မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Islamization (အာရပ်: أسلمةaslamah) သို့မဟုတ် Islamicization[၁] သို့မဟုတ် Islamification ဆိုသည်မှာ ဆူဒန်နိုင်ငံပါကစ္စတန်နိုင်ငံအီရန်နိုင်ငံမလေးရှားနိုင်ငံနှင့် အယ်လ်ဂျီးရီးယားနိုင်ငံ တို့တွင် တွေ့ရှိခဲ့ရသော[၂] လူ့အဖွဲ့အစည်းတစ်ရပ်ရပ်အား အစ္စလာမ်ဘာသာအဖြစ် ကူးပြောင်းစေသော ဖြစ်စဉ်ကို ခေါ်သည်။ ထို့အပြင် ဒေသခံ လူမှုရေးနှင့် နိုင်ငံရေးနောက်ခံ မတူညီသော လူ့အဖွဲ့အစည်းတစ်ခုအပေါ်တွင် အစ္စလာမ်ဘာသာရေးအရ လူမှုရေးနှင့် နိုင်ငံရေး စနစ်ကို လိုက်နာစေရန် ပြုလုပ်ခြင်းကိုလည်း Islamization ဟု သုံးနှုန်းကြသည်။

အင်္ဂလိပ်ဝေါဟာရများဖြစ်သော muslimization နှင့် arabization တို့ကို ၁၉၄၀ မတိုင်မီက သုံးနှုန်းခဲ့ကြပြီး အလားတူအဓိပ္ပာယ်ပင် ဖြစ်သည်။ အသစ်ရရှိထားသော ဘာသာရေး အထောက်အထားကို ပိုမိုအားကောင်းခိုင်ခန့်စေရန် အလို့ငှာ မွတ်စလင်အမူအကျင့်များကို အစ္စလာမ်ဘာသာသို့ ကူးပြောင်းလာသူအသစ်များ ပြုမူကျင့်ကြံခြင်းကို Muslimization ဟု မကြာသေးမီက ဖော်ပြသုံးနှုန်းခဲ့ကြသည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. "Islamicization" . The Free Dictionary. 
  2. Kennedy၊ Charles (1996)။ "Introduction"။ Islamization of Laws and Economy, Case Studies on Pakistan။ Anis Ahmad, Author of introduction။ Institute of Policy Studies, The Islamic Foundation။ p. 19။
  3. Lindley-Highfield, M. (2008) '"Muslimization", Mission and Modernity in Morelos: the problem of a combined hotel and prayer hall for the Muslims of Mexico'. Tourism Culture & Communication, vol. 8, no. 2, 85–96.