မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Alternative Metal သည် (alt-metal (သို့) hard alternative) heavy metal ၏ ပုံစံတစ်မျိုးဖြစ်သည်။ alternative metal သည် မိခင်အမျိုးအစားဖြစ်သော alternative rock ၏ လွှမ်းမိုးမှုများနှင့် heavy metal ၏ အစိတ်အပိုင်းများနှင့် ပေါင်းစပ်ထားသည်။ ပုံမှန်အားဖြင့် metal နှင့် မဆက်စပ်ပေ။ alternative metal တီးဝိုင်းများမှာ heavy guitar riffs, melodic vocal, တစ်ခါတစ်ရံ harsh vocal များ၊ heavy metal ၏မျိုးခွဲများနှင့်အတူ အလွန်ကွဲပြားသော အသံများပါဝင်သည်။ အလွန်ကွဲပြားသော သီချင်းတည်ဆောက်ပုံနှင့် တစ်ခါတစ်ရံတွင် စမ်းသပ်လေ့လာမှုများသည် heavy music သို့ နီးကပ်လာခဲ့သည်။ ၁၉၉၀ ခုနှစ်များမှ အသားပေးလာခဲ့သော်လည်း ဤအသုံးအနှုန်းသည် ၁၉၈၀ မှစတင်၍ သုံးနှုန်းခဲ့သည်။ alt-metal ထဲမှ rap metal, funk metal ကဲ့သို့ အမျိုးအစားအချို့ ပေါက်ဖွားလာခဲ့သည်။ ၎င်းထဲမှ အရေးပါလွှမ်းမိုးမှုသည် မျိုးခွဲတစ်မျိုးဖြစ်သည့် nu metal ပါဝင်သည်။ ၎င်းသည် alt-metal sound ကို တိုးချဲ့ခဲ့သည်။ အများအားဖြင့် hip hop, groove metal, grunge နှင့် တစ်ခါတစ်ရံ industrial metal တို့လွမ်းမိုးထားသည်။ အမျိုးအစား၏ မူရင်းကို mid-1980s အစောပိုင်းမှ funk rock ကို လေ့လာနိုင်သည်။

ဝိသေသလက္ခဏာများ ပြင်ဆင်ရန်

ဤအမျိုးအစားကို alternative rock နှင့် heavy metal အစိတ်အပိုင်းဟု ဖော်ပြထားသည်။ တီးဝိုင်းများသည် clean singing ဖြစ်ရန် ဂရုစိုက်သည်။ alt-rock ဖြင့် လွှမ်းမိုးပြီး heavy metal မျိုးခွဲများနှင့် ယှဉ်လျှင် သိသိသာသာကွဲပြားသည်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိတီးဝိုင်းများသည် vocal style များကို growls နှင့် screaming များဖြင့် ပေါင်းစပ်ထားသည်။ aggressive guitar riff များနှင့် ထူးခြားသည်။

Jane’s Addiction သည် ၁၉၇၀ တွင် metal အပေါ်အလွန်ကြီးမားစွာ လွမ်းမိုးခဲ့သည်။ Soundgarden လည်းပါဝင်သည်။ Houston Press (alternative weekly newspaper) က Nirvana သည် မကြီးမားသော်လည်း metallica သည် အလွန်ကြီးမားသည်။

Alternative metal တီးဝိုင်းများ first wave သည် background များမှ ပေါ်ထွက်လာခဲ့သည်။ hardcore punk (Bad Brains, Rollins Band, Life of Agony, Corrosion of Conformity), noise rock (Helmet, The Jesus Lizard, White Zombie), Seattle ၏ grunge ( Alice in Chans, Soundgarden), Stoner Rock (Clutch, Kyuss), Sludge Metal (Fudge Tunnel, Melvins), post-hardcore ( Quicksand, Hum), gothic metal (Type O Negative) နှင့် industrial (Ministry, Nine Inch Nails) တို့ပါဝင်သည်။ ဤတီးဝိုင်းများသည် ကွဲပြားသော လှုပ်ရှားမှုများမရှိခဲ့သော်လည်း traditional metal ဖြင့် စမ်းသပ်လေ့လာခြင်း ပေါင်းစပ်ခြင်းဖြင့် ခုန်ပေါက်သွားခဲ့ကြသည်။ Jane’s Addiction သည် art rock နှင့် progressive တို့မှ ယူသုံးခဲ့ပြီး Quicksand သည် post-hardcore ကို ရောနှောခဲ့ပြီး Living Colour သည် funk ကို ဖြည့်သွင်းခဲ့ကြသည်။ Primus တီးဝိုင်းသည် progressive rock, thrash metal နှင့် funk တို့လွှမ်းမိုးနေစဉ် Faith No More သည် Progressive rock, R & B, funk နှင့် hip hop တို့ကို ရောနှောခဲ့သည်။ Fudge Tunnel ၏ ပုံစံသည် alt-metal, sludge metal နှင့် noise rock တို့ပါဝင်သည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

