မြန်မာတီဗီကွန်ယက် အတွက် Canal+ Myanmar FG ကို ကြည့်ပါ။
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Canal+ (ပြင်သစ်အသံထွက်: [kanal plys]) သည် ပြင်သစ်ပုဂ္ဂလိကပိုင် တီဗီရုပ်သံလိုင်းတစ်ခု ဖြစ်ပြီး ၁၉၈၄ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့သည်။

CANAL+
စတင်ခြင်းနိုဝင်ဘာ ၄၊ ၁၉၈၄ (၁၉၈၄-၁၁-၀၄)
ကွန်ယက်Groupe Canal+
ပိုင်ဆိုင်သူVivendi
ရုပ်ပုံအမျိုးအစား1080i (HDTV)
ပရိသတ်ခွဲဝေရရှိမှု50% (ဒီဇင်ဘာ ၂၀၁၈ (၂၀၁၈-၁၂), Médiamétrie)
ဆောင်ပုဒ်Créateur et original depuis 1984. (Creator and original since 1984)
နိုင်ငံပြင်သစ်
ဘာသာစကားပြင်သစ်ဘာသာစကား
ယခင်အမည်များCanal 4
ဝက်ဘ်ဆိုဒ်canalplus.com.fr

သမိုင်းကြောင်း ပြင်ဆင်ရန်

စတုတ္ထမြောက် ပြင်သစ်ရုပ်သံလိုင်းအဖြစ် ထုတ်လွှင့်ရန် ကြေညာပြီးနောက် Canal+ ရုပ်သံလိုင်းကို ၁၉၈၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် စတင်ထုတ်လွှင့်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ရုပ်သံလိုင်းအား ကြည့်ရှုသူပေါင်း တစ်သန်းရှိလာခဲ့သည်။

၂၀၀၀ ပြည့်နှစ်မှ ၂၀၀၂ ခုနှစ်အထိ Virginie Calmels သည် ဘဏ္ဍရေးဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် စီအီးအို ရာထူးများကို ရယူနိုင်ခဲ့သည်။[၁][၂]

၁၉၉၆ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ဒစ်ဂျစ်တယ်ဂြိုဟ်တုစနစ်ဖြင့် စတင်ထုတ်လွှင့်ခဲ့ရာ Canal+ Jaune နှင့် Canal+ Bleu ရုပ်သံလိုင်းနှစ်ခု ထပ်မံပါဝင်လာခဲ့သည်။[၃] စတုတ္ထမြောက်ရုပ်သံလိုင်းဖြစ်သော Canal+ Vert ကို ၁၉၉၈ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်လွှင့်ခဲ့ပြီးနောက် ရုပ်သံလိုင်းအမည်များကို Canal+ Confort (၂၀၀၅ မှစတင်၍ Canal+ Décalé အဖြစ်)၊ Canal+ Cinéma နှင့် Canal+ Sport များအဖြစ် ၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြောင်းလဲခဲ့သည်။

၂၀၀၅ ခုနှစ် စက်တင်ဘာလတွင် Canal+, Canal+ Cinéma နှင့် Canal+ Sport ရုပ်သံလိုင်းများကို ပြင်သစ် ဒစ်ဂျစ်တယ် မြေပြင်ရုပ်သံလိုင်း ကွန်ယက်မှ စတင်ထုတ်လွှင့်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဩဂုတ်လတွင် အရည်အသွေးမြင့် အခပေးရုပ်သံလိုင်းများကို မြေပြင်ကွန်ယက်မှ ထုတ်လွှင့်ခဲ့သည်။ ၂၀၁၀ တွင် အန်နလော့ဂ် ထုတ်လွှင့်မှုများကို ရပ်ဆိုင်းမည့် အစီအစဉ်များကို ကြေညာခဲ့သည်။[၄]

