ဦးသဖောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်

ဦးသဖောင် (ပတ္တရား အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ အင်္ဂလိပ်: U-Tapao–Pattaya International Airport; ထိုင်း: ท่าอากาศยานนานาชาติอู่ตะเภา) သည် ထိုင်းနိုင်ငံ၊ ရွိုင်ယွန်ခရိုင်၊ ဘန်ချန်မြို့နယ်တွင် တည်ရှိသည်။ မြို့ပြ လေယာဉ်ကွင်း အပြင် စစ်တပ် လေယာဉ်ကွင်းအဖြစ်ပါ အသုံးပြုလျက် ရှိသည်။ ရွိုင်ယွန် နှင့် ပတ္တရားမြို့များကို ဝန်ဆောင်မှုပေးလျက်ရှိသည်။

U-Tapao–Rayong–Pattaya International Airport
ท่าอากาศยานนานาชาติ
อู่ตะเภา-ระยอง-พัทยา
အချက်အလက်များ
အမျိုးအစားPublic / Military
စီမံကွပ်ကဲသူRoyal Thai Navy
ဝန်ဆောင်မှု ဧရိယာChonburi-Pattaya Metropolitain Area
Rayong
တည်နေရာBan Chang, Rayong, Thailand
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်းThai AirAsia
ပင်လယ်မျက်နှာပြင် အထက်၄၂ ပေ / ၁၃ မီတာ
ကိုဩဒိနိတ်12°40′47″N 101°00′18″E / 12.67972°N 101.00500°E / 12.67972; 101.00500ကိုဩဒိနိတ်: 12°40′47″N 101°00′18″E / 12.67972°N 101.00500°E / 12.67972; 101.00500
မြေပုံ
UTP သည် ထိုင်းနိုင်ငံ တွင် တည်ရှိသည်
UTP
UTP
Location of airport in Thailand
ပြေးလမ်း
ဦးတည်ရာအရပ် အလျား မျက်နှာပြင်
မီတာ ပေ
18/36 ၃,၅၀၅ ၁၁,၅၀၀ နိုင်လွန်ကတ္တရာ
ရင်းမြစ်: DAFIF[၁][၂]

ဦးသဖောင်လေယာဉ်ကွင်းကို ထိုင်းတော်ဝင်လေတပ်ကလည်း အသုံးပြုသည်။ ဦးသဖောင်လေဆိပ်တွင် ထိုင်း လေကြောင်းလိုင်း၏ အဓိက လေယာဉ်ပြုပြင်ရေးရုံ ရှိသည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့မှ ဒီဇင်ဘာ ၅ ရက်နေ့အချိန်အတွင်းတွင် ဘန်ကောက်မြို့ရှိ လေဆိပ်များ ဆန္ဒပြမှုများကြောင့် ပိတ်ထားရချိန်တွင် ဦးသဖောင်လေဆိပ်သည် ထိုင်းနိုင်ငံ၏ အဓိက လေဆိပ်ဝင်ထွက်ပေါက်ဖြစ်ခဲ့သည်။ ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း တိုးတက်လာခြင်းနှင့်အတူ ထိုင်းနိုင်ငံတွင် အပြည်ပြည်လေဆိပ်များ ပိုမိုလိုအပ်လာခဲ့သည်။ ဦးသဖောင် အပြည်ပြည်ဆိုင်ရာလေဆိပ်သည်လည်း ထိုင်းနိုင်ငံ၏ အဓိက လေကြောင်းထွက်ပေါက် ဖြစ်လာခဲ့သည်။

တည်နေရာ ပြင်ဆင်ရန်

ဘန်ကောက်မြို့၏ အရှေ့တောင်ဘက် မိုင် ၉၀ (၁၄၀ ကီလိုမီတာ) အကွာ တွင် တည်ရှိသည်။ ထိုင်းပင်လယ်ကွေ့နှင့် နီးသည်။ ပတ္တရား ကမ်းခြေမှ ကားဖြင့် ၄၅ မိခန့် သွားရေသာ နေရာတွင် တည်ရှိသည်။

သမိုင်း ပြင်ဆင်ရန်

ဗီယက်နမ် စစ်ပွဲ ပြင်ဆင်ရန်

ဗီယက်နန် စစ်ပွဲအတွင်းတွင် ဦးသဖောင် လေဆိပ်သည် အမေရိကန် လေတပ်စခန်း အဖြစ် အသုံးပြုခဲ့သည်။ ဖျော်ဖြေရေးသမား ဘုဟုတ် သည် ၁၉၆၄ ခုနှစ် မှ ၁၉၇၂ ခုနှစ်အတွင်း ဦးသဖောင် လေဆိပ်သို့ နှစ်စဉ် လာရောက်ခဲ့သည်။

နိုဝင်ဘာ ၂၀၀၈ ဘန်ကောက်ဆန္ဒပြပွဲ ပြင်ဆင်ရန်

၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် ဆန္ဒပြမှုများကြောင့် သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ် တို့ ခေတ္တပိတ်ခဲ့ရသည်။ ထို့ကြောင့် ဦးသဖောင် လေဆိပ်သည် ပြည်ပလေယာဉ်များ ဆိုက်ရောက်ရာ လေယာဉ်ကွင်းအဖြစ် အသုံးပြုခဲ့ရသည်။

