၂၀၁၁ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ

(၅) ရက် ပြင်ဆင်ရန်

  • မြန်မာ့ပန်းချီလောက၊ စာနယ်ဇင်းပန်းချီလောက၏ ထွန်းလင်းတောက်ပနေသော နေတစ်ဆင်းဖြစ်သူ ပန်းချီမောင်မောင်သိုက် အသက် (၆၆)နှစ် ကွယ်လွန်သည်။
  • မိုးလေဝသနှင့်ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်သည် ထွန်းလွင် ဖေါင်ဒေးရှင်း ထူထောင်။

(၁၂)ရက် ပြင်ဆင်ရန်

  • အစိုးရသစ် လက်ထက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး။ အပြန်အလှန် တူညီသော ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် အတွက် ဦးတည်ချက်ထား၍ ဆောင်ရွက်သွားမည်ဖြစ်။ [၁]
  • အစိုးရသစ်လက်ထက် ပထမဆုံးသတင်းစာရှင်းလင်းပွဲ နပြေည်တော်တွင် ကျင်းပ။ [၂]

(၁၄) ရက် ပြင်ဆင်ရန်

  • ဒဿနပညာရှင်၊ အငြိမ်းစားဒဿနိကဗေဒပါမောက္ခ နန္ဒာသိန်းဇံ(မဟာသဒ္ဓမဇောတိကဓဇ) အသက် (၆၅)နှစ်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သည်။

(၁၈)ရက် ပြင်ဆင်ရန်

  • ငြိမ်းချမ်းရေး ဆွေးနွေးရန် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စု အစိုးရအဖွဲ့က၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်အမှတ် ၁/၂၀၁၁ ကို ထုတ်ပြန်ထုတ်ပြန်၍ ဖိတ်ခေါ်ခဲ့သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ခဲ့သည်။ [၃]

(၁၉) ရက် ပြင်ဆင်ရန်

  • နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် မတူကွဲပြားသော သဘောထား အမြင်များ ဘေးဖယ်ပြီး နိုင်ငံနှင့် လူမျိုးအတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများ၌ ပူးပေါင်းဆောင်ရွက်ကြမည့် အလားအလာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။ [၄][၅] [၆]

(၂၀)ရက် ပြင်ဆင်ရန်

  • နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲ (ဒုတိယနေ့) ပထမပိုင်းအစီအစဉ် သို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်။ [၇]

(၂၁)ရက် ပြင်ဆင်ရန်

  • မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana မြန်မာနိုင်ငံသို့ ရောက်ရှိ။ [၈]

(၂၂)ရက် ပြင်ဆင်ရန်

  • သတင်းမီဒီယာများ အပါအဝင် ပြည်သူများနှင့် နိုင်ငံတကာမှေဝဖန်အကြံပြုချက်များကို လွှတ်တော်များက ခံယူသွားကြရမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းပြောကြား။ [၉]
  • ပထမအကြိမ် လွှတ်တော် ဒုတိယ ပုံမှန်အစည်းအေဝးများ ကျင်းပ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်ကြသေးသည့် ပြည်တွင်းနိုင်ငံရေး အင်အားစုများကိုလည်း သဘောထား အမြင်ကွဲလွဲမှုကြောင့် ဖြစ်ပေါ်နေရသည့် ပဋိပက္ခများ လျော့ပါးအောင် ဆောင်ရွက်နေဟု နိုင်ငံတော် သမ္မတပြောကြား။ [၁၀]

(၂၄)ရက် ပြင်ဆင်ရန်

  • မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်၊ လူ အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Tomás Ojea Quintana နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ။ [၁၁]

(၂၅)ရက် ပြင်ဆင်ရန်

  • မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်၊ လူအခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ သည် ဩဂုတ်လ ၂၅ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။ သူသည် ၂၀၁၂ခုနှစ် မတ်လမတိုင်မီတွင် မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ်ထပ်မံ လာရောက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ [၁၂]

ကိုးကား ပြင်ဆင်ရန်

  1. Home - Eleven Media Group
  2. Home - Eleven Media Group
  3. Home - Eleven Media Group
  4. သမ္မတဦးသိန်းစိန် ဒေါ်စုနဲ့ တွေ့ဆုံ - BBC News မြန်မာ
  5. မော်ကွန်းတင်ပြီးမိတ္တူ။ 6 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 November 2011 တွင် ပြန်စစ်ပြီး။
  6. Home - Eleven Media Group
  7. Home - Eleven Media Group
  8. Home - Eleven Media Group
  9. Home - Eleven Media Group
  10. Home - Eleven Media Group
  11. Home - Eleven Media Group
  12. Home - Eleven Media Group