ဂူဂယ်ကီးဘုတ်

အန်းဒရိုက်နှင့်ပန်းသီး ခန့်ခွဲမှုစနစ်တို့အတွက် ပုံရိပ်‌‌ယောင်‌ လက်နှိုပ်စက် အက်ပ်
(Gboard မှ ပြန်ညွှန်းထားသည်)
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Gboard သည် ဂူဂဲက အန်းဒရွိုက်နှင့် iOS ကိရိယာများတွင် အသုံးပြုနိုင်အောင် ထုတ်လုပ်ထားသည့် Virtual ကီးဘုတ်အပ်တစ်ခု ဖြစ်သည်။ ၂၀၁၆ ခုနှစ် မေလတွင် ၎င်းကို iOS အတွက် ပထမဆုံး ထုတ်ဝေခဲ့သည်။ ထို့နောက် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် အန်းဒရွိုက်အတွက် ထုတ်ဝေခဲ့သည်။ အန်းဒရိုက်တွင် ရှိနှင့်ပြီးသားဖြစ်သည့် Google Keyboard အပ်ကို အဓိကမြှင့်တင်ပြင်ဆင်မှုများ ပြုလုပ်ကာ ထွက်ရှိလာခဲ့သည့် ပွဲဦးထွက်အပ်တစ်ခုလည်း ဖြစ်သည်။

Gboard
ဆော့ဖ်ဝဲလ်ရေးသူ(များ)Google
ပထမဆုံး ဖြန့်ချိခြင်းမေ ၁၂၊ ၂၀၁၆; ၇ နှစ် အကြာက (၂၀၁၆-၀၅-12)
တည်ငြိမ်သော ထုတ်ပြန်မှု(များ)
10.5.03.367007960 / မေ ၃၊ ၂၀၂၁; ၂ နှစ် အကြာက (၂၀၂၁-၀၅-03)
ကွန်ပျူတာ
စက်လည်ပတ်ရေး စနစ်
iOS, Android
လိုင်စင်Proprietary

Gboard တွင် ဝဘ်ရှာဖွေမှုရလဒ်များ (၂၀၂၀ ဧပြီလတွင် ဖယ်ရှားခဲ့) ပါဝင်သည့် Google Search, ခန့်မှန်းအဖြေများ, အလွယ်တကူရှာဖွေနိုင်မှု, GIF များ မျှဝေခြင်း, emoji များ, ဘာသာစကားများစွာကို ထောက်ပံ့နိုင်မှု စသည်တို့ ပါဝင်သည်။ အခြားနောက်ထပ် လုပ်ဆောင်ချက်များဖြစ်သည့် GIF suggestions, Dark color theme, ကီးဘုတ်နောက်ခံအဖြစ် ကိုယ်ပိုင်ရုပ်ပုံများ ထည့်သွင်းခြင်း, နောက်စာသားကို ခန့်မှန်းခြင်း, လက်ဖြင့်ရေးဆွဲရေးသားသည့် emoji လုပ်ဆောင်မှု စသည်တို့ ပါဝင်သည်။ iOS တွင် ထုတ်ဝေခဲ့စဉ်က ကီးဘုတ်သည် အင်္ဂလိပ်ဘာသာစကားတစ်ခုအတွက်သာ ထောက်ပံ့ပေးထားသည်။ နောက်ပိုင်းလများ ရောက်ရှိလာသည့်အခါ တဖြည်းဖြည်း အခြားဘာသာစကားများကို ထည့်သွင်းပေးခဲ့သည်။ ထိုအချိန်တွင် အန်းဒရွိုက်အတွက် ထုတ်လုပ်ထားသည့် အပ်တွင် ဘာသာစကား တစ်ရာကို ထောက်ပံ့ထားပြီး ဖြစ်သည်။[၁]

၂၀၁၈ ခုနှစ်၊ ဩဂုတ်လတွင် Google Play Store မှ Gboard ကို ထည့်သွင်းမှုသည် ၁ ဘီလီယံကျော်ခဲ့သည်။ [၂][၃][၄][၅][၆]၎င်းကို Google Play Store က တိုင်းတာခဲ့ခြင်းဖြစ်ပြီး ဒေါင်းလုပ်ပြုလုပ်ကာ ကြိုတင်၍ သွင်းယူထားသည့် အသုံးပြုသူများလည်း ရှိနေသေးသည်။[၇]

