ်ခဲ့သည်။ ယင်း ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး အဖွဲ့အစည်း သည် Northwest Arkansas ဒေသ၏ ဒေသပိုင် လေယာဉ်ကွင်းလေး၏ လုံခြုံရေး ကို တိုးတက်အောင်ပြုလုပ်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

၁၉၉၀ နောက်ပိုင်းနှစ်များတွင် မစ် ဝေါလ်တန် သည် လိုင်ယာမာ ကုမ္ပဏီ Llama Company အား ရပ်နားခဲ့ပြီး၊ ဧက ၃၂၀၀ ကျယ်ဝန်းသော တက္ကဆက် (Texas ) အလယ်ပိုင်းရှိ စိုက်ပျိုးမွေးမြူရေးခြံ သို့ ပြောင်းရွှေ့ခဲ့သည်။ မစ္စ ဝေါလ်တန်သည် လေယာဉ်ကွင်းတည်ဆောက်ရေးအတွက် လိုအပ်သော ပထမဆုံးအရစ် ငွေကြေးကို စီစဉ် ပေးချေခဲ့သည်။ သူမ၏ထောက်ပံ့ထည့်ဝင်မှုသည် လေယာဉ်ကွင်း တည်ဆောက်ရာတွင် အဓိက နေရာက ပါဝင်ခဲ့သည်။ လေယဉ်ကွင်း စီမံကိန်းတွင် ပါဝင်ရုံသာမက ဒေသတွင်းရှိ အခြားသော လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာ ထောက်ပံ့မှုများလည်း ရှိခဲ့ရာ ၎င်းကို အသိအမှတ်ပြုသည့် အနေနှင့် လေယဉ်ကွင်း အာဏာပိုင် ဘုတ်အဖွဲ့ဝင်ဒါရိုက်တာများက လေယဉ်ကွင်းရှိ ခရီးသည်များ လေယဉ်သို့ အသွားအပြန် လမ်းကြောင်း တာမင်နယ် အဆောက်အအုံကို အဲလစ် လယ် ဝေါ်လ်တန် တာမင်နယ် အဆောက်အအုံ ဟု အမည်ပေးမှည့် ခေါ်ခဲ့သည်။

၂၀၀၁ တွင် မစ္စ ဝေါလ်တန်သည် Arkansas Aviation Hall of Fame တွင် စာရင်းရေးသွင်းခြင်း ခံရသည်။ ၂၀၀၄ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲဖြစ်မြောက်ရေးကော်မတီ ၅၂၇ ကော်မတီသိုထောက်ပံလှူ ဒါန်းခဲ့ပြီး နံပါတ် ၂၀ မြောက် ထောက်ပံအကူအညီပေးသူ တယောက်ဖြစ်ခဲ့သည်။ အမေရိကန် အဖွဲ့အစည်း တခုဖြစ်သော ကွန်ဆာဗေးတစ်ပါတီ တိုးတက်ရေးအတွက် ဒေါ်လာ ၂.၆ သန်းလှူဒါန်းခဲ့သည်။ ၂၀၀၄ ခုနှစ် ရွေးကောက်ပွဲ ကာလအတွင်း အီရတ်ကိုဆင်နွဲသည့် စစ်ပွဲအားထောက်ခံကြရန် လှုံဆော် အားပေးသည့် ကြေညာမှုများပြုလုပ်ခဲ့ပြီး ၉/၁၁ အကြမ်းဖက်မှုမျိုး ထပ်မံမဖြစ်ပွားနိုင်ရန် ကာ ကွယ်နိုင်ခဲ့သည့်အတွက် သမ္မတ ဂျော့ ဒဗလျူ ဘုရှ် ကို ချီးကျူးခဲ့သည်။

အများအကျိုးအတွက် လှူဒါန်းခြင်း ပြင်ဆင်ရန်

သူ၏ ပရဟိတ အလှူလုပ်ငန်းများကို ဝေါလ်တန် မိသားစု အဖွဲ့အစည်း ၏ အုပ်ချုပ်ရေး အဖွဲ့ဝင်တယောက် အနေဖြင့်သာ ပြုလုပ်ခဲ့သည်။ Little Rock ရှိ အာကန်းဆက် တက္ကသိုလ်, ဆေးသိပ္ပံ အုပ်ချုပ်ရေးအဖွဲ့ တွင် အဖွဲ့ဝင်တယောက် ဖြစ်ပြီး Fayetteville ရှိ တက္ကသိုလ်တခုဖြစ်သော Arkansas Graduate Business School အုပ်ချုပ်ရေးအဖွဲ့တွင်လည်း အကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည်။ ၁၉၉၆ တွင် အာကန်းဆက် တက္ကသိုလ် ဘဏ္ဍာရေးအဖွဲ့ သဘာပတိအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတွင်းနှင့် နိုင်ငံတကာ အဆင့်မှီ အကောင်းဆုံး ဖြစ်စေရန် ရည်ရွယ်ပြီး စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုကောလိပ်အဆင့် မှ တက္ကသိုလ် အဆင့်သို့ ပြောင်းလဲ ဖွင့်လှစ်ခဲ့သည်။ Northwest Arkansas တွင် မတူညီသော လူမှု-စီးပွားရေး နောက်ခံရှိသည့် ကလေးများအား အတူတကွ စုစည်းလေ့ကျင့် သင်ကြားပေးသော နွေရာသီ စခန်းဖြစ်သည့် Camp War Eagle ကို စိတ်ကူးတည် ထောင်ခဲ့သည်။

