App Inventor for Android သည် Google မှ အစပြု တီထွင်ခဲ့သည့် open-source web application တစ်ခု ဖြစ်သည်။ ယခုအချိန်တွင် Massachusetts Institute of Technology (MIT) က ဆက်လက်ပြီး ထိန်းသိမ်း ရေးသားပေးနေသည်။ ၎င်းကို အတိုကောက်အနေဖြင့် AI ဟု ခေါ်ဆိုလေ့ ရှိသည်။

App Inventor
Google App Inventor
မူလရေးသူ(များ)Google, Inc.
ဆော့ဖ်ဝဲလ်ရေးသူ(များ)MIT Media Lab, MIT Computer Science and Artificial Intelligence Lab
တည်ငြိမ်သောထုတ်ပြန်မှု
Beta
ပရိုဂရမ်းမင်း
ဘာသာစကား
Java, Kawa Scheme
ကွန်ပျူတာ
စက်လည်ပတ်ရေး စနစ်
Web-based application
ပလက်ဖောင်းအန်းဒရွိုက်
ရရှိနိုင်သော ဘာသာစကားအင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား
ဆော့ဖ်ဝဲလ် အမျိုးအစားApplication software development
လိုင်စင်MIT License
ဝက်ဘ်ဆိုဒ်appinventor.mit.edu, appinventor.mit.edu/appinventor-sources/

AI သည် ပရိုဂရမ် မရေးသားဖူးသေးသည့် လူသစ်များအား Android app အလွယ်တကူနှင့် မြန်ဆန်စွာ ရေးသားနိုင်အောင် ကူညီပေးနိုင်သည်။ Scratch နှင့် StarLogo TNG user interface များကဲ့သို့ပင် drag-and-drop visual object များ အသုံးပြု၍ app များကို ဖန်တီးနိုင်သည်။ မြင်သာအောင် ရှင်းပြရမည် ဆိုပါက ကလေးများ အတုံးဆက် ကစားသကဲ့သို့ ဖြစ်သည်။ ကလေးများအနေဖြင့် မိမိတို့ တည်ဆောက်လိုသည့် ပုံသဏ္ဌာန်ပေါ်လွင်စေရန် သက်ဆိုင်ရာ အတုံးများကို ဆက်ပေးရသကဲ့သို့ AI ပရိုဂရမ် ရေးသားရာတွင်လည်း မိမိတို့ အလိုရှိသော လုပ်ဆောင်ချက်များ ရရှိနိုင်စေရန် သက်ဆိုင်ရာ block များ ချိတ်ဆက်ရေးသားပေးရမည် ဖြစ်သည်။

AI project သည် Active Learning အရ စိတ်ကူးကောင်းများကို ပရိုဂရမ်းမင်း အသုံးပြု၍ လွယ်ကူစွာ အကောင်အထည် ဖော်နိုင်စေရန် အခြေခံ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ Mitchel Resnick ၏ Lego Mindstorms နှင့် StarLogo၊ Seymour Papert နှင့် MIT Logo Group တို့ကို အခြေခံ၍ ၁၉၆၀ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။[၁][၂]

သမိုင်းကြောင်း ပြင်ဆင်ရန်

၂၀၁၀ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အများပြည်သူတို့အား စတင်ချပြခဲ့သည်။ ထိုအချိန်က AI team ကို Hal Abelson နှင့်[၁] Mark Friedman တို့က ဦးဆောင်ခဲ့သည်။[၃] ၂၀၁၁ နှစ်လယ်တွင် Google က AI ၏ source code ကို ဖြန့်ဝေခဲ့ပြီး ၎င်းဆာဗာများ ဖျက်သိမ်းခဲ့သည်။ သို့သော် ပရောဂျက်ကို ဆက်လုပ်လုပ်ဆောင်နိုင်စေရန် MIT Center for Mobile Learning တည်ထောင်နိုင်ရန် အတွက် ရန်ပုံငွေများ ထောက်ပံ့ ကူညီခဲ့သည်။

ထို့ကြောင့် AI တီထွင်သူ Hal Abelson နှင့် MIT မှ professors များ ဖြစ်ကြသော Eric Klopfer နှင့် Mitchel Resnick တို့က AI ကို MIT တွင် ဆက်လက် ပြုပြင် ရေးသားခဲ့ကြသည်။[၄] ၂၀၁၂ခုတွင် MIT ၏ AI version ကို လွှင့်တင်နိုင်ခဲ့သည်။[၅]

၂၀၁၃ခုနှစ်တွင် MIT ၏ AI version 2 ကို ပြင်ဆင်ရေးသား ထုတ်လွှင့်နိုင်ခဲ့ပြီး AI2 ဟု လူသိများလာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ကောက်ယူရရှိသော အချက်အလက်များအရ အပတ်စဉ် AI2 အသုံးပြုသူ active user ၃ သိန်းကျော်ရှိပြီး နိုင်ငံပေါင်း ၁၉၅ နိုင်ငံက မှတ်ပုံတင်ထားသူ ဦးရေ ၆ သန်းခန့် ရှိကာ ၎င်းတို့ တည်ဆောက်ထားသော app ပေါင်း သန်း၂၀ ခန့် ရှိနေပြီ ဖြစ်သည်။

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Hardesty၊ Larry။ "The MIT roots of Google's new software"၊ MIT News Office၊ August 19, 2010။ 
  2. On the Shoulders of Giants!။ Google။ 11 August 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 10, 2010 တွင် ပြန်စစ်ပြီး။
  3. Wolber၊ David; Abelson၊ Hal; Spertus၊ Ellen; Looney၊ Liz (May 2011)၊ App Inventor for Android: Create Your Own Android Apps၊ O'Reilly၊ ISBN 978-1-4493-9748-7
  4. App Inventor @ MIT
  5. Clark,first=Andrew (December 30, 2013)၊ App Inventor launches second iteration