ဥပါယ်တံမျဉ်သည် ဖျော်ဖြေရေး ရုပ်ရှင် အမျိုးအစား ဖြစ်ပြီး ပရိသတ် အားပေးမှုများပြားခဲ့သော ရုပ်ရှင်များထဲတွင် တစ်ကား အပါအဝင်ဖြစ်သည်။ ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံတွင် ရုံတင်ပြသခဲ့သည်။

Deception
အခြေခံအချက်အလက်
ဒါရိုက်တာခရစ္စတီးနားခီ
စာရေးသူဇဏ်ခီ
သရုပ်ဆောင်
ဂီတမှူးဇဏ်ခီ
နိုင်ငံမြန်မာနိုင်ငံ
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • ဇန်နဝါရီ ၁၉၊ ၂၀၁၈ (၂၀၁၈-၀၁-၁၉) (မြန်မာနိုင်ငံ)[၁]
  • မတ် ၃၀၊ ၂၀၁၈ (၂၀၁၈-၀၃-၃၀) (စင်ကာပူနိုင်ငံ)[၂]
ထုတ်ဝေသူCentral Base Productions

ဇာတ်ကြောင်း ပြင်ဆင်ရန်

ဇာတ်လမ်းမှာ ပန်းချီပြခန်းပိုင်ရှင် လူချမ်းသာ အမျိုးသား တစ်ယောက်ကို လူတစ်စုမှ အကွက်ဆင် လိမ်လည်ကြခြင်းဖြစ်သည်။ မင်းထက်သည် ချမ်းသာ ကြွယ်ဝသူတဦး ဖြစ်ပြီး ပန်းချီပြခန်း ၁ ခုကိုလည်း ပိုင်ဆိုင်ထားကာ လှပသော ဇနီးဖြစ်သူ ဇင်မာ နှင့် ပြီးပြည့်စုံသော ဘဝပိုင်ရှင် ဖြစ်သည်။ ဘဝ အချိုးအကွေ့ တခု၌ အမှားတခုကြောင့် မင်းထက်၏ အိမ်ထောင်ရေးနှင့် စီးပွားရေးပါ ပျက်စီးခဲ့ရသည်။ အဖြစ်အပျက်များစွာ ဖြစ်ပျက်ပြီးနောက် မင်းထက်၏ဘဝသည် ၎င်းထင်သလို ပြီးပြည့်စုံသော ဘဝမဟုတ်ဘဲ မြှုပ်ကွက်များ ရှိနေကြောင်းကို သိရှိပြီး ဖော်ထုတ်ကာ ဘဝကို ပြန်လည်တည်ဆောက်သည်။

သရုပ်ဆောင်များ ပြင်ဆင်ရန်

ရိုက်ကူးမှု ပြင်ဆင်ရန်

ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားသည် အမျိုးသမီးဒါရိုက်တာ ခရစ္စတီးနားခီ ၏ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်သည်။ ဇာတ်ကားကို ရန်ကုန်ငပလီနှင့် ကလောတို့တွင် ၃ လကြာ ရိုက်ကူးခဲ့ပြီး တစ်နှစ်ကျော်ကြာ အချိန်ယူ တည်းဖြတ်ခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ သီဟတိုး (၂၃ ဇန်နဝါရီ ၂၀၁၈)။ ထူးခြားတဲ့ အနုပညာ ရိုက်ချက်တွေနဲ့ “ဥပါယ်တံမျဉ်”။ ဧရာဝတီ သတင်းဌာန။ ၂၁ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကား စင်ကာပူနိုင်ငံတွင် ရုံတင်ပြသမည်DVB (၉ မတ် ၂၀၁၈)။ ၂၁ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ ပြင်ဆင်ရန်