လုပ်ဆောင်မှုများ ပြင်ဆင်ရန်

Gboard သည် Virtual ကီးဘုတ်အပ်တစ်ခု ဖြစ်သည်။ ဝဘ်ရှာဖွေမှုဖြစ်သည့် Google Search ပါဝင်သည်။ (၎င်းကို အန်းဒရိုက်ဗားရှင်းအတွက် ဖယ်ရှားခဲ့သည်။) ခန့်မှန်းအဖြေများ၊ အလွယ်တရူရှာဖွေနိုင်မှု၊ GIF များ မျှဝေခြင်း၊ emoji အကြောင်းအရာများနှင့် အကြောင်းအရာကို မူတည်၍ နောက်ထပ်ဖြစ်နိုင်သည့် စာကို ကြိတင်ခန့်မှန်းသည့်အင်ဂျင်များ စသည်တို့ကို ထောက်ပံ့ထားသည်။ ၂၀၁၆ ခုနှစ်၊ မေလတွင် iOS အတွက် Gboard သည် ထွက်ရှိခဲ့သည်။ ၎င်းသည် အင်္ဂလိပ်ဘာသာစကား တစ်ခုတည်းအတွက်သာ ထောက်ပံ့ထားသည်။ ထိုအချိန်က အန်းဒရွိုက်အတွက် ထွက်ရှိသည့် Gboard သည် ဘာသာစကား တစ်ရာကျော်ကို ထောက်ပံ့ပေးထားသည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ အချက်အလက်အရ Gboard သည် ဘာသာစကား ၉၁၆ မျိုးကို ထောက်ပံ့ပေးထားသည်။[၈] At its May 2016 launch on iOS, Gboard only supported the English language,[၈][၉]

Gboard သည် Floating ကီးဘုတ်တစ်ခုအဖြစ် လုပ်ဆောင်နိုင်ပြီး ၎င်းကိုယ်တိုင်တွင် ဂူဂဲဘာသာပြန်သည် ပါဝင်သည်။ ၂၀၁၆ ခုနှစ်၊ မေလတွင် အသစ်ထွက်ရှိသည့်အခါတွင် လက်တစ်ဖက်ဖြင့် စာရိုက်သည့်စနစ်ကိုပါ ထောက်ပံ့ပေးခဲ့သည်။ ဤလုပ်ဆောင်ချက်ကို ဂူဂဲကီးဘုတ်အဖြစ် တံဆိပ်ထုတ်သည့်အခါတွင် ထည့်သွင်းခဲ့သည်။[၁၀] [၁၁]

iOS အတွက် အပ်ဒိတ် (update) ကို ၂၀၁၆ ခုနှစ်၊ ဩဂုတ်လတွင် ထုတ်ဝေခဲ့ပြီး ၎င်းတွင် ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ပေါ်တူဂီ၊ စပိန်စသည့် ဘာသာစကားများ ပါဝင်လာခဲ့ကာ "smart GIF suggestions" လည်း ပါဝင်လာခဲ့သည်။ "smart GIF suggestions" သည် ရေးသားသည့်စာအပေါ်မူတည်၍ GIF များကို ခန့်မှန်းပြသပေးသည့် လုပ်ဆောင်ချက် ဖြစ်သည်။ ကီးဘုတ်တွင် dark theme ပြောင်းလဲမှုနှင့် ကီးဘုတ်၏ နောက်ခံအနေဖြင့် ကင်မရာမှ ကိုယ်ပိုင်ရုပ်ပုံများကို ထည့်သွင်းနိုင်အောင် လုပ်ဆောင်ပေးထားသည်။ ၂၀၁၈ ခုနှစ်၊ မတ်လတွင် ထုတ်ဝေခဲ့သည့် အပ်ဒိတ် (update) တွင် Croatian, Czech, Danish, Dutch, Finnish, Greek, Polish, Romanian, Balochi, Swedish, Catalan, Hungarian, Malay, Russian, Latin American Spanish, and Turkish စသည့်ဘာသာစကားများနှင့် အသံဖြင့် ခိုင်းစေနိုင်သည့် လုပ်ဆောင်ချက်များပါ ပါဝင်လာခဲ့သည်။ အသံဖြင့်စေခိုင်မည်ဆိုပါက အသုံးပြုသူသည် မိုက်ပုံစံခလုတ်ကို ဖိနှိပ်ထားကာ စကားပြောဆို စေခိုင်းရမည် ဖြစ်သည်။ Gboard သည် အိန္ဒိယဘာသာစကားများစွာကိုလည်း ထည့်သွင်းပေးခဲ့ပြီး စုစုပေါင်း အိန္ဒိယဘာသာစကား ၂၂ မျိုးကို ထောက်ပံ့ပေးထားသည်။ ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် အန်းဒရိုက်အပ်တွင် လက်ဖြင့်ရေးဆွဲထားသည်ကို emoji လုပ်ဆောင်ပေးခြင်းနှင့် စာသားတစ်ခုချင်းထက် စာပိုဒ်တစ်ခုကို ခန့်မှန်းပေးသည့် လုပ်ဆောင်ချက်များပါ ထည့်သွင်းလာခဲ့သည်။ ၎င်းလုပ်ဆောင်ချက်သည် iOS တွင်မူ နောက်ကျပြီးမှ ရရှိခဲ့သည်ဟု ယုံကြည်ရသည်။ ၂၀၁၉ ခုနှစ်တွင်၊ Offline voice recognition ကို ထည့်သွင်းခဲ့သည်။ [၁၂][၁၃][၁၄][၁၅][၁၆]

