D.O. (အဆိုတော်)

တောင်ကိုရီးယားအဆိုတော်‌၊တေးရေးနှင့်သရုပ်ဆောင်

D.O (디오) ဟု လူသိများသော တောင်ကိုရီးယား အဆိုတော်၊ သရုပ်ဆောင် ဒိုဂယောင်းဆူ (도경수)  ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၁၂ရက် တွင်မွေးဖွားခဲ့သည်။ သူသည် တောင်ကိုရီးယား-တရုတ် ယောက်ျားလေးအဆိုတော်အဖွဲ့ EXO မှ အဓိကအဆိုတော်တစ်ဦးဖြစ်သည်။ 

D.O
ဒေသခံအမည်도경수
အမည်ရင်းဒိုဂယောင်းဆူ
မွေးဖွား (1993-01-12) ဇန်နဝါရီ ၁၂၊ ၁၉၉၃ (အသက် ၃၁)
ဂိုယန်း  တောင်ကိုရီးယား
ဂီတဟန်
အလုပ်အကိုင်
တက်ကြွသည့်နှစ်များ၂၀၁၂ ခုနှစ်မှ ယနေ့ထိ
တေးသံသွင်း ကုမ္ပဏီSM Entertainment (South Korea)
Avex Trax (Japan)
ပူးတွဲ ပါဝင်မှု
ဝက်ဘ်ဆိုက်EXO's official website

အစောပိုင်းဘဝ ပြင်ဆင်ရန်

ဒိုဂယောင်းဆူကို   ဂိုယန်းဂိုယန်းဂျီ ပရိုဗင့်၊ ကိုရီယားသမ္မတနိုင်ငံ တွင် ဇန်နဝါရီ ၁၂ ရက် ၁၉၉၃ ခုနှစ်တွင် မွေးဖွားသည်။ သူသည် ဂိုယန်-ပြုံစန်း မူလတန်းကျောင်း၊ ဘတ်ရှင်း အလယ်တန်းကျောင်း၊ ဘစ်ဆောက် အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။   သူတွင် ဒိုဆွန်စိုး ဟုသော အကိုတစ်ယောက်ရှိပြီး သူထက် ၃ နှစ်ပိုကြီးသည်။  သူသည်  BTOB အဖွဲ့မှ အဖွဲဝင် လင်မ်ဟွန်ဆစ်နဲ့ တစ်ကျောင်းတည်း တက်ခဲ့ကြသည်။

၂၀၁၀ ခုနှစ်တွင် သူသည် ဒေသတွင်းအဆိုပြိုင်ပွဲတွင် အနိုင်ရရှိပြီး   S.M. Entertainment  ၏ အဆိုပြိုင်ပွဲဝင်ရောက်ရန် မှတ်ချက်ပေးခံခဲ့ရသည်။[၁] နောက်ပိုင်းတွင် အထက်တန်းကျောင်း၏ နောက်ဆုံး ၂ နှစ်အတွင်း သူသည် S.M. Entertainment ၏ သင်တန်းသားတစ်ယောက် ဖြစ်လာခဲ့သည်။ သူသည်  S.M. အဆိုပြိုင်ပွဲ၌  Na Yoon-kwon ၏ "Anticipation" နှင့်  Brown Eyed Soul ၏ "My Story" သီချင်းများကို သီဆို၍ ပြိုင်ပွဲဝင်ခဲ့သည်။[၁]

သက်မွေးမှုလုပ်ငန်း ပြင်ဆင်ရန်

တကိုယ်တော် လှုပ်ရှားဆောင်ရွက်မှု ပြင်ဆင်ရန်

၂၀၁၃ ဇူလှိုင်လတွင် ဒိုဂယောင်းဆူ သည် f(x) အဖွဲ့၏ သီချင်းခွေသစ်ဖြစ်သော "Pink Tape" တွင် "Goodbye Summer"ကို ပါဝင်သီဆိုခဲ့သည်။

