မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Doom Metal သည် heavy metal ဂီတ၏ပြင်းထန်သော အမျိုးအစားတစ်မျိုးဖြစ်ပြီး ထူးခြားသည့် အရည်အသွေးများစွာဖြင့် နှေးသော tempo များ low-tuned guitar များ အခြားအမျိုးအစားများထက် သိပ်သည်းလေးလံသော ကြီးမားသော ဂီတနှင့်စာသားများသည် စိတ်ပျက်ခြင်း၏အာရုံခံစားမှု၊ ကြောက်လန့်စိုးရိမ်ခြင်း၊ ကြောက်စရာကံကြမ္မာများကို ရည်ရွယ်၍ ရေးဖွဲ့ထားသည်။ ဤဂီတအမျိုးအစားသည် Black Sabbath ဖြင့် အရှိန်အဝါရခဲ့သည်။ အင်္ဂလန်မှ တီးဝိုင်းများဖြစ်သည့် Pagan Altar, Withfinder General, အမေရိကန်ပြည်ထောင်စုမှ Pentagram, Saint Vitus, Trouble နှင့် ဆွီဒင်မှ တီးဝိုင်းများဖြစ်သည့် Candlemass, Cout Raven တို့ doom metal ဟု သတ်မှတ်နိုင်သည်။

ဝိသေသလက္ခဏာများ ပြင်ဆင်ရန်

တီးခတ်ခြင်း ပြင်ဆင်ရန်

လျှပ်စစ်ဂစ်တာဘေ့စ်ဂစ်တာ နှင့် drum kit များမှာ doom metal ကိုတီးခတ်ရန် အများဆုံး အသုံးများသော ကိရိယာများဖြစ်သော်လည်း ကီးဘုတ်များ တစ်ခါတစ်ရံသုံးကြသည်။ ဂီတာသမားများနှင့် ဘေ့စ်ဂီတသမားများသည် သူတို့၏ကိရိယာများကို low note များနှင့် distortion ကြီးမားစေရန် မကြာခဏ downtune လုပ်ကြသည်။ သိပ်သည်းသော(သို့)လေးလံသော ဂီတာ tone များထုတ်လုပ်ကြသည်။ ဤအချက် အမျိုးအစားများမှ ထူးခြားသော လက္ခဏာတစ်ခုဖြစ်သည်။ heavy metal ၏ပေါင်းစပ်ဖွဲ့စည်းထားသော နည်းပညာများနှင့်အတူ ဂီတာနှင့် bassများကို riffနှင့် တစ်ချိန်တည်းတွင် တီးခတ်ကြသည်။ ဤသို့ဖြင့် ကျယ်လောင်၍ လေးလံသော wall of sound များကို စိတ်တွင်စွဲငြိစေရန် ဖန်တီးကြသည်။ နောက်ထပ်ထူးခြားသော လက္ခဏာတစ်ခုမှာ slow tempo များကို အပြောင်းအလဲမရှိ အာရုံစူးစိုက်ခြင်းနှင့် minor tonality များကို dissonance နှင့် သုံးခြင်းတို့ဖြစ်သည်။

အဆို ပြင်ဆင်ရန်

doom metal အဆိုတော်များသည် clean vocal များကို အသားပေးကြသည်။ သူတို့သည် မျှော်လင့်ခြင်း၊ ဆုံးရှုံးခြင်းအဓိပ္ပာယ်၊ စိတ်ပျက်အားလျော့ခြင်း(သို့) နာကျင်မှုဝေဒနာများကို မကြာခဏ သီဆိုကြသည်။ Ozzy Osbourne (Black Sabbath)၊ Bobby Liebling( Pentagram) နှင့် Zeeb Parkes( Withfinder General) တို့၏ hight-tone ဖြင့် အော်မြည်ခြင်းများကို နမူနာယူကြသည်။ doom metal တီးဝိုင်းများသည် extreme metal ဖြင့် ဟိန်းသည့်အဆိုပုံစံ(သို့) စူးဝါးဝါးအော်သည့်ပုံစံဖြင့် လွှမ်းမိုးခဲ့သည်။

