မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Folk metal သည် heavy metal ဂီတနှင့် tradiontional folk ဂီတတို့ ပေါင်းစပ်ထားခြင်းဖြစ်ပြီး ၁၉၉၀ ခုနှစ်များအတောအတွင်းတွင် ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ ၎င်း၏ ဝိသေသလက္ခဏာများမှာ traditional singing styles လျော့နည်းစေရန် folk instrument များကို ကျယ်ပြန့်စွာ အသုံးပြုထားသည်။ (ဥပမာအားဖြင့် နယ်သာလန်မှ folk metal တီးဝိုင်း Heidevolk, ဒိန်းမတ် တီးဝိုင်း Sylvatica နှင့် စပိန်တီးဝိုင်း Stone of Erech) ၎င်းသည် တစ်ခါတစ်ရံတွင် folk rock ၏ soft instrumentation များလွှမ်းမိုးခြင်းဖြင့် ထင်ရှားသည်။

အစောဆုံး folk metal တီးဝိုင်းမှာ အင်္ဂလန်မှ Skyclad ဖြစ်သည်။ သူတို့၏ပွဲဦးထွက် album “The Wayward Sons of Mother Earth” သည် ၁၉၉၀ တွင် ထွက်ရှိခဲ့သည်။ ၁၉၉၄ နှင့် ၁၉၉၅ တွင်လည်း ဥရောပနှင့် အစ္စရေး၏ ကွဲပြားသော နယ်ပယ်ဒေသများတွင် ဤဂီတအမျိုးအစားထဲတွင် အစောဆုံး ပါဝင်သူများ ပေါ်ထွက်လာခဲ့သည်။ ဤအစောဆုံးအုပ်စုများတွင် Irish တီးဝိုင်း Cruachan နှင့် German တီးဝိုင်း Subway to Sally တို့သည် celtic metal နှင့် medieval metal အသီးသီးလာကြသော ကွဲပြားသော အပြောင်းအလဲကို ဦးဆောင်ခဲ့သည်။ folk metal သည် ၁၉၉၀ ခုနှစ်များအတောအတွင်းတွင် ကိုယ်စားလှယ်အနည်းစုနှင့် အနည်းငယ်အသိများမှု ကျန်ရှိခဲ့သည်။ သို့သော်လည်း ၂၀၀၀ ပြည့်နှစ်များအစောပိုင်းတွင် ဖင်လန်အုပ်စုများဖြစ်သော Finntroll, Ensiferum, Korpiklanni, Turisas နှင့် Moonsorrow တို့၏ အားထုတ်မှုနှင့်အတူ ထင်ပေါ်ကျော်စောလာခဲ့သည်။

folk metal၏ ထူးခြားချက်မှာ ၎င်းထွေပြားသော တီးဝိုင်း၏ heavy metal ဂီတနှင့် folk ဂီတတို့၏ ခြားနားသော ဖျော်ဖြေတင်ဆက်မှု ဖြစ်သည်။ များပြားသော folk instrument များကြောင့် တီးဝိုင်းများတွင် အဖွဲ့ဝင်ခြောက်ယောက်(သို့) ပို၍ ပါဝင်ကြသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

မူရင်းဇစ်မြစ် ပြင်ဆင်ရန်

၁၉၉၀ တွင် အဆိုရှင် Martin Walkyier သည် ယခင်သူ၏တီးဝိုင်း Sabbat မှ ထွက်ခွာပြီး အင်္ဂလိပ်တီးဝိုင်း Skyclad ကို ဖွဲ့စည်းခဲ့သည်။ Skyclad သည် thrash metal တီးဝိုင်းအဖြစ်စတင်ခဲ့သည်။ သို့သော် ဂီတသမား Mike Evans က သူတို့၏ပွဲဦးထွက် album ဖြစ်သော Wayward Sons of Mother Earth မှ track တိုင်းတွင် တယော ပေါင်းထည့်ခဲ့သည်။ ထိုကြိုးစားမှုကို Eduardo Rivadavia of AllMusic က ambitious နှင့် groundbreaking အဖြစ်ဖော်ပြခဲ့သည်။ ပွဲဦးထွက် album တွင် ပါဝင်သော သီချင်း "The Widdershin Jig" သည် အထူးသဖြင့် အရေးပါသော၊ ပထမဆုံး metal ဟု ချီးကျူးဂုဏ်ပြုခံရသည်။ Cruachan တီးဝိုင်းမှ Keith Fay သည် Skyclad သည် folk metal ဖန်တီးသူဟု အသိအမှတ်ပြုသည်။ ၂၀၀၁ ခုနှစ်တွင် Martin Walkyier ထွက်ခွာခဲ့သော်လည်း Skyclad သည် သူတို့ ဖွဲ့စည်းတည်ထောင်ခြင်းမှစ၍ ဆယ်စုနှစ်နှစ်ခုအထိ active folk metal group အဖြစ် ကျန်ရစ်သည်။ ပေါ်တူဂီတီးဝိုင်း Moonspell သည် အမျိုးအစားထဲတွင် သက်တမ်းရှိကြောင်း ပေါ်လွှင်သည်။ သူတို့၏ ၁၉၉၄တွင် ပထမဆုံးထွက်ရှိသော Under the Moonspell သည် folk နှင့် အရှေ့အလယ်ပိုင်းလွှမ်းမိုးမှုဖြင့် ထင်ရှားသည်။ ဆက်လက်၍ "Wolfheat" album သည် gothic metal ထဲသို့ အကူးအပြောင်းများ ပြုလုပ်ခဲ့သည်။

အခြားအစောပိုင်း folk metal သို့ ကူညီထောက်ပံ့သူမှာ ဖင်လန်နိုင်ငံမှ Amorphis အုပ်စုဖြစ်သည်။ သူတို့သည် ၁၉၉၀ တွင် ဖွဲ့စည်းခဲ့ပြီး သူတို့၏ "Karelian Isthmus" album ၂နှစ်ကြာပြီးနောက် ထွက်ရှိခဲ့သည်။ ဆက်လက်ပြီး Tales from the Thousand Lakes album ၁၉၉၄ တွင် ထွက်ရှိခဲ့ပြီး စွဲမက်စေသော melody နှင့် သီချင်းတည်ဆောက်ပုံများကို သူတို့နိုင်ငံ၏ Traditional folk music မှ ကြီးမားစွာ ရေးဖွဲ့ထားသည်။