၂၀၁၄ ခုနှစ်တွင် သူသည် သူ၏ကိုယ်ပိုင်သီချင်းဖြစ်သော  "Tell Me What Is Love" ကို  EXO အဖွဲ့၏ ပထမဆုံး ဖျော်ဖြေပွဲခရီးစဉ် ဖြစ်သော "EXOPLANET: THE LOST PLANET" တွင် သီဆိုခဲ့သည်။

ဒိုဂယောင်းဆူသည် သူ၏ ပွဲဦးထွက် ရုပ်ရှင်အဖြစ်  Cart ရုပ်ရှင်တွင် အထက်တန်းကျောင်းသား ချွိုင်ထယ်ယွန်း အဖြစ် သရုပ်ဆောင်ခဲ့သည်။ သူ၏မိခင်သည် ကုန်ခြောက်စတိုးဆိုင်အကြီးကြီးတွင် အလုပ်လုပ်သည်။ သူ၏မိခင်သည် သူမ၏ အလုပ်မှ မှားယွင်းစွာ အထုတ်ခံရပြီးနောက် သူမသည် သူမ၏ အလုပ်သမားအခွင့်အရေးအတွက် ဖိနှိပ်အုပ်ချုပ်သူများကို ဆန့်ကျင်ရန် ဆုံးဖြတ်ခဲ့သည်။  ထိုရုပ်ရှင်ကို စက်တင်ဘာလတွင် ကျင်းပခဲ့သေ  2014 Toronto International Film Festival တွင် ပွဲဦးထွက် ပြသခဲ့သည်။ ထိုရုပ်ရှင်တွင် ဇာတ်ဝင်သီချင်းဖြစ်သော  "Crying Out" (외침) ကို သီဆိုခဲ့သည်။

အဲဒီနှစ်၏ နောက်ပိုင်းတွင်  SBS ရုပ်သံ၏ It's Okay, That's Love ဒရာမာ ရုပ်သံစီးရီးတွင်  ဟန်ကန်ဂ်ဝူး အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့သည်။. [၂]

ဒိုဂယောင်းဆူသည် ၂၀၁၄ ခုနှစ်တွင် ပါဝင် သရုပ်ဆောင်ခဲ့သော သရုပ်ဆောင် အယောက် ၄၀ လောက်ထဲတွင်  ဝေဖန်ရေးသမားများက နံပါတ် ၁ နေရာ ပေးခဲ့ကြသည်။ ဇွန်လ ၂၂ ရက်နေ့တွင် KBS ရုပ်သံလှိုင်းမှ တနင်္လာနေ့နှင့် အင်္ဂါနေ့တွင် ထုတ်လွင့်ပြသသော Hello Monster ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။ ထိုရုပ်သံဇာတ်လမ်းတွဲတွင် သူသည် သွေးအေး စိတ္တဇဝေဒနာရှင် အဖြစ် သရုပ်ဆောင်ခဲ့သည်။ သူ၏ သရုပ်ဆောင်မှုများသည် ကြည့်ရှုသူပရိက်သတ်၏ အားပေးမှုများစွာနှင့် အင်တာနက် အသုံးပြုသူများစွာ၏ ချီးမွမ်းခြင်းကို ခံခဲရသည်။ [၃] [၄]

ရုပ်ရှင်မှတ်တမ်း ပြင်ဆင်ရန်

TV ရုပ်သံဇာတ်လမ်းတွဲများ ပြင်ဆင်ရန်

ခုနှစ် ဇာတ်လမ်းအမည် ဇာတ်ကောင်
ရုပ်သံလိုင်း မှတ်ချက်
၂၀၁၄ It's Okay, That's Love ဟန်ဂန်ဝူး SBS ဇာတ်ပို့
၂၀၁၅ EXO Next Door D.O. Naver TV Cast ဇာတ်ဆောင်
Hello Monster လီဂျွန်းယန်းဂ် KBS2   ဧည့်သည်သရုပ်ဆောင်(ep. 1-2)
၂၀၁၈ 100 Days My Prince Won-deuk / Lee-yul tvN ဇာတ်ဆောင်