စာသားအကြောင်းအရာ ပြင်ဆင်ရန်

စာသားများမှာ အဆိုးမြင်ဝါဒနှင့်ဆိုင်၍ ပါဝင်သောအကြောင်းအရာများမှာ ဆင်းရဲဒုက္ခ၊ စိတ်ဓာတ်ကျခြင်း၊ ကြောက်ရွံမှု၊ ပူဆွေးမှု၊ စိုးရိမ်ပူပန်ခြင်း၊ သေခြင်းနှင့် ဒေါသတို့ဖြစ်သည်။ ထိုကာလအတွင်းတွင် တချို့တီးဝိုင်းများသည် ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်း၊ ကိုယ်တွေ့ရှုထောင့်များကို ရေးလာကြသည်။ သင်္ကေတများကို အသုံးပြုခြင်းများကို သိရှိစေသည်။ စာပေများဖြင့် လှုံ့ဆော်ခြင်းဖြစ်သည်။ တချို့ doom metal တီးဝိုင်းများသည် ဘာသာရေးနှင့် ဆိုင်သော အကြောင်းအရာများကို သူတို့၏ဂီတတွင် အသုံးပြုကြသည်။ ပေါင်းစပ်ထားသော ခရစ်ယာန်ဘာသာနိမိတ်ပုံများမှာ Trouble သည် အမျိုးအစားထဲမှ တစ်ခုဖြစ်သည်။ အခြားမှာ လျှို့ဝှက်သော pagan နိမိတ်ပုံကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ တချို့ doom metal တီးဝိုင်းများသည် ဆေးဝါးများနှင့် ဆေးဝါးများကို စွဲလန်းခြင်းများကို ရေးလာကြသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

မူရင်း(၁၉၇၀ ခုနှစ်များ) ပြင်ဆင်ရန်

၁၉၇၀ တွင် Pentagram နှင့် Black Sabbath မှလွဲ၍ အခြားအုပ်စုများဖြင့် ဂီတအမျိုးအစား တိုးတက်လာသည်။ Blue Cheer သည် stoner metal တီးဝိုင်းတစ်ခုဖြစ်သည်။ သူတို့၏ ပထမဆုံး Vincebus Eruptum သည် အခြားအနုပညာရှင်များအတွက် template တစ်ခုဖြစ်သည်။ သို့သော်လည်း အဆိုးမြင်ဝါဒများနည်းပါးသည်။ wesh heavy metal တီးဝိုင်း Budgie သည် လေးလံကြီးမားသော သီချင်းများကို ထုတ်ခဲ့သည်။ ပုံစံများမှာ doom metal များဖြင့် လွှမ်းမိုးထားသည်။ အခြားထင်ရှားသော အုပ်စုများမှာ Sirlord Baltimore, Buffalo, Bang, Necromandus, Lucifer’s Friend, Iron Claw နှင့် Leaf Hound တို့ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်မှု (၁၉၈၀ ခုနှစ်များ) ပြင်ဆင်ရန်

၁၉၈၀ အစောပိုင်းတွင် အင်္ဂလန်နှင့် အမေရိကန်ပြည်ထောင်စုမှ တီးဝိုင်းများသည် doom metal ၏ဖွဲ့စည်းခြင်း ကွဲပြားစေရန် ပံပိုးပေးခဲ့သည်။ ၁၉၈၂ တွင် အင်္ဂလိပ်တီးဝိုင်း Witchfinder General သည် သူတို့ပွဲဦးထွက် album "Deathy Penalty" ကို ဖြန့်ချိခဲ့သည်။ ၁၉၈၄ နှင့် ၁၉၈၅ အတောအတွင်းတွင် အမေရိကန်မှ Saint Vitus ၏ album "Eponymous" ၊ Trouble ၏ Psalm 9 နှင့် Pentagram ၏ album "Releness" တို့ကို ဖြန့်ချိခဲ့သည်။ ဆွီဒင်တီးဝိုင်းတစ်ခုဖြစ်သည့် Candlemass ၏ "Epicus Doomicus Metallicus" album ကို ၁၉၈၆ ခုနှစ်တွင်ဖြန့်ချိခဲ့သည်။ တချို့ doom metal တီးဝိုင်းများသည် ၁၉၈၀ တွင် underground မှ gothic rock နှင့် post-punk တို့ဖြင့် ဩဇာအရှိန်အဝါရလာခဲ့သည်။ Mindrot ကဲ့သို့ doom metal တီးဝိုင်းသည် death metal နှင့် gothic rock တို့ကို မကြာခဏ ဖော်ပြကြသည်။