အနုပညာနှင့် သက်ဆိုင်သောလုပ်ငန်းများ ပြင်ဆင်ရန်

အမေရိကန် ပန်းချီ အနုပညာပြတိုက် Crastal Bridges Museum ကို တိုးချဲ့ ခဲ့ခြင်းအားဖြင့် ဝေါလ်တန် မိသားစု ၏ ပါဝင်ပက်သက်နိုင်မှုကို ရှေးရူလုပ်ကိုင်ခဲ့သည်။ Crystal Bridge Museum မှာ အနုပညာနှင့် ပက်သက်ပြီးလေ့လာသင်ကြားနိုင်သော နေရာတနေရာဖြစ်ပြီး အမျိုးသားပန်းချီအနုပညာ သင်တန်းကျောင်းမှ အမေရိကန် ပန်းချီ၊ အနုပညာရှင်များ၏ လက်ရာများ ခင်းကျင်းပြသနိုင်ရန် ရည်ရွယ် ၍ ပထမတန်းစားပြခန်းမျိုးအဖြစ် စိတ်ကူးဖွင့်လှစ်ထားခြင်း ဖြစ်သည်။ ၂၀၀၅ တွင် Asher Brown Durand ၏ ထင်ရှားကျော်ကြားသော Kindred Spirits အမည်ရှိ ပန်းချီကားကို လေလံပွဲတွင် ဆိုဈေး အမေရိကန်ဒေါ်လာ ၃ သန်းပေး ၍ ဝယ်ယူခဲ့သည်။ Hudson River ကျောင်းမှ ပန်းချီဆရာ Thomas Cole ၏ နောက်ဆုံးလက်ရာဖြစ်သည့် ၁၈၄၉ ပန်းချီကားကို နယူးယောက် ပြည်သူ့ စာကြည့်တိုက်သို့ Julia Bryant မှ ပေးပို့ခဲ့သည်။ Julia Bryant သည် အချစ်ကဗျာရေးသူ နှင့် နယူးယောက်သတင်းစာ ထုတ်လုပ်သူ William Cullen Bryant (ပန်းချီကားကို မီးသွေးခဲဖြင့်ရေးဆွဲခဲ့သူ)၏ သမီး ဖြစ်သည်။

Ankansas, Bentonville ရှိ အမေရိကန်အနုပညာပြတိုက် ဖွင့်ပွဲအတွက် အမေရိကန် ပန်းချီဆရာ Winslow Home, Edward Hopper တို့ ၏ ပန်းချီကားများနှင့် အတူ ထင်ရှားကျော်ကြားသော လက်ရာတခုဖြစ်သည့် Charles Willson Peale ၏ ဂျော့ချ်ဝါရှင်တန် ပုံတူပန်းချီကား ကိုလဲ ကြိုတင် ဝယ်ယူခဲ့သည်။ ၂၀၀၉ တွင် Crystal Bridges Museum သည် Norman Rockwell ၏ iconic Rosie the Riveter ပန်းချီကားကို လက်ခံရရှိခဲ့သည်။ ထိုပန်းချီကားမှာ ရောင်းချရန်အတွက် မဟုတ်ပဲ ရာသက်ပန်သိမ်းဆည်းရန် ရည်ရွယ်ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ Washington DC ရှိ အမျိုးသား အနုပညာပြခန်း ၏ အုပ်ချုပ်ရေး ကောင်စီ အဖွဲ ့ဝင်တဦး ဖြစ်ပြီး Texas, Fort Worth ရှိ Amon Carter Museum ၏ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့တွင်လည်း တာဝန်ထမ်း ဆောင် လျက်ရှိသည်။

ပုဂ္ဂိုလ်ရေး ဘဝ ပြင်ဆင်ရန်

မြင်း ချစ်တက်သူ တယောက်ဖြစ်ပြီး Mineral Wells, Texas on The Rocking W Ranch. တွင် နေထိုင်လျက် ရှိသည်။

ကိုးကား ပြင်ဆင်ရန်