ရုပ်ရှင် ပြင်ဆင်ရန်

Title Year Role Notes
Cart 2014 Choi Tae-young Supporting role
Pure Love 2016 Beom-sil Lead role
My Annoying Brother Doo-young Lead role
The Underdog 2017 Moongchi (voice) Lead role
Along with the Gods Won Il-byung (Private Won) Supporting role
Room 7 Tae Jung Lead role
Swing Kids 2018 Roh Gi-soo Lead role

အခြားရှိုးပွဲများ ပြင်ဆင်ရန်

ခုနှစ်
အမည်
အခန်းကဏ္ဍ ရုပ်သံလိုင်း
မှတ်ချက်
၂၀၁၂ Happy Camp ဧည့်သည်
HBS
2013 After School Club ဧည့်သည် Arirang Ep. 9
Happy Camp ဧည့်သည် HBS
Challenge 1000 Songs ဧည့်သည် SBS ချန်ယိုးလ်၊ ချန်နှင့်အတူ
Weekly Idol ဧည့်သည် MBC Ep. 103 and 108
China Love Big Concert ဧည့်သည်
Infinity Challenge အထူးဧည့်သည် MBC Ep. 345
Beatles Code 2 ဧည့်သည် Mnet ရှီမင်၊ ဆူဟို၊ လေး၊ ဘတ်ဟွန်း၊ ဆူဟန် နှင့်အတူ
Running Man ဧည့်သည် SBS Ep. 171 and 172 (EXO without Chanyeol)
2014 Happy Camp ဧည့်သည် HBS EXO(ခရစ်မှလွဲ၍)
2015 Infinity Challenge ခတ္တခဏ MBC Ep. 424

တေးဂီတမှတ်တမ်း ပြင်ဆင်ရန်

ပူပေါင်းသီဆိုခြင်းနှင့် သီချင်းစပ်ဆိုခြင်း ပြင်ဆင်ရန်

သီချင်းအမည် ခုနှစ်
Peak chart positions အယ်လ်ဘမ်
Gaon Chart

[၅]

Baidu Chart

[၆]

Billboard K-pop

[၇]

"Dear My Family" (with SM Town) 2012 I AM. OST
"Goodbye Summer" (f(x) feat. D.O.) 2013 7 17 26 Pink Tape
"Crying Out" 2014 22 Cart OST
"—" denotes releases that did not chart or were not released in that region.

"*" Billboard Korea K-Pop Hot 100 was introduced in August 2011 and discontinued in July 2014.

ဆုများနှင့် ဇကာတင်စာရင်း ပြင်ဆင်ရန်

ခုနှစ် ဆု ဆုအမျိုးအစားများ
ဇာတ်ကားအမည် ရလဒ်
၂၀၁၄ 16th Seoul International Youth Film Festival Best Young Actor It's Okay, That's Love ဆုရရှိ
3rd APAN Star Awards Best New Actor ဆုရရှိ
၂၀၁၅ 10th Max Movie Awards Best New Actor Cart ဆန်ခါတင်
9th Asian Film Awards Best Newcomer ဆန်ခါတင်
51st Baeksang Arts Awards Best New Actor (TV) It's Okay, That's Love ဆန်ခါတင်

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ "EXO-K 사용설명서② 디오·카이·세훈 편" (in ko)၊ Oh My News via Oh My Star၊ May 11, 2012။ May 11, 2012 တွင် ပြန်စစ်ပြီး 
  2. EXO‘s next steps under spotlight following successful concert Koreaherald.com (May 27, 2014).
  3. [၁] Archived 22 July 2015 at the Wayback Machine. soompi.com (ဇွန် ၂၂ ၂၀၁၅). Retrieved on ဇွန် ၂၂ ၂၀၁၅.
  4. [၂] koreaboo.com (ဇွန် ၂၃ ၂၀၁၅). Retrieved on ဇွန် ၂၃ ၂၀၁၅.
  5. Gaon Chart (in Korean)။ Gaon Chart။
  6. Baidu Weekly Music Charts (in Chinese)။ Baidu။
  7. Korea K-Pop Hot 100။ Billboard (magazine)။ 9 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 June 2015 တွင် ပြန်စစ်ပြီး။