alternative metal တီးဝိုင်းများဖြစ်သည့် Fishbone, Faith No Moreနှင့် Red Hot Chilli Peppers တို့သည် heavy metal နှင့် funk ကို ရောနှောပြီး alt-metal ၏ မျိုးခွဲဖြစ်သည့် funk metal ကို ဖန်တီးခဲ့သည်။ ဤအမျိုးအစားထဲမှ အစောပိုင်းတီးဝိုင်းများသည် hardcore punk မှ ဆင်းသက်လာခဲ့သည်။ Faith No More, Jane’s Addiction နှင့် Soundgarden တို့သည် အစောဆုံး alternative metal ဖျော်ဖြေတင်ဆက်မှုဟု အသိအမှတ်ပြုခဲ့သည်။ ထိုတီးဝိုင်းသုံးခုစလုံးသည် တစ်ချိန်တည်းတွင် ပေါ်ထွက်လာခဲ့ပုံပေါ်ပြီး ၈၀နောက်ပိုင်းအထိ heavy metal ဂီတနှင့် ကွဲပြားသော အမျိုးအစားများစွာတို့ကို ဤအမျိုးအတွက် ရောနှောပြီး template များစီစဉ်ခဲ့သည်။ ၁၉၈၀ ခုနှစ်များမှ စတင်၍ alt-metal တီးဝိုင်းများသည် American independent rock အဖြစ်အပျက်သို့အမြစ်တွယ်ခဲ့သည်။ ၁၉၉၀ အစောပိုင်းတွင် hard rock ၏ ပုံစံတစ်မျိုးဖြစ်သော grunge ပေါ်ထွက်လာပြီး alternative metal ကို mainstream ပရိသတ်များကို လက်ခံစေရန် ကူညီစေခဲ့သည်။ တီးဝိုင်းအချို့သည် အမျိုးအစားနှင့် ပတ်သက်၍ သူတို့၏ အဆင့်အတန်းကို metal တီးဝိုင်းဟု သတ်မှတ်ရန် ငြင်းဆိုခဲ့သည်။

The alternative music ပွဲတော် Lollapalooza သည် Jane’s Addiction တီးဝိုင်း၏ အဆိုတော် Perry Farrell ၏ အကြံညဏ်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ လှုပ်ရှားမှုနှင့်အတူ တီးဝိုင်းများဖြစ်သော Tool, Rage Against the Machine, Primus, Nine Inch Nails, Soundgarden နှင့် Alice in Chains တို့ကိုကူညီနိုင်ခဲ့သည်။ progressive rock လွမ်းမိုးထားသည့် Tool တီးဝိုင်းသည် ၁၉၉၃ တွင် သူတို့၏ ပွဲဦးထွက် album Undertow နှင့်အတူ alt-metal အမျိုးအစားထဲတွင် ဦးဆောင်နေသော တီးဝိုင်းဖြစ်လာခဲ့သည်။ ၉၀ အလယ်တွင် Tool သည် လူကြိုက်များလာပြီး အခြားအမျိုးအစားများဖြစ်သည့် industrial နှင့် rap rock တို့ကို ခွဲခြားသတ်မှတ်နိုင်ခဲ့သည်။ ၁၉၈၀ တွင် တည်ထောင်ခဲ့သော metal တီးဝိုင်းများသည် ၁၉၉၀ တွင် album များထုတ်ဝေခဲ့ပြီး alternative metal ဟု ဖော်ပြလာကြသည်။ ၁၉၉၀ နောက်ပိုင်းတွင် alt-metal ၏ aggressive wave များ ပေါ်ထွက်လာခဲ့ပြီး nu metal ဟုမှည့်ခေါ်ခဲ့သည်။ ၎င်းသည် thrash metal နှင့် hip hop အပေါ်မှီခိုအားထားသည်။ alternative metal တီးဝိုင်းများ၏ original first wave ကို ဆန့်ကျင်သောအားဖြင့် ဤပုံစံသည် နောက်ပိုင်းတွင် alternative metal ထက်ပို၍ လူကြိုက်များလာခဲ့သည်။ alt-metal တီးဝိုင်းများကြားထဲတွင် စံညွန်းသတ်မှတ်နိုင်ခဲ့သည်။ အစောပိုင်း alt-metal တီးဝိုင်းများထဲတွင် ယှဉ်ကြည့်လျှင် သိသိသာသာ ပေါ်လွင် ကွဲပြားသည်။

Joel Mclver သည် ဤအမျိုးအစားဖွံဖြိုးမှုတွင် Tool သည် အရေးပါကြောင်း ယုံကြည်သည်။ ၎င်းစာအုပ်ဖြစ်သည့် Unleashed : The Story of Tool တွင် ရေးသား ဖော်ပြထားသည်။ ၁၉၉၆ နှင့် ၁၉၉၇ တွင် the wave of alternative metal သည် Tool ဖြင့် ဦးဆောင်ခဲ့ပြီး grunge နိုးကြွမှုနှင့် အတူ nu-metal ကို ပါဝင်စေခဲ့သည်။ nu metal လှုပ်ရှားမှုနှင့်အတူ အချို့တီးဝိုင်းဖြစ်သော System of a Down နှင့် Deftones သည် alternative rock နှင့် နီးစပ်မှုအရ alternative metal အဖြစ်တည်ရှိနေခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. Grow၊ Kory (2013-03-20)။ Not a Downer: Tool's Adam Jones Talks 'Opiate' Reissue, New Material | SPIN | Q & A။ SPIN။ 24 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-03-26 တွင် ပြန်စစ်ပြီး။
  2. Industrial Metal။ 'AllMusic'။ November 20, 2012 တွင် ပြန်စစ်ပြီး။ “Either way, industrial metal generally possesses greater aggressive force than straight-ahead industrial, which helped the style cross over to metal and alternative audiences accustomed to guitar-driven music. Industrial metal lyrics also mirror the darkness and aggression of standard heavy metal, although the sensibility is filtered through the personal alienation of punk and alternative rock...In the wake of NIN's success, a number of similar-sounding bands popped up on alternative radio, and toward the end of the decade, a number of popular alternative metal bands appropriated industrial metal's electronic production touches into their hybrid of aggressive music styles.”