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် “Emoji Kitchen” ဟူသည့် လုပ်ဆောင်ချက်ကို ထည့်သွင်းပေးခဲ့သည်။ ၎င်းတွင် အသုံးပြုသူသည် မတူညီသည့် emoji များကို ပေါင်းစပ်ကာ စတစ်ကာတစ်အခုအဖြစ် မက်ဆေ့များတွင် ပို့နိုင်မည် ဖြစ်သည်။[၁၇]

ရရှိမှုများ ပြင်ဆင်ရန်

၂၀၁၆ ခုနှစ်တွင် The Wall Street Journal က Gboard ကို ချီးကျူးခဲ့ပြီး အထူးသဖြင့် ဂူဂဲရှာဖွေရေးလုပ်ဆောင်ချက်တစ်ပါတည်း ပါဝင်သည့်အတွက် ဖြစ်သည်။ သို့သော်လည်း ဤအပ်တွင် အခြားသောအပ်များနှင့် ပူးပေါင်းကာလုပ်ဆောင်မှုကို လက်ရှိအချိန်တွင် ထောက်ပံ့မှု မပေးသေးပေ။[၁၈]

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Google Search button disappears from Gboard on Android (in en-US)။ 9to5google (2020-04-29)။ 2020-08-29 တွင် ပြန်စစ်ပြီး။
  2. "Gboard passes one billion installs on the Play Store" (in en-US)၊ Android Police၊ 2018-08-22။ 
  3. Lee၊ Reena (December 16, 2016)။ Gboard, now available for AndroidThe Keyword Google Blog။ January 8, 2017 တွင် ပြန်စစ်ပြီး။
  4. Whitwam၊ Ryan (December 17, 2016)။ [Update: Official Google Keyboard is now Gboard with v6.0 update—includes integrated search, dedicated number row, multiple active languages, and more [APK Download]]။ January 8, 2017 တွင် ပြန်စစ်ပြီး။
  5. Robertson၊ Adi (December 12, 2016)။ Google's great iOS keyboard is now on AndroidVox Media။ January 8, 2017 တွင် ပြန်စစ်ပြီး။
  6. Vasile၊ Cosmin။ "Google's Gboard keyboard app exceeds 1 billion downloads in the Play Store"၊ Phone Arena 
  7. "Gboard passes one billion installs on the Play Store" (in en-US)၊ Android Police၊ 2018-08-22။ 
  8. ၈.၀ ၈.၁ Perez၊ Sarah (May 12, 2016)။ Google launches Gboard, an iOS keyboard that lets you search without a browserAOL။ January 8, 2017 တွင် ပြန်စစ်ပြီး။
  9. Set up Gboard - Android - Gboard Help။ 2019-10-08 တွင် ပြန်စစ်ပြီး။
  10. Karam၊ Susheel (December 1, 2018)။ How To Turn-On & Use Resizable And Floating Keyboard Feature In Gboard။ 9 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 15, 2020 တွင် ပြန်စစ်ပြီး။
  11. Klosowski၊ Thorin။ "Google Keyboard Now Has a One-Handed Mode" (in en-US)၊ Lifehacker 
  12. Patel၊ Rajan (August 4, 2016)။ Olá Gboard: new languages, personal keyboards and more။ February 23, 2017 တွင် ပြန်စစ်ပြီး။
  13. Ni၊ Alan (February 23, 2017)။ Gboard for iPhone gets an upgrade။ February 23, 2017 တွင် ပြန်စစ်ပြီး။
  14. Vincent၊ James (February 23, 2017)။ Google upgrades its iPhone keyboard with voice dictation and 15 new languagesVox Media။ February 23, 2017 တွင် ပြန်စစ်ပြီး။
  15. Martonik၊ Andrew (April 25, 2017)။ Google dramatically improves support for Indian languages across Translate, Gboard and more။ April 27, 2017 တွင် ပြန်စစ်ပြီး။
  16. Baxi၊ Abhishek (25 April 2017)။ Google improves support for Indian languages in Google Translate, Gboard, and more။ April 27, 2017 တွင် ပြန်စစ်ပြီး။
  17. Google's Gboard introduces Emoji Kitchen, a tool to mash up emojis to use as stickers (in en-US)။ 2020-02-13 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  18. Olivarez-Giles၊ Nathan (May 12, 2016)။ Review: Gboard Adds Google's Search Box to iPhone KeyboardsDow Jones & Company။ January 8, 2017 တွင် ပြန်စစ်ပြီး။