မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Microsoft To Do (ယခင်က Microsoft To-Do ဟု အမည်ပေး) သည် Cloud ကို အခြေခံထားသည့် လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲသည့် အက်ပလီကေးရှင်းတစ်ခု ဖြစ်သည်။ ဤဆော့ဝဲတွင် အသုံးပြုသူသည် စမတ်ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာစသည်တို့ကို အသုံးပြုကာ လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲနိုင်သည်။ ဤနည်းပညာကို Wunderlist အဖွဲ့က ထုတ်လုပ်ထားပြီး မိုက်ခရိုဆော့သည် ဝယ်ယူခဲ့သည်။ ဤဆော့ဝဲသည် Outlook နှင့်လည်း တွဲဖက်ကာ အလုပ်လုပ်ဆောင်သည်။

To Do
ကွန်ပျူတာ
စက်လည်ပတ်ရေး စနစ်
Android
iOS
Windows 10
ဝဘ်ဘရောက်ဆာ
macOS
ဆော့ဖ်ဝဲလ် အမျိုးအစားProductivity
Task management
လိုင်စင်Freeware
ဝက်ဘ်ဆိုဒ်todo.microsoft.com

သမိုင်းကြောင်း ပြင်ဆင်ရန်

Microsoft To Do ကို ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် အခြေခံလုပ်ဆောင်ချက်များပါဝင်ထောက်ပံ့ပေးထားကာ ပထမဆုံးအဖြစ် ထုတ်ဝေခဲ့သည်။[၁] နောက်ပိုင်းတွင် ပိုမိုများပြားသည့် လုပ်ဆောင်ချက်များကို ထည့်သွင်းပေးခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် လုပ်ငန်းဆောင်စာရင်းများကို မျှဝေနိုင်သည့် လုပ်ဆောင်ချက်ကို ထည့်သွင်းပေးခဲ့သည်။[၂]

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ထွက်ရှိခဲ့သည့် အဓိကအဆင့်မြှင့်တင်မှုတွင် အပ်သည် Wunderlist ၏ User Interface ကို လိုက်လျောညီထွေပြောင်းလဲထားသည်။ အမည်ကိုလည်း To-Do မှ hyphen ကိုဖြတ်ကာ To Do ဟု အနည်းငယ်ပြောင်းလဲခဲ့သည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. Your Preview of Microsoft To-Do။ 11 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 June 2021 တွင် ပြန်စစ်ပြီး။
  2. New in Microsoft To-Do: List Sharing and Steps။ 1 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 June 2021 တွင် ပြန်စစ်ပြီး။
  3. Foley၊ Mary Jo။ Microsoft redesigns To Do to make it look more like its Wunderlist predecessor (in en)။ 2019-09-09 တွင် ပြန်စစ်ပြီး။