အဲအေးရှား လေကြောင်းလိုင်း၊ ထိုင်းအဲအေးရှား လေကြောင်းလိုင်း၊ နော့ လေကြောင်းလိုင်း၊ တရုတ် လေကြောင်းလိုင်း၊ ပြင်သစ် လေကြောင်းလိုင်း၊ ထိုင်း လေကြောင်းလိုင်း၊ ဘန်ကောက် လေကြောင်းလိုင်းအပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းစင်ကာပူ လေကြောင်းလိုင်းယူနိုက်တက် လေကြောင်းလိုင်း၊ အဲမရိတ် လေကြောင်းလိုင်း နှင့် အခြား လေကြောင်းလိုင်းများစွာတို့သည် ဘန်ကောက်မြို့ရှိ လေဆိပ်များမှ ဦးသဖောင်လေဆိပ်သို့ အကြိုအပို့ လေယာဉ်များ စီစဉ်ပေးခဲ့သည်။ အီတလီနိုင်ငံမကာအိုစပိန်နိုင်ငံတို့အပါအဝင် နိုင်ငံများစွာက အစိုးရများက ၎င်းတို့၏ ပြည်သူများကို စင်းလုံးငှားလေယာဉ်များဖြင့် ပြန်လည်ခေါ်ယူခဲ့သည်။

ခရီးသည် ၁ သိန်းခန့်သည် ဒီဇင်ဘာလ အစောပိုင်းအထိ ထိုင်းနိုင်ငံတွင် သောင်တင်နေခဲ့ကြသည်။ လေယာဉ်ပြေးလမ်းမှာ လေယာဉ်ကြီးများ ဆင်းသက်နိုင်သော်လည်း လေဆိပ် အဆောက်အဦးမှာ နေ့စဉ် လေယာဉ် အစီးရေ အနည်းငယ်ကိုသာ ကိုင်တွယ်နိုင်သည်။ ထို့ကြောင့် ခရီးသည်များ၏ မကျေနပ်ချက်များကို ကြားသိခဲ့ရသည်။

၂၀၁၅ ခုနှစ် ပြည်ပခရီးစဉ် တိုးချဲ့ခြင်း ပြင်ဆင်ရန်

ထိုင်းအဲအေးရှား လေကြောင်းလိုင်း၏ ပြည်ပခရီးစဉ်တိုးချဲ့မှုသည် ဘန်ကောက်မြို့ရှိ လေဆိပ်နှစ်ခု အတွက်သာမက ဖူးခက်အတွက်ပါ ပါဝင်ခဲ့သည်။ သို့သော် ပြည်ပခရီးသည်များအတွက် ထိုင်းနိုင်ငံသို့ လာရောက်ရန် ဦးသဖောင် လေဆိပ်သည် နောက်ထပ်အဓိက ဝင်ပေါက်ဖြစ်လာခဲ့သည်။

လေကြောင်းလိုင်းများနှင့် ပျံသန်းရာမြို့များ ပြင်ဆင်ရန်

လေကြောင်းလိုင်းများပျံသန်းရာနေရာ
အဲအေးရှား လေကြောင်းလိုင်း ကွာလာလမ်ပူ
ဘန်ကောက် လေကြောင်းလိုင်း Koh Samui၊ ဖူးခက်
ချိုင်းနား ဆောက်သမ်း လေကြောင်းလိုင်း ရှန်ဟိုင်း-ဖူတုန်း[၃]
ကန် လေကြောင်းလိုင်း ချင်းမိုင်[၄]
ထိုင်းအဲအေးရှား လေကြောင်းလိုင်း ချင်းမိုင်ဟိုက်ရိုင်[၅]မကာအိုNanchang[၆] Nanning,[၆] စင်ကာပူUdon Thani [၇]

မတော်တဆဖြစ်ပွားမှု ပြင်ဆင်ရန်

၁၉၇၇ ခုနှစ် အောက်တိုဘာ ၂၈ ရက်၊ ဗီယက်နမ် လေကြောင်းလိုင်း၏ လေယာဉ်သည် ဦးသဖောင် လေဆိပ်သို့ အနုကြမ်းစီးခံခဲ့ရသည်။ လေယာဉ်ပေါ်ပါလာသူ (၂) ဦး အသတ်ခံခဲ့ရသည်။ အနုကြမ်းစီးသူ (၄) ယောက်မှာ အဖမ်းခံခဲ့သည်။ အဆိုပါ လေယာဉ်သည်  တန်ဆွန်းညက် နိုင်ငံတကာလေဆိပ် ဟိုချီမင်းစီးတီးမှ ဒွန်းဒေါင် သို့ပျံသန်းလာခဲ့ခြင်းဖြစ်သည်။[၈]

ကိုးကား ပြင်ဆင်ရန်

  1. World Aero Data ရှိ VTBU အတွက် လေဆိပ် အချက်အလက်များ။ အောက်တိုဘာ ၂၀၀၆ အရ။ ရင်းမြစ်: DAFIF.
  2. Airport information for UTP at Great Circle Mapper. Source: DAFIF (effective October 2006).
  3. China Southern Adds Shanghai – Utapao Service from late-Jan 2016။ Airlineroute.net (23 December 2015)။ 23 December 2015 တွင် ပြန်စစ်ပြီး။
  4. "Kan Air returns to U-tapao with restricted service"၊ 1 Oct 2015။ 16 Oct 2015 တွင် ပြန်စစ်ပြီး 
  5. Thai AirAsia Further Expands Utapao/Pattaya Domestic Routes from late-Nov 2015
  6. ၆.၀ ၆.၁ Thai AirAsia Adds Utapao - China Service from Sep 2015။ Airlineroute.net (1 September 2015)။ 1 September 2015 တွင် ပြန်စစ်ပြီး။
  7. Thai AirAsia Continues Utapao/Pattaya Expansion from late-Nov 2015
  8. Hijacking description။ Aviation Safety Network။ 8 January 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 Aug 2010 တွင် ပြန်စစ်ပြီး။