၁၉၂၉ ပါလက်စတိုင်း အုံကြွမှု

၁၉၂၉ ပါလက်စတိုင်း အုံကြွမှု ခေါ် ဗျူးရတ်အရေးအခင်း (အာရပ်: ثورة البراق‎) သည် ဂျူးတို့က ၁၉၂၉ ဖြစ်စဉ်များ (ဟီဘရူး: מאורעות תרפ"ט‎) ဟု ခေါ်ပြီး ဂျေရုဆလင်ရှိ အနောက်ဘက်နံရံကို ရပိုင်ခွင့်နှင့်ပတ်သက်၍ ဂျူးနှင့် မူဆလင်တို့ အခြင်းများကာ ဆန္ဒပြမှုများ ဆူပူအုံကြွမှုများ ဖြစ်ပေါ်သော ကိစ္စရပ်တည်း။

အုံကြွမှုကာလအတွင်း ဂျေရုဆလင်မြို့ဟောင်းရှိ ဂျက်ဖာတံခါးမှာ ထွက်ပြေးနေသော ဂျူးမိသားစုများ

ဖြစ်စဉ်အများစုတွင် ဂျူးတို့နှင့် ၎င်းတို့ပိုင်ပစ္စည်းများအား အာရပ်များက ဖျက်ဆီးသည်။ အုံကြွမှုဖြစ်သည့်ကာလ ဩဂုတ်လ ၂၃ မှ ၂၉ ရက်အတွင်း ဂျူး ၁၃၃ ယောက် အသတ်ခံရပြီး ၃၃၉ ယောက် ဒဏ်ရာရသည်။ အများစုမှာ လက်နက်မဲ့ပြည်သူများ ဖြစ်သည်။ [၁] အာရပ်တို့ဘက်မှလည်း ၁၁၆ ယောက် အသတ်ခံရပြီး ၂၃၂ ယောက် ဒဏ်ရာရ၏။ အများစုကို တာဝန်ပေးခံရသော အဓိကရုဏ်းနှိပ်နင်းရေးရဲများက လုပ်ဆောင်ခြင်းဖြစ်သည်။ အသတ်ခံရသူများအနက် အာရပ် အယောက် ၂၀ မှာ အရပ်သားဂျူးများနှင့် လူမျိုးရေးခွဲခြားသော ဗြိတိသျှသားတို့ လက်ချက်တည်း။ [၂] အုံကြွမှုပြေငြိမ်သည်နောက် အာရပ် ၁၇၄ ယောက်၊ ဂျူး ၁၀၉ ယောက်ကို သတ်ဖြတ်မှု၊ သတ်ဖြတ်ရန်အားထုတ်မှုတို့ဖြင့် ဖမ်းဆီးကာ ယင်းတို့အနက် အာရပ် ၄၀% မျှ၊ ဂျူး ၃% မျှကို အပြစ်ထင်ရှားကြောင်း ဖော်ပြ၍ ဘက်လိုက်စွာအရေးယူခဲ့သည်။ အရေးအခင်းအတွင်း ပါလတ်စတိုင်းအသိုင်းအဝိုင်းငယ် ၁၇ ခုမျှ ပျက်စီးသည်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. Morris, Benny (1999). Righteous Victims: A History of the Zionist-Arab Conflict. Random House. ISBN 9780679744757. Retrieved 17 April 2012.
  2. Ross, Stewart (2004). Causes and Consequences of the Arab-Israeli Conflict. Evans Brothers. p. 22. ISBN 0237525852.
  3. "אירועים ביטחוניים בתולדות משמר העמק [Security events in the history of Mishmar HaEmek]". Mishmar HaEmek website (in Hebrew). Retrieved 9 July 2016.