ညီအစ်မ ရုပ်သံလိုင်းများ ပြင်ဆင်ရန်

Les Chaînes Canal+[၅] သည် ပြင်သစ်ရှိ Canal+ ရုပ်သံလိုင်းများအားလုံး၏ ထုတ်ကုန်အမည် ဖြစ်ပြီး ၂၀၀၈ ခုနှစ် မတိုင်မီက Canal+ Le Bouquet ဟု ခေါ်ဆိုခဲ့သည်။

ရုပ်သံလိုင်း စတင်ထုတ်လွှင့် မှတ်ချက် ဖမ်းယူနိုင်မှု ဖောမက် ထုတ်လွှင့်ချိန်
DTT ဂြိုဟ်တု IPTV Cable
Canal+ ၄ နိုဝင်ဘာ ၁၉၈၄ Yes Yes Yes Yes 16:9 SDTV ၂၄ နာရီ
Canal+ HD ၂၀၀၆ ယခင်အမည် Canal+ 16/9 နှင့် Canal+ Hi-Tech Yes Yes Yes Yes 16:9 HDTV ၂၄ နာရီ
Canal+ Cinéma ၂၇ ဧပြီ ၁၉၉၆ Yes Yes Yes Yes 16:9 SDTV ၂၄ နာရီ
Canal+ Cinéma HD 2010 No Yes Yes Yes 1080i HDTV ၂၄ နာရီ
Canal+ Sport ၃၁ ဩဂုတ် ၁၉၉၈ အားကစားရုပ်သံလိုင်းဖြစ်ပြီး ယခင်အမည် Canal+ Vert ဖြစ်သည်။ Yes Yes Yes Yes 16:9 SDTV ၂၄ နာရီ
Canal+ Sport HD ၂၀၁၀ No Yes Yes Yes 1080i HDTV ၂၄ နာရီ
Canal+ Family ၂၀၀၇ မိသားစုဆိုင်ရာ အစီအစဉ်များ၊ ဇာတ်လမ်းတွဲများနှင့် ကာတွန်းများ ပြသသည်။ No Yes Yes Yes 16:9 SDTV ၂၄ နာရီ
Canal+ Family HD ၂၀၁၀ No Yes Yes Yes 1080i HDTV ၂၄ နာရီ
Canal+ Séries ၂၀၁၃ No Yes Yes Yes 16:9 SDTV ၂၄ နာရီ
Canal+ Séries HD ၂၀၁၃ No Yes Yes Yes 1080i HDTV ၂၄ နာရီ
Canal+ Décalé ၂၇ ဧပြီ ၁၉၉၆ Canal+ မှ အစီအစဉ်များ ပြန်လည်ထုတ်လွှင့်သည်။ ယခင်အမည် Canal+ Bleu ဖြစ်သည်။ No Yes Yes Yes 16:9 SDTV ၂၄ နာရီ
Canal+ Décalé HD ၂၀၁၀ No Yes Yes Yes 1080i HDTV ၂၄ နာရီ
C8 ၂၀၁၃ ဖျော်ဖြေရေးအစီအစဉ်များနှင့် ရုပ်ရှင်များ ပြသပြီး အခမဲ့ ဖြစ်သည်။ Yes Yes Yes Yes 1080i HDTV ၂၄ နာရီ
CStar ၂၀၁၆ Yes Yes Yes Yes 1080i HDTV ၂၄ နာရီ
CNews ၂၀၁၆ Yes Yes Yes Yes 1080i HDTV ၂၄ နာရီ

ကိုးကား ပြင်ဆင်ရန်

  1. Virginie Calmels: Executive Profile & Biography - Bloomberg။ 2017-09-20 တွင် ပြန်စစ်ပြီး။
  2. Virginie Calmels joins the Assystem Board of Directors (2016)။ 20 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 August 2019 တွင် ပြန်စစ်ပြီး။
  3. L'histoire du Groupe Canal+ de 1983 à nos jours။ 5 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 April 2009 တွင် ပြန်စစ်ပြီး။
  4. "Canal plans analogue switch-off"၊ 3 April 2009။ 
  5. Les Chaînes Canal+ : Programs for all tastes။ 7 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2009 တွင် ပြန်စစ်ပြီး။