မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

.fi သည် နိုင်ငံတော်များနှင့် သက်ဆိုင်သည့် အဓိက ဒိုမိန်းများထဲမှာ တစ်ခုဖြစ်ပြီး၊ ဖင်လန်နိုင်ငံကို ကိုယ်စားပြုသည်။ ၎င်းကို ဖီကော်ရာ (Ficora) မှ ထိမ်းသိမ်းကိုင်တွယ်ခြင်းပြုသည်။ ဖီကော်ရာသည် ဖင်လန်နိုင်ငံ ဆက်သွယ်ရေးကို ကြည့်ရှုစစ်ဆေးရသည့် နိုင်ငံတော်ပိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

၁၉၈၆ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် တန်ပယ်ရယ်မြို့ရှိ Finnish Unix Users Group မှ နိုင်ငံပိုင် ဒိုမိန်းတစ်ခုရရှိရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။ လျှောက်လွှာများ လက်ခံခဲ့ပြီးနောက် တန်ပယ်ရယ် နည်းပညာ တက္ကသိုလ် သို့ .fi ဒိုမိန်းအား အသုံးပြုခွင့် ချပေးခဲ့သည်။ ထို့နောက် ဒိုမိန်းသည် FICIX ၏ ထိန်းသိမ်းမှု အောက်တွင် ရှိခဲ့ပြီး၊ ယခုအခါ ဖီကော်ရာ လက်အောက်တွင်ဖြစ်သည်။

ဖီကော်ရာသည် .fi ဒိုမိန်အား ဂရုစိုက်၍ စည်းကမ်းချက် များစွာဖြင့် အသုံးပြုခွင့်ပေးသည်၊ ဒိုမိန်းလိပ်စာများကို ကုမ္ပဏီ နာမည်များ၊ သို့မဟုတ် ကုမ္ပဏီ အမှတ်အသားများ မှတ်ပုံတင်ထားမှသာလျင် အသုံးပြုခွင့်ပေးခဲ့သည်။ ထို့ကြောင်လည်း ကုမ္ပဏီအများစုသည် .fi ကိုသာ အသုံးပြုခဲ့ကြသည်။ ၂၀၀၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ဒိုမိန်းပိုင်ဆိုင်ခွင့်ရရန် မူတချို့ကို ပြင်ဆင်ခဲ့သည်။

၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁ရက်နေ့တွင် စကန်ဒီနေဗီးယား စာလုံးများဖြစ်သည့် (ä, å, ö) တို့ကို .fi ဒိုမိန်းလိပ်စာတွင် အသုံးပြုခွင့်ပေးခဲ့သည်။ သို့သော် အဓိက ဒိုမိန်းလိပ်စာအဖြစ် အသုံးပြုရန် ဖီကော်ရာမှ အကြံမပြုခဲ့ပေ။ ၂၀၀၆ ခုနှစ် မတ်လ ၁ ရက်နေ့တွင် လူပုဂ္ဂိုလ် အသီးသီးတို့အား .fi ဒိုမိန်းကို ဝယ်ခွင့်ပြုလိုက်သည်။ သို့သော် လွယ်ကူစွာ ဝယ်ယူ၍မရပေ၊ ကုမ္ပဏီများသည် ၎င်းတို့၏ ကုမ္ပဏီအမှတ်အသားများ၊ သို့မဟုတ် မှတ်ပုံတင်ထားသော ကုမ္ပဏီများမှသာလျင် .fi ဒိုမိန်းကို ပိုင်ဆိုင်ခွင့်ရှိသည်။

.ax သည် အာလန် ကျွန်းပိုင် ဒိုးမိန်းတစ်ခုဖြစ်သည်။

ပြင်ပ အဆက်အသွယ်လိပ်စာများ ပြင်ဆင်ရန်