Brackets သည် open-source editor တစ်ခုဖြစ်သည်။ ဝဘ်ဖန်တီးမှုအတွက် ရည်ရွယ်ကာ ထုတ်လုပ်ထားခြင်း ဖြစ်သည်။ HTML, CSS နှင့် JavaScript တို့ ရေးနိုင်အောင် ဖန်တီးထားခြင်း ဖြစ်သည်။[၃] Adobe Systems မှဖန်တီးထားသည်။ MIT လိုင်စင်အောက်တွင် လိုင်စင်သတ်မှတ်ထားသည်။ လက်ရှိအချိန်တွင် GitHub မှ ပြုပြင်မွမ်းမံထိန်းသိမ်းလျက် ရှိသည်။ ၎င်းကို Mac, Windows, Linux တို့အတွက် ရရှိနိုင်သည်။

Brackets
Brackets logo
ဆော့ဖ်ဝဲလ်ရေးသူ(များ)Adobe Systems
ပထမဆုံး ဖြန့်ချိခြင်း၄ နိုဝင်ဘာ ၂၀၁၄; ၉ နှစ် အကြာက (၂၀၁၄-၁၁-04)[၁]
တည်ငြိမ်သောထုတ်ပြန်မှု
1.9 / ၂၃ မတ် ၂၀၁၇; ၇ နှစ် အကြာက (၂၀၁၇-၀၃-23)
ရီပိုစစ်တရီgithub.com/brackets-cont/brackets
မွမ်းမံမှု အခြေနေActive
ပရိုဂရမ်းမင်း
ဘာသာစကား
HTML, CSS and JavaScript
ကွန်ပျူတာ
စက်လည်ပတ်ရေး စနစ်
macOS, Windows and Linux
ဆိုဒ်~40 MB
ရရှိနိုင်သော ဘာသာစကား38 languages[၂]
ဆော့ဖ်ဝဲလ် အမျိုးအစားText editor
လိုင်စင်MIT License
ဝက်ဘ်ဆိုဒ်brackets.io

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် Adobe မှ Brackets 1.0 ကို ထုတ်လုပ်ပြီး ကြေညာခဲ့သည်။

ထောက်ပံ့ထားသော အင်္ဂါရပ်များ ပြင်ဆင်ရန်

Brackets သည် အောက်ပါအင်္ဂါရပ်များကို အထောက်အပံ့ပေးထားသည်။[၄]

လျင်မြန်စွာ ပြုပြင်နိုင်မှု ပြင်ဆင်ရန်

တီထွင်သူများအား CSS တွင် အရောင်များသတ်မှတ်ခြင်း နှင့် JavaScript elements များကို လျင်မြန်စွာ ရေးသားနိုင်အောင် ပြုလုပ်ပေးထားသည်။ မူလကတည်းက ထောက်ပံပေးထားသော လုပ်ဆောင်ချက်များကို တစ်ပြိုင်တည်း အသုံးပြုနိုင်သည်။ ပြောင်းလဲခဲ့သော elements များနှင့် ပတ်သက်သည့် အဆင့်မြှင့်တင်မှုဖိုင်များ အားလုံးကို တိုက်ရိုက်အသုံးပြုနိုင်သည်။

တိုက်ရိုက်ပြသခြင်း ပြင်ဆင်ရန်

HTML နှင့် CSS elements များ၊ properties များကို ပြင်ဆင်ပါ ဘရောက်ဆာတွင် ရလဒ်ကို တွက်ရိုက်ပြသေပေးသည်။

 
ကုဒ်ပြောင်းလဲသွားပါက ဘရောက်ဆာတွင် ရလဒ်တိုက်ရိုက်ပြောင်းလဲသွားပုံ

သမိုင်း ပြင်ဆင်ရန်

Adobe သည် Edge Code ဟုခေါ်သည့် text editor ဆော့ဖ်ဝဲကို ဝဘ်ဖန်တီးမှုအတွက် စတင်ထုတ်လုပ်ခဲ့သည်။ သို့သော် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် ဆက်လက်လုပ်ဆောင်ခြင်း မရှိတော့ပေ။[၈]၎င်းဆော့ဖ်ဝဲသည် နောက်ပိုင်းတွင် Adobe Brackets အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ Bracket 1.0 ကို ထုတ်လုပ်လိုက်သည့်အချိန်တွင် ဝဘ် ဖန်တီးမှုအတွက် open-source ဆော့ဖ်ဝဲတစ်ခုသည် အသင့်ဖြစ်နေပြီဟု ကြေညာခဲ့သည်။ ထွက်ရှိခဲ့သော Bracket ဗားရှင်းတိုင်းသည်လည်း ဒေါင်းလုတ်ပြုလုပ်သူပေါင်း တစ်သိန်းကျော် ရှိသည်။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် GitHub ၏ ၁၆ ခုမြောက် အကောင်းဆုံး ပရောဂျက်ဖြစ်လာခဲ့သည်။[၉]


ဖိုင်ပုံစံများစွာကို အထောက်အပံ့ပေးမှု ပြင်ဆင်ရန်

Brackets သည် ဖိုင်အမျိုအစားများစွာကို အထောက်အပံ့ ပေးထားသည်။ ဥပမာ C++, C, VBScript, JavaScript, HTML, Python, Perl နှင့် Ruby တို့ဖြစ်ကြသည်။ စာရင်းအပြည့်အစုံမှာ ဖိုင်အမျိုးအစား ၃၈ မျိုးကျော် ထောက်ပံ့ထားသည်။

ကိုးကား ပြင်ဆင်ရန်

  1. Brackets 1.0 and Extract for Brackets (Preview) Now AvailableAdobe Systems။ 8 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 November 2014 တွင် ပြန်စစ်ပြီး။
  2. github.com/adobe/brackets/blob/master/src/nls/README.md
  3. Adobe Brackets Code Editor။ Technewss။ 13 December 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 December 2014 တွင် ပြန်စစ်ပြီး။
  4. "How to Use Brackets"Adobe
  5. Text Editor Review – Adobe Brackets၊ January 22, 2014၊ 31 October 2017 တွင် မူရင်း အား မော်ကွန်းတင်ပြီး4 April 2017 တွင် ပြန်စစ်ပြီး
  6. Deeper In the Brackets Editor၊ November 8, 2013
  7. "Brackets: Free Open Source Code Editor Built With HTML/CSS"Hongkiat
  8. Adobe Edge Code CC
  9. LaFontaine၊ David (2015-01-16)။ Adobe Dips Its Toes into the Open-Source Software Waters with Brackets 1.0Layers