Harley Quinn

ဒီစီကော်မစ်မှ စိတ်ကူးယဉ်ဇာတ်ကောင်
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Harley Quinn ဟာလီ ကွင်း(န်) သည် DC Comics မှ ထုတ်ဝေသော အမေရိကန် စိတ်ကူးယဉ် ကာတွန်း ဇာတ်ကောင်တစ်ဦး ဖြစ်သည်။ ရူးကြောင်ကြောင် လူဆိုး စရိုက်နှင့် မိန်းမ တစ်ဦး ဖြစ်သည်။ Harley Quinn သည် လူဆိုး မဖြစ်မီက Dr. Harleen Frances Quinzel, M.D. အမည်ရှိ စိတ်ပညာဆရာဝန်မလေး တစ်ယောက်ဖြစ်သည်။ Arkham တွင် Joker ဆေးရုံတက်နေစဉ်၌ တွေ့ဆုံကြုံကြိုက်သွားပြီး Joker ၏ ဖြားယောင်းမှုကြောင့် စိတ်ပညာဆရာဝန် အဖြစ်မှ စိတ္တဇဆန်ဆန် လူဆိုး ဖြစ်လာခဲ့လေသည်။ Harley သည်လည်း Joker ၏ ချစ်သူအဖြစ်ဖြင့် နာမည်ကြီးကာ လူအများမှ ကြောက်ရွံ့ကြသည်။

Harley Quinn
ပထမဆုံး ပါဝင်ခြင်းလင်းနို့လူသားရဲ့ စွန်းစားခန်းများ အပိုင်း၁၂ (စက်တင်ဘာ၊ ၁၉၉၉)
ဖန်တီးသူPaul Dini Bruce Timm
သရုပ်ဆောင်သူMargot Robbie
အချက်အလက်များ
နိုင်ငံသားအမေရိကန်

လုပ်ဆောင်နိုင်စွမ်းရည်များ ပြင်ဆင်ရန်

Harley ဟာ အဆိပ်ပြီးသူ တစ်ယောက်ဖြစ်သည်။Harley အဆိပ်မိပြီး သေမလိုဖြစ်ရာတွင် Poison Ivy မှ သူမကိုကယ်တင်ခဲ့သောကြောင့် ဖြစ်သည်။ အဆိပ်လူးမြှားတွေ အဆိပ်ငွေ့တွေနဲ့ Harley ကို သွားတိုက်ခိုက်၍မရနိုင်ပါ။ ထို့အပြင် Harley သည် Olympic ကျွမ်းဘားကစားသမားတစ်ယောက်ထက်ပင် ကျွမ်းဘားတို့ အမြင့်ခုန်တို့ ကျွမ်းကျင်သည်။ အန္တရာယ်များလွန်းသော အမြင့်တွေအား Harley ကသည် အလွယ်တကူ ခုန်တက် ခုန်ချလို့ရသည်။ ထိုစွမ်းရည်များကြောင့် ရန်သူသည် သူမလက်က ပြေးထွက်ဖို့မလွယ်နိုင်ပါ။ သူမနှင့် စကားပြောဆိုခြင်းတွေ ဉာဏ်ပညာယှဉ်ခြင်း ပြုလုပ်လာသော ရန်သူများ (လင်းနို့လူသားအပါအဝင်) ဒုက္ခရောက်သွားကြသည်။ Aman Waller (Suicide Squad Team Leader) ကပင် တစ်ခါတစ်လေမှာ Harley ကို Genius ဟုတင်စားတတ်သည်။ လက်နက်ကြီး လက်နက်ငယ်တွေသာမက Batman ၏ လက်နက်တွေကိုပါ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်သူတစ်ယောက်ဖြစ်သည်။ အဆိပ်တွေကိုလဲ ကျွမ်းကျင်စွာ အသုံးပြုနိုင်သည်။ Harley ဟာ ရန်သူနဲ့ ရင်ဆိုင် တိုက်ခိုက်ဖို့အတွက်လဲ လုံလောက်တဲ့ ခွန်အားနဲ့ လျင်မြန်ဖျတ်လတ်မှူတွေ ပိုင်ဆိုင်ထားသော အမျိုးသမီး လူကြမ်းတစ်ဦးဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်