Noise Pop သည် alternative rock ၏ မျိုးခွဲတစ်မျိုးဖြစ်ပြီး ၁၉၈၀ အလယ်တွင် ယူနိုက်တက်ကင်းဒမ်း နှင့် အမေရိကန် ပြည်ထောင်စုတွင် စတင်ဖွံဖြိုးလာခဲ့သည်။ မညီညာသော ဆူညံသံများ(သို့) Feedback ဖြင့် ရောနှောထားသည်။ melodic instrumentation နှင့် pop ဂီတတွင် တွေ့ရသော အစိတ်အပိုင်းများဖြင့် ထုတ်လုပ်ကြသည်။ noise rock ထက် melodic ဆန်သည်။

Noise pop သည် pop သီချင်းရေးပုံနှင့် distorted guitar နှင့် drone များနှင့် ပေါင်းစပ်ထားသည်။ The Velvet Underground သည် ဤအမျိုးအစားဖြင့် လွှမ်းမိုးခဲ့သည်။ သူတို့၏ အစောပိုင်း အယ်လ်ဘမ်များတွင် feedback နှင့် distortion များဖြင့် စမ်းသပ်ထားသည်။ အစောပိုင်း အမေရိကန် alternative rock တီးဝိုင်းများဖြစ်သော Sonic Youth, Yo La Tengo နှင့် Dinosaur Jr တို့သည် rock သီချင်းတည်ဆောက်ပုံကို guitar distortion နှင့် ရောနှောထားပြီးချက်ချင်းဆိုသလို ရှေ့ပြေးဖြစ်လာခဲ့သည်။ The Jesus and Mary Chain ၏ ၁၉၈၅ အယ်လ်ဘမ် Psychocandy သည် noise pop အမျိုးအစားဟု ယူဆခဲ့သည်။ Kareem Estefan ၏ Stylus Magazine ကိုးကားထားသည့် အယ်လ်ဘမ်သည် indie rock ထဲမှ distortion ကိုသုံးခြင်းဖြင့် ပြောင်းလဲထားပြီး ၈၀ ခုနှစ်များ၏ နားဝင်ချို၍ မှတ်မိလွယ်သော တေးသွားများဖြင့် ထူးခြားစေရန် စီမံထားသည်။

၈၀ နောက်ပိုင်းတွင် noise popသည် British Shoegazing ရွေ့လျားမှုအတွက် အဓိကတက်ကြွစေခဲ့သည်။ The Jesus နှင့် Mary Chain လွှမ်းမိုးခြင်းဖြင့် gothic rock တီးဝိုင်း My Bloody, Valentine သူတို့၏ Ep( Extended-play Vinyl record) The New Record by My Bloody valentine တွင် ၁၉၆၀ pop 100 နှင့် noise တို့ကို ရောနှော၍ စမ်းသပ်ခဲ့သည်။ အရန်ရင့်ဖြစ်စေသော shoegazing sound အတွက် လမ်းခင်းစေခဲ့သည်။ noise pop သည် radio မှ indie rock ဖြစ်ရပ် ဆက်လက်လွှမ်းမိုးခဲ့သည်။