Melodic Metalcore သည် metalcore ၏ မျိုးခွဲတစ်ခုဖြစ်ပြီး melodic death metal မှ စိတ်ကူးညဏ်သစ်ဖြစ်သည်။ guitar riff, blast beat တို့နှင့် ထူးခြားပြီး breakdowns ပုံစံမျိုးဖြစ် သည်။ vocal ကို ဟိန်းဟောက်သံများ၊ စူးရှသံများနှင့် ရှင်းလင်းသည့် သီဆိုပုံများဖြစ် စီစဉ်ထားသည်။

သမိုင်း ပြင်ဆင်ရန်

၂၀၀၀ အစောပိုင်းတွင် စတင်ခဲ့ပြီး ဇစ်မြစ်ကို melodic death metal sound များထဲတွင် လိုက် ရှာဖွေနိုင်သည်။ ၂၀၀၄ခုနှစ်တွင် Shadow Fall ၏ “The Within” album သည် Billboard album chart တွင် နံပါတ် ၂၀ နေရာသို့ ရောက်ရှိခဲ့သည်။ All that Remains ၏ single သီချင်း Two Weeks သည် United States မှ Mainstream Rock Track chart တွင် နံပါတ် ၉ နှင့် Modern Rock Tracks chart တွင် နံပါတ် ၃၈ နေရာသို့ ရောက်ရှိခဲ့သည်။ ၂၀၀၇ တွင် As I Lay Dying ၏ Nothing Left သီချင်းသည် Grammy award အတွက် “Best Metal Performance” အမျိုးအစားတွင် နာမည်သွင်း ခြင်းခံရသည်။ As I Laying Dying တီးဝိုင်း၏ “An Ocean Between Us” album စီးပွားရေးအရ အောင်မြင်ခဲ့ပြီး ထွက်ထွက်ချင်း Billboard 200 တွင် နံပါတ် ၈ နေရာသို့ ရောက်ရှိခဲ့သည်။ Wesh metalcore တီးဝိုင်း Bullet for My Valentine ၏ တတိယမြောက် album “Fever” သည် ထွက်ထွက်ချင်းတွင် နံပါတ် ၃ နေရာသို့ ရောက်ရှိခဲ့ပြီး ပထမအပတ်ထဲတွင် အချပ်ရေ ၇၁၀၀၀ ကျော် United States တွင် ရောင်းချနိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ် အတောအတွင်း UK တွင် ၂၁၀၀၀ ကျော် ရောင်း ချနိုင်ခဲ့သည်။

လက္ခဏာ သွင်ပြင်များ ပြင်ဆင်ရန်

Melodic Metalcore တီးဝိုင်းများသည် guitar riff များတွင် လွှမ်းမိုးခဲ့ပြီး ဆွီဒင် melodic death metal တီးဝိုင်းများ ရေးသားသည့် ပုံစံများကို ယူထားခဲ့သည်။ အထူးသဖြင့် At the Gates, Arch Enemy, In Flames နှင့် Soilwork တီးဝိုင်းတို့ဖြစ်သည်။ သူတို့သည် ပြင်းထန်သော melody ဖြစ်စေရန် ဂရုစိုက်သည်။ melodic metalcore အများစုသည် ဟိန်းဟောက်သံ၊ စူးရှသံများဖြင့် ရှင်း လင်းစွာသီဆိုကြသည်။ စည်းဝါးကျသည့် guitar riff များ၊ tremolo picking များ၊ double bass drum များနှင့် ထူးခြားပြီး breakdown ပုံစံမျိုးဖြစ်သည်။[၁][၂] တချို့တီးဝိုင်းများသည် guitar solo များဖြင့် ထူးခြားသည်။


ကိုးကား ပြင်ဆင်ရန်

  1. It's Through the ApproachEl Paisano (September 12, 2007)။ 14 January 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 24, 2008 တွင် ပြန်စစ်ပြီး။
  2. Suicide Notes and Butterfly Kisses reviewmp3.com။ 12 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 December 2015 တွင် ပြန်စစ်ပြီး။